Monday, January 18, 2010

ကိုယ်ဝင်ဆောင် မိန်းမတို့ ရှောင်ကြဉ်ရန်


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments

၁။မင်္ဂလာဆောင်တွင် ကူညီဆောင်ရွက်ခြင်းမပြုရ။

လက်မဖွဲ့ ကောင်း၊ရှောင်ကြဉ်ရမည်။

၂။ပဉ္စ္စင်းခံတို့ တွင် ကူညီဆောင်ရွက်ခြင်းမပြုရ၊ရှောင်ကြဉ်ရမည်။

၃။ဘုရားတည်ရာတွင် မဆောင်ရွက်ကောင်းရှောင်ကြဉ်ရမည်။


၎။ကျောင်းဆောက်ရာတွင် ကူညီဆောင်ရွက်ခြင်းမပြုရ၊ရှောင်ကြဉ်ရမည်

၅။အိမ်၊ကျောင်းဆောက်ရန်သစ်တို့ ကိုကျော်ခြင်း၊နင်းခြင်းမပြုရ၊ရှောင်ကြဉ်ရမည်။

၆။အခြားက ကိုယ်ဝန်ဆောင် မိန်းမတို့ အား လည်းအိမ်ပေါ်တွင်ခေါ်တင်မထားကောင်း၊ရှောင်ကြဉ်ရမည်။

၇။အသုဘတွင်လည်း ကူညီဆောင်ရွက်ခြင်းမပြုကောင်း ရှောင်ကြဉ်ရမည်။

၈။ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လှေါ်၊လှည်းကျွဲ၊နွား၊ဆင်၊မြင်းတို့ ကိုမ၀ယ်ယူကောင်း။

ကိုယ်ဝင်ဆောင်အိမ်ရှင်မတို့ သည် မိခင်လောင်းများဖြစ်ကြသည်။ မိခင်ကောင်းများဖြစ်ရေးအတွက်
အပြောအဆို၊အနေအထိုင်၊အသွားအလာတို့ ကိုဆင်ခြင်မှုရှိမှ မိမိတို့ လွယ်ယူထားသည့်ပဋိသန္ဓေ
မျိုးရိုးဗီဇသည် ကောင်းပြီးသားကောင်းသမီးကောင်းရတနာများမွေးဖွားရရှိနိုင်မည်ဖြစ်၏။

အိမ်ထောင်ရှင်မိခင်လောင်းတို့ သည် ကိုယ်ဝန်ရှိလာတတ်သည့်အခါ ချင်ခြင်းအာသာများဖြစ်ပေါ်တတ်ကြသည်။
အချိုကိုစားလိုခြင်း၊အချဉ်ကိုစားလိုခြင်း၊အပူအစပ်ကိုစားလိုခြင်း၊အဖန်အခါးကိုစားလိုခြင်း စသည်ကိုတောင့်
တလာတတ်ကြသည်။

ထိုသို့ ဖြစ်လာသည့်အခါတွင် တန်ဖိုးကြီးသော ကောင်းမွန်သောအစားအစာကိုစားလိုကြသည်။
အချို့ သောအိမ်ရှင်မတို့ သည် ဆေးလိပ်ပြာများ၊မြေမှုန့် များ၊သားစိမ်းငါးစိမ်းများ စားလိုကြသည်။

ဤကဲ့သို့ ဖြစ်ပေါ်လာရခြင်းသည်မိခင်လောင်းတို့ ၏၀မ်းကြာတိုက်ထဲမှ သန္ဓေသားတို့ ၏ ဘုန်းကံအနိမ့်အမြင့်
ကိုလိုက်၍ဘုန်းကံကြီးလျှင်ကြီးသည့်အလျောက်၊ဘုန်းကံနိမ့်လျှင်နိမ့်သည့်အလျောက် ဖြစ်ပေါ်
လာခြင်းဖြစ်သည်။

သန္ဓေသားလေးတို့ ဘုန်းကံမြင့်စေရန်အတွက် ကောင်းမွန်သော ချင်ခြင်းအာသာကိုပြုလုပ်၍ စားသောက်
ရပေမည်မရရှိပါက ယတြာသဘောဖြင့် ပြုလုပ်စားသောက်ရမည်။

ချင်ခြင်းအလိုဆန္ဒမပြည့်ဝပါက သားသမီးများဖွားမြင်လာသည့် အခါ ဆွံအခြင်း၊နားမကြားခြင်း၊
ကျိုးခြင်း၊ကန်းခြင်း၊ကွခြင်း အင်္ဂါမစုံခြင်းစသည့် အပြစ်အနာအဆာများပါလာတတ်သည်ဟုဆိုကြသည်။

No comments: