Saturday, January 30, 2010

အိမ်ရှင်မနှင့်သားသမီး

အိမ်ရှင်မဖြစ်သူသည် မိမိ၏ ၀မ်းဖြင့် ကိုးလဆယ်လလွယ်ယူ၍မွေးဖွားလာသော ကလေးများအား
ကျန်းမာကြံ့ခိုင်ဖွင့်ဖြိုးရေး အတွက် ပြုစုစောင့်ရှောက်ရမည်မှာ အိမ်ရှင်မဖြစ်သူ မိခင်တိုင်းတွင်
တာဝန်ရှိသည်။

သို့ မှ မိမိတို့ ၏ အမွေကိုဆက်ခံမည့် သား ကောင်းသမီးကောင်းဖြစ်လာနိုင်ပေမည်။

ကလေးငယ်များသည်  မွေးစကာလ ကျန်းမာကြသည်က များသည် ပိုမိုစိတ်ချနိုင်ရေး အတွက်
ရောဂါရှိမရှိကိုသေချာစွာစစ်ဆေးကြည့်ရှုဖို့ လို ၏။

ကလေးတို့ အား ရက်သားမှ လသား အထိ မိခင်၏နို့ ရည်ကို အချိန်မှန်မှန် တိုက်ကျွေးသင့်ပေသည်။
အချို့ ကလေးများသည် အစာကြေ ညက်မှုမြန်သဖြင့် ဆာလောင်မှုရှိတတ်သည်။ ထိုအခါ မိခင်သည်
မိမိ၏ နို့ ရည်အား ကလေးများဆာတတ်သောအချိန်ကိုမှတ်၍ မကြာခဏ တိုက်ကျွေးသင့်ပေသည်။

Tuesday, January 26, 2010

ကိုယ်ဝန်ဆောင်တို့ ရောင်ကြဉ်ရန် အချက်များ


Friends18.com Orkut MySpace Hi5 Scrap Images
သားကောင်းသ္မီးကောင်းရတနာပိုင်ဆိုင်ပါစေ


၁။ ခဏခဏငိုကြွေးခြင်း၊မျက်ရည်ထွက်ခြင်းများ မပြုရ။

ထိုသို့ ပြုလုပ်ခြင်းကြောင့်မွေးဖွားလာသောကလေးသည်မျက်စိစောင်ခြင်း၊
မျက်စိကျယ်ခြင်း၊ကျဉ်းခြင်းစသည့်မျက်စိနှင့်ပတ်သက်သော ရောဂါများပါလာတတ်သည်။

၂။ မျက်စိကို ဆေးကွင်းခြင်း၊ပူသောစပ်သော မျက်စဉ်းတို့ ကိုခတ်ခြင်းမပြုရ။ ပြုလုပ်ပါက
မွေးဖွားလာသော ကလေးသည် မျက်စိကန်းခြင်း၊မျက်စိပေါက်မပါခြင်း၊မျက်စိရောဂါများပါလာတတ်သည်။

မွေးဖွားနိုင်မည့်ရက် တွက်နည်း


Friends18.com Orkut MySpace Hi5 Scrap Images
ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးတည်ဆောက်နိုင်ပါစေ

ပဋိသန္ဓေလွယ်ယူထားသော အိမ်ရှင်မတို့ သည် မိမိတို့ ဓမ္မတာ ရာသီပေါ်ချိန်ကို

လဆန်းလဆုတ် ဘယ်ရက်ဆိုသည်ကို အချို့ က အမှတ်များမထားပဲ အမှုမဲ့ နေတတ်ကြာသည်။

ဤသို့ နေခြင်းကြောင့် ပဋိသန္ဓေ ဘယ်ရက် ဘယ်လကစ၍တည်ရှိပြီး
ဘယ်ရက်ဘယ်လတွင် မွေးဖွားမည်ကိုမခန့် မှန်းတတ်ကြပေ။

မိမိတို့ လွယ်ယူထားသော ပဋိသန္ဓေသားကို မွေးဖွားမည့်ရက်တွက်ချက်နိုင်ရန်
ဓမ္မတာ ရာသီပေါ်နေကျအချိန် မပေါ်ပဲ ရပ်စဲသွား သော ရက်လ ကိုမှတ်သား ထားရပေမည်။

ဓမ္မတာရာသီမပေါ်ပဲ ရပ်စဲသွားသော ရက်လ မှစ၍ ရေတွက်ထားပါ၊ မိန်းခလေးဖြစ်လျှင်ရက်ပေါင်း
(၂၂၃)ရက်မှ (၂၈၀)ရက်အတွင်းမွေးဖွားတတ်သည်။ ယောင်္ကျားလေး ဖြစ်ပါမူ ရက်ပေါင်း(၂၈၁)ရက်မှ
(၂၉၄)ရက်အတွင်းမွေးဖွား တတ်သည်ဟုဆိုပေသည်၊

နေအိမ်သန့် ရှင်းသာယာမှုရှိပါစေ


Friends18.com Orkut MySpace Hi5 Scrap Images
အိမ်ထောင်ရေးသာယာကျပါစေ

ပဋိသန္ဓေ လွယ်ယူထားသောအိမ်ရှင်မ၏နေအိမ်ကိုသန့် သန့် ရှင်းရှင်း
စင်စင်ကြယ်ကြယ်နှင့်သာသာ ယာယာရှိအောင်ပြုပြင်စီမံထားဖို့  အထူးလိုအပ်ပေသည်။

နေအိမ်၏ ဧည့်ခန်း အိပ်ခန်းတို့ တွင် အလှပန်းအိုးများထားရှိခြင်း၊ လှပသော ပန်းချီကားရုပ်ပုံများ၊
ချိတ်ဆွဲထား ခြင်း နေရောင်နေ ပြောက်များ မထိုးအောင် ပြူတင်းပေါက်များတွင် လှပသပ်ရပ်သော
ခန်းဆီးများ ဆင်ထားခြင်း၊အိမ်၏ ပတ်ဝန်းကျင်တွင် မကောင်းသော အနံ့ အသက်များမရရှိအောင်
ရှင်းလင်းထားရှိခြင်း၊သန့် ရှင်းစင်ကြယ်သော အ၀တ်အထည်များကိုဝတ်ဆင်ခြင်း၊
ဧည့်ခန်းအိမ်အိပ်ခန်းတို့ တွင် သန့် ရှုင်းစင်ကြယ်မှုရှိခြင်း စသည်တို့ ပြုလုပ်ထားရှိမှ ကိုယ်ဝန်ဆောင်
အိမ်ရှင်မသည် ကျန်းမာ သန့်ရှင်းစိတ်ကြည့်လင်၍ သားကောင်းသမီးကောင်း ရတနာများ ဖွား မြင်
ရရှိမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်များ နေထိုင်သွားလာမှု


Friends18.com Orkut MySpace Hi5 Scrap Images
ချမ်းမြေ့ပါစေ

အိပ်ရှင်မဖြစ်သူတို့ သည် မိမိတို့ အနေနှင့် ကိုယ်ဝန်ရှိလာပြီဆို၍ငြိမ်သက်စွာမနေပါနှင့်။
အိမ်တွင်းမှုလုပ်ငန်းများကို လုပ်မြဲတိုင်းလုပ်ပါ။ ထိုသို့ လုပ်ကိုင်ရာတွင်ပင်ပင်ပန်းပန်းမလုပ်ပါနှင့်။
ညောင်းညောင်းညာညာကြီးလည်းလုပ်စရာမလို၊နားနားနေနေနှင့်လုပ်ကိုင်ဆောင်ရွက်သွားဖို့ လိုသည်။

ဤကဲ့သို့ လှုပ်လှုပ်ရှားရှားလုပ်ကိုင်မှ ကိုယ်တွင်းမှာရှိသည့်သွေးလေတို့ သည် လည်ပတ်မှုမှန်ကန်၍ ကျန်းမာ
ရေးနှင့်ညီညွတ်မည်ဖြစ်သည်၊

Monday, January 18, 2010

ကိုယ်ဝန်ဆောင်တို့ စားသင့်သောအစားအစာများ


Friends18.com Orkut MySpace Hi5 Scrap Images
ပျော်ရွှင်ပါစေ

၁။သွေးသားညီညွတ်အောင်သင့်လျော်သောအစားအစာများကိုစားရမည်။

၂။ကိုယ်နှင့်သင့်တင့်လျောက်ပတ်စွာ ဘေးမဖြစ်စေ၇န် အာသာပြေရုံလောက်သာစားသောက်ရမည်။

၃။နှလုံးငြိမ်စေတတ်သော အဖျော်ရည်။အအေးများနှင့်ယိုများကိုစားသောက်ရမည်။

၎။ကိုယ်ဝန်ဆောင်သည် ချင်ခြင်းအာသာပြင်းပြသည့် ထူးထူးဆန်းဆန်း အစားအစာများ
စားသောက်လိုပါက အာသာပြေရုံမျှတရုံလောက်သာ စားသောက်ရမည်။

ကိုယ်ဝင်ဆောင်များရှောင်ရမည့်အစားအစာများ


Friends18.com Orkut MySpace Hi5 Scrap Images
ရွှင်လန်းချမ်းမြေ့ပါစေ

၁။အပူအစပ်များသော အစားအစာများ။

၂။အငန်လွန်သော အစားအစားများ

၃။အချဉ်လွန်သောအစားအစာများ။

၎။အဆီများသော အစားအစာများ။

၅။ဆေးလိပ်နှင့်အရက်သောက်ခြင်းတို့ ကိုပါရှောင်ကြဉ်ရမည်။

၆။ဝမ်းနူးလွယ်သော အစားအစာများကိုလဲရှောင်ကြဉ်ရမည်။

ကိုယ်ဝင်ဆောင် မိန်းမတို့ ရှောင်ကြဉ်ရန်


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments

၁။မင်္ဂလာဆောင်တွင် ကူညီဆောင်ရွက်ခြင်းမပြုရ။

လက်မဖွဲ့ ကောင်း၊ရှောင်ကြဉ်ရမည်။

၂။ပဉ္စ္စင်းခံတို့ တွင် ကူညီဆောင်ရွက်ခြင်းမပြုရ၊ရှောင်ကြဉ်ရမည်။

၃။ဘုရားတည်ရာတွင် မဆောင်ရွက်ကောင်းရှောင်ကြဉ်ရမည်။

Saturday, January 16, 2010

အိမ်ထောင်အမျိုးသမီးတို့လိုက်နာရမည်..့သီရိသုံးပါး၊ဂါရ၀သုံးပါး၊၊စရဏသုံးပါး



Friends18.com Orkut MySpace Hi5 Scrap Images

မြန်မာလူမျိုးတို့ ၏ ရှေးထုံးစဉ်လာအရ ရှေးလူကြီးများ ထားခဲ့ သည့်ဆိုဆုံးမချက်များတွင်

သီးရိသုံးပါး၊ဂါရ၀သုံးပါး၊စရဏသုံးပါးတို့ ကိုကောင်းမွန်စွာကျင့်ကြံဆောက်တည်သော

မိခင်တို့ သည် သား ကောင်းသမီးကောင်းရတနာများရရှိနိုင်သည်ဟုဆိုပေသည်။

(သီရိသုံးပါး)

၁။ကြိုးတန်းကြိမ်တန်းအောက်မ၀င်ရ

၂၊၀တ်သောလုံချည်ကို အထက်အောက်လှန်မ၀တ်ရ

၃။ခြေမဆေးဘဲ ညဥ့်အခါ အိပ်ယာမ၀င်ရ

(ဂါရ၀သုံးပါး)

၁။အမိအဖတို့ ကိုရိုသေလေးစားရမည်။

၂။ယောက္ခမဖြစ်သူတို့ အား ရိုသေလေးစားရမည်။

၃။မိမိ၏လင်ယောင်္ကျားကို ရိုသေလေးစားရမည်။

(စရဏသုံးပါး)

၁။ခါးလွန်းသောအစာကိုရှောင်ကြဉ်ရမည်။

၂။စပ်လွန်းသော အစား အစာကိုရှောင်ကြဉ်ရမည်။

၃။ဖန်လွန်းသော အစားအစာကိုရှောင်ကြဉ်ရမည်။

အိမ်ထောင်ရှင်မိန်းခလေးတို့ လုပ်သင့်သောအချက်(၁၃)ချက်


Friends18.com Orkut MySpace Hi5 Scrap Images



၁။အလုပ်တွင် စိတ်အားတက်အောင်၊စိတ်ဝင်စားမှုရှိအောင် အိမ်ထောင်ဦးစီး
လင်ယောင်္ကျားကိုလှုံ့ ဆော်အားပေးပါ။

၂။လင်ယောင်္ကျားလုပ်သမျှအောင်မြင်မည်၊သူ့ မှာအစွမ်းသတ္တိရှိကြောင်းယုံကြည်ခြင်းကို
မကြာခဏပြောပါ။အမူအရာဖြင့်ပြပါ။

၃။လင်ယောင်္ကျားလုပ်သမျှလုပ်ငန်းတို့ ကို နားလည်အောင်လေ့ လာထားပါ။သို့ မှသာ မိမိပေးသော
အကြံညဏ်ကိုများသူလေးစား၍အကျိုးများမည်။

