Saturday, May 28, 2011

Absolutely amazing! So Grate

Beauty of Mathematics !!!!!!!
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321
1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111
9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888
Brilliant, isn't it?
And look at this symmetry:
1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321

အော်ရွှေနိုင်ငံသို့ ဆိုပါလား အလွမ်းပြေပေါ့

တစ်ကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့
အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဘူးပါတယ်၊ 1959 ခုနှစ်လောက်က
ဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့
နာမည်ကျော်ခဲ့ပါတယ်. အဆောက်အဦးတစ်ခုလုံး လေးအေးစက်တွေနဲ့ ပန်းချီဆရာကြီး
ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ ပြောမဆုံးအောင်

Tuesday, May 24, 2011

ဘု၇ားသခင် Blogspot.com


ဗုဒ္ဓ၏ တရားတော်များအား ဌာပနာထားသော ရင်ဘတ်တို့  ကျည်အဖောက်ခံလိုက်ရသော နယ်မြေ …
မေတ္တာ သုတ်များ ရွတ်ဆိုခြင်းသည် တကယ့် မကောင်းဆိုးဝါး များနှင့် တွေ့ ပါက
အစွမ်းမထက်တော့ကြောင်း သက်သေပြခဲ့သော နယ်မြေ…
ပရဟိတ လုပ်ငန်းအချို့ ၊ ဘာသာရေးလုပ်ငန်းအချို့  မြေအောက် လုပ်ငန်း သဖွယ် ဖြစ်နေရသော
နယ်မြေ…
သောက်စရာ မိုးခါးရေများပင် မလောက်မင ဖြစ်လာရသော နယ်မြေ…
နိုင်ငံတကာမှ ကျောင်းသားများ Laptop ကိုယ်စီဖြင့် အလုပ်ရှုပ် နေချိန်တွင် ဤဒေသမှ
ကျောင်းသားများ ဖတ်စာအုပ်တစ်အုပ် ရရန်အတွက် မဲနှိုက်နေရသော နယ်မြေ…
သချာင်္သင်ခွင့်မရခဲ့သော ကလေးငယ်တို့ လ္ဘက်ရည်ဆိုင်တွင် ဂဏန်းတွက်နေရသော နယ်မြေ…
အရာရာ အားလုံးတို့ ဆိတ်သုဉ်း၍…ဘုရားသခင်တောင်မှ ဝင်ခွင့် မရခဲ့သော နယ်မြေ…
**********
လူတွေ သိန်းနဲ့ ချီပြီး သေကုန်ကြပြီ။ အစုလိုက်အပြုံလိုက် ငတ်ကုန်ကြပြီ။ ဒါ ဘုရားသခင်
အလိုတော်တဲ့လား။ ဘိန်းစိုက်သူတွေ၊ ဒုစရိုက်သမားတွေ ကျတော့ ကြီးပွါး ချမ်းသာတယ်။
စပါးစိုက်သူတွေကို ကျတော့ မုန်တိုင်းလွှတ်ပြီး သတ်ပစ်လိုက်တယ်။ ဒါ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း
ရိတ်သိမ်း ရတာလား။ အိုင်းစတိုင်းရေ….ခင်ဗျားတော့ မှားသွားပြီ။ ဘုရားသခင်တော့
မြန်မာပြည်ကိုလာပြီး ကြွေအံ ကစားနေပြီ။ တွေးရင်းတွေးရင်းနဲ့ ဘဝင်မကျ ဖြစ်လာတယ်။
ဘုရားသခင်ကို မေးကြည့်ချင်စိတ်တွေ ပေါ်လာတယ်။
**********

Monday, May 23, 2011

ဦးသန်းရွှေကိုထောက်ခံခြင်း

ဥိးသန်းရွှေကို ထောက်ခံခြင်း
မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။ ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချစ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်-
စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။ လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။ စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားထားသည်။ စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည်။ ကာကွယ်ရေး ။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေးတည်ငြိမ်မှုကို ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေကြလျက်ရှိသည်။

အောင်ဆန်းပေးတဲ့  မြန်မာပြည်


လူ့လောကထဲ သူနေခဲ့ရတာက ၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇ နတ်မောက် ဦးသောဘိသကျောင်း၊ ရေနံချောင်း အမျိုးသားကျောင်း၊
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊ နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့ မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)
အရပ် ပုပု၊ မျက်မှောင် ကုတ်ကုတ်၊ ပိုသီပတ်သီ အညာသား။
ဘီအေ ကျောင်းသား၊ စကား မပြော၊ ပြောရင်မရပ်၊ ညှင်းသိုးသိုး အရိုးခံ၊ ခေါင်း အမာဆုံး၊ ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေက အများသား၊ ရေ မကူးတတ်ဘူး၊ စက်ဘီး မစီးတတ်ဘူး၊ စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး၊ မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ၊ ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ၊ လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ၊ လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" - မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့ ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ် - အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု၊ ကျောင်းသား ပေါက်စ၊ သခင် ပေါက်စ၊ စစ်သား ပေါက်စ၊ နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ၊ အသက်က ၃၀ မရှိ တရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို ဘာ့ကြောင့် နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့ ငါတို့ အောင်ဆန်းက နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပိုရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီးစုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။ဒီအောင်ဆန်းကို လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
"ငါတို့ အားကိုးပါရစေ" ဆိုလာကြ၊ ရှေးဘိုးဘွားမိဘပြည်သူတွေက "ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက "ငါတို့ စွန့်ပါရစေ" ဆိုပြီး ရှေ့ထွက်လာကြ၊ စုကြ၊ ရုံးကြ၊ စည်းလုံးကြ၊
တကယ့်ဗမာတွေ မဟာအောင်ဆန်းအနောက်က ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့ တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင် အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ရောက်ရင် ရှမ်းတွေက ရှမ်းစကားမဆိုကြ၊ ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့ သူတို့ သခင်အဖြစ် သိမှတ်ပြုကြ၊ အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို ဒင်းတို့ မတိုက်ဝံ့ကြ၊
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို သူတို့ ရွေးခဲ့ကြ၊ အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့မျက်လုံးပေါင်း သန်း ၆၀ - အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံး၊ နှလုံး၊ အသက် ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေအားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။

ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။ အင်္ဂလိပ်ဆိုတာက ဝေလာဝေး သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို၊ ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့ အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ် ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း ဒီအချိန်ဆို ၉၃ နှစ်ရှိပြီ။ အောင်ဆန်းပြောမယ်၊ အဘိုးရဲ့စကား နားထောင်...။
"မမေ့နဲ့၊ မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ ငါတို့ မနေ့က ချွေးစက်တွေဆိုတာ မမေ့နဲ့
မင်းတို့ မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့ ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ မမေ့နဲ့
မင်းတို့ ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့ ငါတို့ အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။"
မြန်မာလူမျိုးတိုင်းမှာ အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ၊ မြန်မာလူမျိုးရဲ့အဖေ၊ မြန်မာ့အဖေ၊ အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ၊
အောင်ဆန်းက ကျုပ်အဖိုး၊ ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ၊ သူ့သားကျရင်လဲ သူ့အဘေးနဲ့ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ ကျုပ် မှာထားရအုံးမယ်။__

Tuesday, May 10, 2011

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့




နိုင်ငံတော်သမ္မတ-ဦးသိန်းစိန်

ဒုတိယသမ္မတများ

သီဟသူရဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန နှင့် ဝန်ကြီးများ

၁။       ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်လှမင်း

၂။       ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို

၃။       နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး

၎။       နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်

၅။       ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်း

၆။       လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင်

၇။       ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်း

၈။       ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့်

၉။    အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့်  မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ဦးတင်နိုင်သိန်း

၁၀။     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်

၁၁။     ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထွန်း

၁၂။     သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်း

၁၃။     သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထိုက်

၁၄။     သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်

၁၅။     အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်

၁၆။     ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ထွန်းအောင်

၁၇။     ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ဝန်ကြီး ဦးတင့်ဆန်း

၁၈။     အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်စွာခိုင်

၁၉။     အမှတ်(၂)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း

၂၀။     ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်း

၂၁။     စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဌေး

၂၂။     အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်း

၂၃။     အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုး

၂၄။     ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြအေး

၂၅။     ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဖေသက်ခင်

၂၆။     သာသနာရေးဝန်ကြီးဌာန ဝန်ကြီး သူရဦးမြင့်မောင်

၂၇။     သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်

၂၈။     လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ

၂၉။     သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းညွန့်

၃၀။     သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမောင်

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဥပဒေချုပ်များ

ကချင်ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးလဂျွန်ငန်ဆိုင်း
ဝန်ကြီးများ - ဗိုလ်မှူးကြီးသန်းအောင်၊ ဦးညွန့်အောင်၊ ဦးဘီထောဇောင်း၊ ဦးအလေးပါး၊ ဦးကမန်းဒူနော်၊ ဦးအောင်နိုင်၊  ဦးစိုင်းမောင်ရွှေ၊ ဦးခင်မောင်ထွန်း၊ ဒေါ်ဘောက်ဂျာ
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး- ဦးပါ(ခ)ဦးခင်မောင်ဆွေ(ဗမာ)၊ ဦးအားဆီ (လီဆူး)၊ဒေါ်ခင်ပြုံးရည်(ရှမ်း)၊ ဦးဂွမ်ရိန်ဒီး(ရဝမ်)
ဥပဒေချုပ် - ဒေါ်မေရီမီနန်

ကယားပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးခင်မောင်ဦး(ခေါ်)ဦးဘူးရယ်
ဝန်ကြီးများ - ဗိုလ်မှူးကြီးတင်စိုး၊ ဦးတော့ရယ်၊ ဦးချစ်လှ၊ ဦးရဲဝင်း၊ ဦးစောဟူးဟူး၊ ဦးကိုးရယ်၊ ဦးသန်းကျော်စိုး၊ ဦးပိုးရယ်(ခ)ပိုးရယ်ရန်အောင်၊ ဦးအောင်နိုင်ဦး
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး- ဦးစိန်ဦး (ဗမာ)
ဥပဒေချုပ် - ဦးဌေးအောင်

ကရင်ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဗိုလ်မှူးချုပ်ဇော်မင်း
ဝန်ကြီးများ - ဗိုလ်မှူးကြီးအောင်လွင်၊ ဦးချစ်လှိုင်၊ ဦးစောခင်မောင်မြင့်၊ ဦးသံဒိုင်၊ ဦးမင်းစိုးသိန်း(ခ) ဦးနိုင်မင်းစိုးသိန်း၊ ဦးစောခရစ္စတိုဖာ၊ ဦးစောဆာ လောလ၊ ဦးစောဝင်းထိန်၊ ဦးစောကြည်လင်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး- ဦးခွန်သန်းမြင့် (ပအိုဝ်း)၊ ဦးခင်ကြူး (ဗမာ)ဦးနိုင်ချစ်ဦး (မွန်)
ဥပဒေချုပ် - ဦးသိန်းလွင်

ချင်းပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးဟုန်းငိုင်း
ဝန်ကြီးများ - ဗိုလ်မှူးကြီးဇော်မင်းဦး၊ ဦးနန်ဇမုန်၊
ဦးရမ်မန်း၊ ဦးဗန်ထောင်း၊ ဦးကျော်ငြိမ်း၊ ဦးကျင်လျန်းပေါင်၊ ဒေါက်တာဘမောင်၊ ဦးနိန်နိုင်း
ဥပဒေချုပ် - ဦးကပ္ပတီအယ်လ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးသာအေး
ဝန်ကြီးများ - ဗိုလ်မှူးကြီးကြည်နိုင်၊ ဦးစိန်ဝင်း၊ ဦးစောမြင့်ဦး၊ ဦးစိန်မောင်း၊ ဦးသန်းထိုက်၊ ဦးတင်ငွေ၊ ဒေါက်တာမြင့်သိန်း၊ ဦးတင်ဝင်း၊ ဦးကျော်ဝင်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး- ဦးနိုထန်ဘဲလ်(ခ)နိုထန်ကပ် (ချင်း)ဦးစန်းရွှေ (ရှမ်း)
ဥပဒေချုပ် - ဦးမောင်မောင်လင်း

တနင်္သာရီတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ် - ဦးခင်ဇော်
ဝန်ကြီးများ - ဗိုလ်မှူးကြီးဇော်လွင်၊ ဦးမြတ်ကို၊ဒေါက်တာဝင်းအောင်၊ဦးသန်းအောင်၊ ဒေါက်တာကျော်ဆန်း၊ ဦးဝင်းဆွေ၊ ဦးသိန်းလွင်၊ ဦးအောင်ကျော်ကျော်ဦး
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစောဟာဗီ (ကရင်)
ဥပဒေချုပ် - ဦးစိုးမြင့်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးဉာဏ်ဝင်း
ဝန်ကြီးများ - ဗိုလ်မှူးကြီးသက်ထွန်း၊ ဦးရဲမြင့်ထွန်း၊ ဦးမြင့်လွင်ဦး၊ ဒေါက်တာကျော်ဦး၊ ဦးကျော်မြင့်၊ ဦးထွန်းဝေ၊ ဦးတင်စိုး၊ ဦးကျော်ဌေး၊ ဦးဘေဘီအုန်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစောဂျူဘလီစံလှ (ကရင်)
ဥပဒေချုပ် - ဦးမြင့်အောင်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးဘုန်းမော်ရွှေ
ဝန်ကြီးများ - ဗိုလ်မှူးကြီးအန့်ဇော်၊ ဦးဝင်းမြင့်မောင်၊ ဦးဝင်းဖေ၊ ဦးနေရှင်း၊ ဦးအောင်ကျော်မင်း၊ ဦးအောင်နိုင်၊ ဦးကြည်မင်း၊ ဦးသိန်းထွန်း၊ ဦးမြင့်နိုင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးဆလိုင်းလှထွန်း (ချင်း)
ဥပဒေချုပ် - ဦးမောင်မောင်ဖြူတင့်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးရဲမြင့်
ဝန်ကြီးများ - ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ဦးအောင်ဇံ၊ ဦးမြင့်သန်း၊ ဒေါက်တာဝင်းလှိုင်၊ ဦးဖုန်းဇော်ဟန်၊ ဦးကျော်ဆန်း၊ ဦးသန်းစိုးမြင့်၊ ဒေါက်တာမြင့်ကြူ၊ ဦးအောင်မောင်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစိုင်းမောင်လှ (ရှမ်း)
ဥပဒေချုပ် - ဦးရဲအောင်မြင့်

