Friday, June 5, 2009

မန်နေဂျာကောင်းအတွက်အချက်အလက်

ကိုယ့် company နဲ့ ဆက်ဆံအားပေးနေသူတွေကို ရေရှည်ထိန်းထားနိုင်ဖို့  အောက်ပါစကားလေးခွန်းကို ပြောတတ် အောင်လေ့ကျင့်ထား ပါ။

၁။ ဒီပြသနာအတွက်တကယ်စိတ်မကောင်းပါဘူး။

ဝယ်ယူအားပေးသူတစ်ယောက်က ပြသနာပေါ်လို့ ဆက်သွယ်လာတိုင်းမှာ ဒီပြသနာကိုဖြေရှင်း ပေးဖို့ လိုအပ်သလို၊ ဒီလိုဆက်သွယ်အကြောင်းကြားတာဟာ မှန်ကန်ကြောင်း သူယုံကြည်စေဖို့  ဆက်လက်ဆောင်ရွက်ပြရမှာဖြစ်တယ်။ လူအများစုဟာ ဆင်ခြေပေးတာကို မကြိုက်ကြ ပါ ဘူး။ ဒါကြောင့်သူတို့ စိတ်သက်သာရာရ အောင် ဆောင်ရွက်ပေးပါ။
ဒီပြသနာအတွက် တကယ်စိတ်မကောင်းကြောင်းပြောပါ ။ ဒါ ဆိုရင် ကျေနပ် လောက်တဲ့ အကျိုးထူးတွေ ရလာမှာပါ ။


၂။ ကျွန်တော်တို့  ဆောင်ရွက်ပေးနိုင်တာများရှိပါသလား။

တစ်ခါတစ်ရံတော့ ဒီမေးခွန်းက မေးရခက်ပါတယ်။ အထူးသဖြင့် ပေါင်းသင်းရခက်တဲ့  ၀ယ်ယူအားပေးသူတွေနဲ့ 
တွေ့  ရရင် ပိုဆိုး တယ်။ ၉၉ ရာခိုင်နှုန်းက မရှိ ပါ ဘူး လို့ ပြောနိုင် ပေမယ့် ဒီလို အမေးခံရတာကို တော့ နှစ်သက်ကြပါ တယ် ။


၃ ။ " ၀မ်းမြောက် ၀မ်းသာပါပဲ "

ကိုယ်ပေးနိုင်တဲ့  အကူအညီမျိုးလာတောင်းတဲ့ အခါ သာမန် ဟုတ်ကဲ့  လို့ ပြော လိုက် တာထက် လိုလိုလားလား
တက်တက်ကြွကြွ ဖြေတာကိုပိုကြိုက်ကြတယ် ။ကိုယ့်အတွက်ဘာမှ အပန်းမကြီး ဘဲ တစ်ဘက်သားက ကိုယ့် ကို အကောင်းမြင်
စိတ်နဲ့ သတိ ပြုမိသွားမယ် ။


၎ ။ ကျေးဇူးတင်ပါတယ် ။

ဒီစကားက ၀န်ဆောင်မှုပေးရတဲ့  လုပ်ငန်းတွေမှာ အများဆုံး ပြော နေကျ စကားတစ်ခွန်းဖြစ် တာကြောင့်
မပြောဘဲမနေ မိပါစေနဲ့ ။ မပြောမိရင် ၀ယ်ယူအားပေးသူ ရဲ့ စိတ်ထဲမှာ မကျေမလည် ဖြစ်သွား လိမ့် မယ် ။ ၀ယ်ယူအားပေး မယ့် သူတွေ မရှိ ရင် သင့် company ရော သင့်အလုပ် ပါမတည် မြဲနိုင်ပါ ဘူး ။