Saturday, January 30, 2010

အိမ်ရှင်မနှင့်သားသမီး

အိမ်ရှင်မဖြစ်သူသည် မိမိ၏ ၀မ်းဖြင့် ကိုးလဆယ်လလွယ်ယူ၍မွေးဖွားလာသော ကလေးများအား
ကျန်းမာကြံ့ခိုင်ဖွင့်ဖြိုးရေး အတွက် ပြုစုစောင့်ရှောက်ရမည်မှာ အိမ်ရှင်မဖြစ်သူ မိခင်တိုင်းတွင်
တာဝန်ရှိသည်။

သို့ မှ မိမိတို့ ၏ အမွေကိုဆက်ခံမည့် သား ကောင်းသမီးကောင်းဖြစ်လာနိုင်ပေမည်။

ကလေးငယ်များသည်  မွေးစကာလ ကျန်းမာကြသည်က များသည် ပိုမိုစိတ်ချနိုင်ရေး အတွက်
ရောဂါရှိမရှိကိုသေချာစွာစစ်ဆေးကြည့်ရှုဖို့ လို ၏။

ကလေးတို့ အား ရက်သားမှ လသား အထိ မိခင်၏နို့ ရည်ကို အချိန်မှန်မှန် တိုက်ကျွေးသင့်ပေသည်။
အချို့ ကလေးများသည် အစာကြေ ညက်မှုမြန်သဖြင့် ဆာလောင်မှုရှိတတ်သည်။ ထိုအခါ မိခင်သည်
မိမိ၏ နို့ ရည်အား ကလေးများဆာတတ်သောအချိန်ကိုမှတ်၍ မကြာခဏ တိုက်ကျွေးသင့်ပေသည်။



မိခင်၏ နို့ ရည်သည် ခန္ဓာကိုယ်သုံးဆယ်နှစ်ကောဌာန အစုအဝေးတွင် နို့ ရည် ဟူ၍ တသီးတခြား
မပါရှိပါ။ မိခင်၏ ချစ်မြတ်နိုးသော မေတ္တာအရှိန်အဟုန်ဖြင့် သွေးဓါတ်မှ ယိုဆင်းလျက်ဖြူဝင်း
အေးကြည်သော နို့ ရည်ဖြစ်ပေါ်လာခြင်းရှိ၏။

ထိုနို့ ရည်သည် မိခင်၏ သား မြတ်နှစ်ခု အလယ် ရပ်ချိုင့်အတွင်း၌ တည်ရှိသော နှလုံးသွေးတို့ မှ
ယိုဆင်း၍ နို့ အုံရှိရာသို့ ရောက်ရှိလာပြီး ရင်သွေးရတနာကို ချစ်ခြင်းမေတ္တာ ကြောင့်ဖြူသော အဆင်း
သို့ ပြောင်းလဲကာ နို့ ရည်ဖြစ်ပေါ်လာသည်။

အိမ်ရှင်မဖြစ်သူ မိခင်သည် မိမိ၏နို့ ရည်ဖြင့် သား သမီးတို့ အား တိုက်ကျွေးပြုစုရာ၌ ကလေးများ
ရောဂါမရရှိရေး၊ အန္တရယ် ကင်းရေးအတွက် ချိုစိမ့်ကြည်အေးသော နို့ ရည်ဖြစ်စေရန် သင့်တော်
လျော်ကန်မည့်အစား အသောက်တို့ ကို  စားသောက်ကြရမည်။

နို့ တိုက် မိခင်များသည် အစား အစာကို ရှောင်ကြဉ်မှုမရှိခြင်း၊ ၀မ်းနုတ်ဆေးပြင်းပြင်းများ ကို
စားခြင်းတို့ ရှိပါက နို့ ရည်ထဲသို့ အခိုးအငွေ့ များပါသွား၍ ကလေး၏၀မ်းသို့ ရောက်ကာ ဥပဒ်
အန္တရယ်များ ရရှိစေတတ်သည်။

ထို့ ကြောင့် အိမ်ရှင်မဖြစ်သူမိခင်တို့ သည် ကလေး အား ဒုက္ခပေးစေနိုင်သော အစားအသောက်
တို့ ကိုရှောင်ကြဉ်ရပေမည်။

မိခင်ဖြစ်သူသည် ထိတ်လန့် တုန်လှုပ်ချောက်ချားစေသောနေရာဌာန နှင့် ကြမ်းတမ်းစွာလုပ်ကိုင်ရသော
အလုပ်တို့ ကိုလုပ်ခြင်းကြောင့်လည်းစိတ်ကိုထိခိုက်ပြီး မိခင်၏နို့ ရည် ရပ်တန့် သွားစေနိုင်သည့်အတွက်
ရှောင်ကြဉ်ရပေမည်။

ကလေးများကို နို့ တိုက်တိုင်း ကောင်းတာမျိုးမဟုတ်ပေ။ တန်ဆေးလွန်ဘေး စကားရှိသည့် အတိုင်း
ကလေး၏ ကြီးထွား ဖွံ့ ဖြိုးမှုအရ အခါလည် တစ်နှစ်သား ခန့် တွင်နို့ ဖြတ်သင့်၏။

ကလေးတို့ သည် မွေးစတည်းက သိမှုဆိုသောစိတ် ကလေးများပါလာခဲ့ ကြသည်။ နာကျင်ခြင်း၊ဆာ
လောင်ခြင်း၊သက်တောင့်သက်သာ မအိပ်ရခြင်းများရှိသည့်အခါများတွင် အသံပြု၍ ငိုတတ်ကြသည်။

မိခင်ဖြစ်သူသည် ကလေး ငိုသည့်အခါ ဘာကို အလိုမကျဖြစ်သည်ကိုသိရှိဖို့ လိုသည်။ကလေးသည်
မည်သည့်အခါမှ အကြောင်းမဲ့ မငိုတတ်ပါ။

ကလေးကိုကောက်ယူပွေ့ ချီ၍ မြူပါ၊ သီချင်းဆို၍ ချော့သင့်က ချော့ပေးပါ ဆက်၍ ငိုလျှင်နို့ ချိုတိုက်
ကျွေးပါ၊ ကလေး အိပ်ရာ နေရာတို့ တွင်လည်းသန့် ရှင်းမှုရှိမရှိကြည့်ပေးပါ စသည်ဖြင့်ကလေး၏
အလိုလိုက်၍ပြုလုပ်ပေးရမည်။

လူ့ လောကကြီးသည် အခြေအနေ အချိန် အခါနှင့် အမျှ ပြောင်းလဲလာသည် ရှိသကဲ့သို့ ကလေး  တို့ 
သည်သဘာဝတရား အရ ကြီးလာသည့်အခါ အလိုဆန္ဒများလည်း ပြောင်းလဲလာကြသည်။

ကလေးများကို စိတ်ပျော် ရွှင်မှုရှိစေရန် အိမ်ရှင်မဖြစ်သူ မိခင်တို့ ကိုယ်တိုင်ကလည်း စိတ်ပျော်ရွှင်မှုရှိ
ဖို့  အထူးလိုအပ်ပေသည်။ အိမ်သူအိမ်သား မိသားစုများ ပျော်ရွှင်လျှင် ကလေးသည် ပို၍ ပျော်ရွှင်
ပြီးထာဝရ ကျန်းမာကြံ့ခိုင်မှု ကိုရရှိစေပါသည်။

အချို့ မိခင်တို့ သည်  ဆူဆူပူပူညည်းညည်းညူးညူးရှိတတ်ကြသည့်အတွက် ကလေး တို့ သည်လည်း
ပျော်ရွှင် မှုမရရှိဖြစ်တတ်ကြသည်။ မိခင်ဖြစ်သူ စိတ်မကြည်မလင်ခဲ့သော် ကလေးများသည်လည်း
သွေးကပြောသည့်အတိုင်း မိခင်ကဲ့သို့ ဖြစ်လာတတ်ပါသည်။ ထို့ ကြောင့် ကလေးများ ပြုစုစောင့်
ရှောက်ရာတွင် မိခင်ရော ကလေးပါ ပျော်ရွှင်မှုရှိပါစေ။

လူကြီးသည် ကလေးသဘောကျအောင် ပြုလုပ်ပြသကဲ့သို့ ကလေးသည် လည်း လူကြီးများ
သဘောကျအောင်လုပ်လိုကြသည်။ ထိုသို့ လုပ်ရခြင်းကို ကလေးအနေနှင့်ပျော်ရွှင်မှုရရှိ၏

No comments: