Sunday, December 28, 2008

မအိပ်ဘူး


Friends18.com Orkut MySpace Hi5 Scrap Images


ညားခါစ စုံတွဲတစ်တွဲသည် ပင်လယ်ကမ်းခြေ

မြို့ တစ်မြို့ ၏ဟော်တယ် သို့ ရောက်လာပြီး

အပျံစား နှစ်ယောက်ခန်းတစ်ခန်းကိုငှားသည်။

မန်နေဂျာက အခန်းသော့ကို ကမ်းပေးရင်းပြောသည်။

“ပျော်ရွှင်ရတဲ့  ပျားရည်ဆမ်းလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်၊

မိတ်ဆွေတို့ ကို သူခိုးတွေ ဒုက္ခမပေးဘူးလို့ မျှော်လင့်ပါတယ
်”

အမျိုးသမီးက စိတ်အား တက်ကြွစွာ ပြန်ပြောသည်။

“မစိုးရိမ်ပါနဲ့ ရှင်၊ ကျွန်မတို့ အိပ်ချိန်ရမယ် မထင်ပါဘူး”

အတွေ့ အကြုံ ရှိပါရဲ့ 


Friends18.com Orkut MySpace Hi5 Scrap Images


အမျိုးသမီးငယ်တစ်ယောက် မီးယပ်နှင့် သားဖွား အထူးကု

လူငယ် ဆရာဝန်ထံ ရောက်လာသည်၊ ဆရာဝန်က

အ၀တ်အစားချွတ်ရန် ပြောရာ

အမျိုးသမီး၏ မျက်နှာတွင် ရှက်သွေးဖြာသွားသည်။


“ဘာလဲ၊ ဘယ်သူ့ ရှေ့ မှာမှ အ၀တ်အစား

မချွတ်ဖူးဘူးလား”


“ချွတ်ဖူးပါတယ်၊ ဒါပေမယ့် ဆရာဝန် ရှေ့ မှာ

တစ်ခါမှ မချွတ် ဖူးဘူး”

ကြောက်စရာကောင်းတဲ့ ဒေါ်လေး


Friends18.com Orkut MySpace Hi5 Scrap Images

အိမ်နီးချင်း အမျိုးသမီး ထပြန်မည်လုပ်သောအခါ

ဒေါ် မြမြ က ငါးနှစ်အရွယ်သားငယ်ကို ပြောသည်။

“သား အန်တီ့ ကို နှုတ်ဆက်အနမ်းကလေး ပေး

လိုက်ပါအုံးကွယ့်”

“ဟင့်အင်း မပေးချင်ဘူး၊ မနေ့ က ဖေဖေ သူ့ ကို နမ်းတော့

ဒီအန်တီက ဖေဖေ့ကို ပါးချတယ်ခင်ဗျ”

စကားပြောမိခြင်း


Friends18.com Orkut MySpace Hi5 Scrap Images

“ဒီမှာခင်ဗျာ၊ ကျွန်တော်နဲ့ ရုပ်ရှင်လိုက်ကြည့်ပါလားဟင်”

“မကြည့်ချင်ပါဘူးရှင်”

“တွေ့ တဲ့မိန်းခလေးတိုင်း ကို ရုပ်ရှင်ကြည့်ဖို့ 

ခေါ်တတ်တဲ့ ယောင်္ကျားလို့  မထင်ပါနဲ့ ဗျာ”

ကိစ္စမရှိပါဘူး၊ ကျွန်မ ကလည်း ယောင်္ကျားတိုင်းကို

ငြင်းတာ မဟုတ်ပါဘူး”

အိမ်မက်ဆိုး


Friends18.com Orkut MySpace Hi5 Scrap Images


“ဒေါက်တာ၊ ကျွန်တော် ညတိုင်း အိမ်မက်ဆိုးချည်း

မက်နေတယ်၊ ရှိသမျှ အားနဲ့  တံခါးကို ကျွန်တော်

တွန်းဖွင့်တယ်၊ ဒါပေမယ့် တံခါးက မပွင့်ဘူး”

“တံခါးမှာ တစ်ခုခုများ ရေးထားသလား”

“ရေးထားတယ်၊
“ဆွဲပါ” တဲ့”

Friday, December 26, 2008

အချစ်


Friends18.com Orkut MySpace Hi5 Scrap Images


အချစ်ဆိုတာ ဘာလဲ

အသည်းထဲမှာ သွားကိုက်တာပါ

ပိုကောင်းတယ်


Friends18.com Orkut MySpace Hi5 Scrap Images


“ဆင်းရဲတဲ့မိန်းခလေးကို ပျော်ရွှင်အောင်လုပ်နိုင်သလား”

“လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းခလေးကို

စိတ်ဆင်းရဲ အောင်လုပ်တာက ပိုကောင်းတယ်”

မေတ္တာစစ်


Friends18.com Orkut MySpace Hi5 Scrap Images


“မေတ္တာစစ် မေတ္တာမှန်ဆိုတာ ဘာနဲ့ တူလဲ”

တစ္ဆေခြောက်တာနဲ့ တူတယ်၊ အားလုံး က ဒီအကြောင်းကို

ပြောကြတယ်၊ ဒါပေမယ့် ဘယ်သူမှ မမြင်ဖူးဘူး”

သတိမေ့ခြင်း


Friends18.com Orkut MySpace Hi5 Scrap Images


“အလွန်အကျွံ သတိမေ့ ခြင်းဆိုတာ ဘာလဲ”

“နယ်က ပြန် လာတဲ့  ယောင်္ကျားက ရွှေဆွဲကြိုးကို

မယားကြီး ကိုပေးပြီး ညစ်ပေနေတဲ့ အ၀တ်အစားကို

လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

ယောင်္ကျား


Friends18.com Orkut MySpace Hi5 Scrap Images


“အိမ်မှာ ယောင်္ကျားဆိုတာ ဘာအတွက် ထားကြသလဲ”

“ပရိဘောဂ ရွှေ့ ဖို့ ”

လေးကြိမ်


Friends18.com Orkut MySpace Hi5 Scrap Images


“ရုပ်ချော၊ ဥာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း

ချမ်းသာတဲ့ယောင်္ကျားကို ယူချင်ရင်ဖြစ်မလား”

“ဖြစ်ပါတယ်၊ ဒါပေမယ့် လင် လေးခါ ယူရမယ်”

လူပျိုကြီး


Friends18.com Orkut MySpace Hi5 Scrap Images


“လူပျို ကြီး ဆိုတာ ဘာလဲ”

“အိပ်နေတုန်း

လွတ်လွတ် လပ်လပ် စကားပြောနိုင်တဲ့ သူ”

ခြားနားချက်


Friends18.com Orkut MySpace Hi5 Scrap Images


“လူပျိုနဲ့  လူအို ဘာကွာလဲ”

“လူပျိုက အိမ် အလုပ်ကို သူ့ ဟာသူလုပ်တယ်၊

လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

မိန်းမ


Friends18.com Orkut MySpace Hi5 Scrap Images


“မိန်းမဆိုတာဘာလဲ ”

“မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေ

ကိုချစ်သူ ရီးစားတွေကခူးသွားကြတယ်၊

သူ ယူတဲ့ယောင်္ကျားအတွက် ဆူးပဲ ကျန်တယ်။”

Thursday, December 25, 2008

ကြောက်စရာပိုကောင်းသူ


Friends18.com Orkut MySpace Hi5 Scrap Images



မိန်းမဟာ ဓါးပြထက် ပိုကြောက်စရာကောင်းတယ်လို့ 

ပြောကြတယ်၊ ဘာကြောင့်လဲ”

ဓါးပြကပိုက်ဆံအိတ်ကိုပေးမလား၊

ဒါမှ မဟုတ် ဘ၀ကို အဆုံးခံမလားလို့  မေးတယ်၊

မိန်းမကတော့ နှစ်ခုစလုံးကို တောင်းဆိုတယ်လေ”

မယားငယ်


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Cool Glitters

“မယားငယ်ဆိုတာ ဘာလဲ”

“အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ 

အဖိုးတန် ပရိဘောဂ”

ကွာရှင်းခြင်း


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Cool Glitters

“ကိုဘမောင်တို့  လင်မယား ကွာရှင်းကြတော့မယ်ဆိုပဲ”

“ဟုတ်လား၊ ဘယ်သူ အပြစ်ရှိလဲ”

ကိုဘမောင်ပေါ့၊ ပုံမှန် အချိန်ထက်

၂ နာရီစောပြီး သူ့ အိမ်ကို

ပြန်ရောက်လာတာကို။”

အကြောက်တရား


Friends18.com Orkut MySpace Hi5 Scrap Images


“အခုခေတ် လူငယ်တွေ ဟာ မိန်းမယူရမှာကို ပိုပိုပြီး ကြောက်လာကြတယ်”

“အဲဒါ မှန်တာပေါ့၊ ကျွန်တော်ဆိုရင်မိန်းမ

မယူခင်တုန်းက

အကြောက်တရားဆိုတာ ဘာမှန်း မသိခဲ့ ဘူး”

ကယ်တင်ရှင်


Friends18.com Orkut MySpace Hi5 Scrap Images


မိန်းမက ယောင်္ကျားကိုသတိပေးသည်။

“ကိုဘမောင် ဒီနေ့  ကိုရွှေဂဲရဲ့ သား လာပြီး ရှင့်သမီးကို

လက်ထပ်ပါရစေလို့ ခွင့် တောင်း ရင် ရှင်အနေနဲ့  “အေး” လို့ တစ်လုံးပဲပြောပါ။

အောင်မယ်လေး ကယ်တင်ရှင်ကြီးရယ်” ဆိုပြီး ကောင်လေး ကို နေရာကထပြီး လက်ဆွဲ မနှုတ်ဆက်နဲ့ နော်။