မွန်ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးအုန်းမြင့်
ဝန်ကြီးများ - ဗိုလ်မှူးကြီးဌေးမြင့်အောင်၊  ဒေါက်တာခင်မောင်သွင်၊ ဒေါက်တာတိုးတိုးအောင်၊ ဒေါက်တာလှဦး၊ ဦးမျိုးညွှန့်၊ ဦးဝင်းမော်ဦး၊ ဦးထွန်းလှိုင်၊ ဦးနိုင်လဝီအောင်၊ ဒေါက်တာမင်းနွယ်စိုး
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးအောင်ကျော်သိန်း (ကရင်)၊ ဦးဖေမြ(ခ) ခွန်ဖေမြ (ပအိုဝ်း)၊ ဦးသက်ဝင်း (ဗမာ)
ဥပဒေချုပ် - ဦးဝင်းကြည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးလှမောင်တင်
ဝန်ကြီးများ - ဗိုလ်မှူးကြီးထိန်လင်း၊ ဦးကျော်ခင်၊
ဦးကျော်သိန်း၊ ဦးစိုးအေး၊ ဦးမြအောင်၊ ဦးသာလူချေ၊ ဒေါက်တာအောင်ကျော်မင်း၊ ဦးအောင်သန်းတင်၊ ဦးလှဟန်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး- ဦးကိုကိုနိုင် (ချင်း)
ဥပဒေချုပ် - ဦးလှသိန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးမြင့်ဆွေ
ဝန်ကြီးများ - ဗိုလ်မှူးကြီးတင်ဝင်း၊ ဦးလှမြင့်၊ ဦးစိုးမင်း၊ ဦးကျော်စိုး၊ ဦးသန်းမြင့်၊ ဦးဉာဏ်ထွန်းဦး၊ ဦးအောင်ခင်၊ ဒေါ်စန်းစန်းနွယ်၊ ဒေါက်တာမြင့်သိန်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး- ဦးစောထွန်းအောင်မြင့်(ကရင်)၊ ဦးဇော်အေးမောင် (ရခိုင်)
ဥပဒေချုပ် - ဦးကျော်မိုးနိုင်

ရှမ်းပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးအောင်မြတ်(ခေါ်)စဝ်အောင်မြတ်
ဝန်ကြီးများ - ဗိုလ်မှူးကြီးအောင်သူ၊ ဦးခွန်သိန်းမောင်၊ ဦးသောင်းရွှေ၊ ဒေါက်တာမျိုးထွန်း၊ ဦးတူးမောင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်း(ခ)ဦးတင်ထွန်းအောင်၊ ဦးစိုင်းထွန်းရင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးဒူဝါးဇုတ်ဒေါင် (ကချင်)၊ ဦးနိုင်ဝင်း (ဗမာ)၊ ဦးလောရင်း (ကယန်း-ပဒေါင်)၊ ဦးရှာမွေလရှဲန် (လားဟူ)၊ ဦးဝှန်ဆန်(ခ)ဦးယောဝိ(လီဆူး)၊ ဦးပီတာသောင်းစိန် (အာခါ)၊ဦးဝင်းမြင့် (အင်းသား)
ဥပဒေချုပ် - ဦးမောင်မောင်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် - ဦးသိန်းအောင်
ဝန်ကြီးများ-ဗိုလ်မှူးကြီးမောင်မောင်ဝင်း၊ ဦးတင်စိုး၊ ဦးဝင်းကိုကို၊ ဦးလှခိုင်၊ ဦးစိုးမြင့်၊ ဦးစန်းမောင်၊ ဦးသန်းထွန်း၊ ဦးစောမြသိန်း၊ ဦးကျော်ဝင်းနိုင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးမန်းသန်းရွှေ (ကရင်)ဦးဘကြူး (ရခိုင်)
ဥပဒေချုပ် - ဦးချစ်ကိုကို




2011 သင်္ကြန် ဓါတ်ပုံများ