၎။မိမိနှင့်ဆိုင်သော လုပ်ငန်းများကိုတာဝန်ကျေပါစေ။မိတ်ဆွေသင်္ဂဟပေါများလာအောင်လည်း
ကြိုးစားရမည်၊ဧည့်ဝတ်ကျေပွန်မှုရှိပါစေ။

၅။စာပေအနုပညာလိုက်စားခြင်း၊စက်မှုလက်မှုပညာတို့ ကို သင်ကြားတတ်မြောက်ထားခြင်းသည်
အပေါင်းအသင်းဆက်ဆံရေးတွင် များစွာအထောက်အပံ့ရရှိစေသည်။

၆။အိမ်ထောင်ရှင် ၀ါသနာပါသော လုပ်ငန်းများကို ကူဖော်လောင်ဖက်ရအောင်ကြိုးစားရမည်၊
သို့ မှ သာအသွင်တူ၍အိမ်ရှင်မအစစ်ဖြစ်လာနိုင်မည်။

၇။မိမိအိမ်ထောင်ရှင်၏ လုပ်ငန်းကိုစိတ်ဝင်စားလာလျှင်အေ၇းကြုံခဲ့ သော် တိုင်ပင်ဖော်တိုင်ပင်ဖက်
ရရှိစေပြီးပါဝင်ကူညီဆောင်ရွက်နိုင်၏။

၈။လုပ်ငန်းနှင့်ဆက်နွယ်သော လူကြီးလူကောင်းများ၏ မိသားစုများနှင့်ရင်းနှီးအောင်ကြိုးစားရမည်။

၉။သူ၏လုပ်ငန်းမှာ အကူအညီရစေမည့်မိတ်ဆွေများကို ရှာဖွေပေါင်းသင်းရမည်။

၁၀။ ထင်ပေါ်ကျော်ကြား ပေါ်လွင်စရာရှိလျှင် အိမ်ထောင်ဦးစီးလင်ယောင်္ကျားကိုသာ ပေါ်လွင်ပါစေ။

၁၁။လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးစရာရှိလျှင်ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။

၁၂။လင်ယောင်္ကျား ဂုဏ်ယူလောက်အောင်မိမိ၏ ၀တ်စားဆင်ယင်မှုခောတ်မီပါစေ။

၁၃။အိမ်ထောင်ဦးစီး လင်ယောင်္ကျား၏ စွမ်းရည်သတ္တိကိုယုံကြည်အားကိုးပါ။

Thursday, January 14, 2010

အိမ်ထောင်ရှင်မိန်းကလေးတို့ မလုပ်သင့်သောအချက်(၉)ချက်


၁။စီးပွားဥစ္စာ ရှာဖွေနေသော အိမ်ထောင်ရှင်အပေါ်ဆရာမလုပ်သင်၊သြဇာမပေးသင့်။


၂။သူ့ ထက်ဂုဏ်မြင့်သူဟု မိမိကိုယ်ကို သဘောထားမပိုက်သင့်။

၃။အိမ်ထောင်ရှင်လင်ယောင်္ကျားနှင့် မိသားစုတို့ ကို လူအထင်သေးအောင်မလုပ်သင့်။

၎။မိသားစုဝင် အိမ်သူအိမ်သားတို့ အား လူညံ့ဖြစ်သွားအောင်မှိုချိုးမျှစ်ချိုးမပြောသင့်၊မဆိုသင့်။

၅။အိမ်ထောင်ရှင်လင်ယောင်္ကျားတို့ အား ကလေးများလိုမယုယသင့်။

၆။သူ၏မိတ်ဆွေများနှင့်ဇနီးသည်တို့ အားဆန့် ကျင်ဘက်ပြုမူပြောဆိုခြင်း မလုပ်သင့်။

၇။မယားကနိုင်သည်၊မယားကကြိုးဆွဲတိုင်း ကရသည်ဟူသောသတင်းမျိုးထွက်ပေါ်မလာစေသင့်။

၈။လင်ယောင်္ကျားတို့ လုပ်ကိုင်သောလုပ်ငန်းများတွင် အမြဲဝင်၍စွက်ဖက်မနေသင့်။

၉။အိမ်ထောင်ရှင်လင်ယောင်္ကျားဝါသနာပါသော သူ၏အဓိကအလုပ်ကို စွန့် စေပြီး
မိမိလုပ်ငန်းတွင် အမြဲတစေ ခိုင်းမထားသင့်ပေး။

Wednesday, January 13, 2010

ပဋိသန္ဓေရယူုခြင်း




သတ္တ၀ါတို့ သည် ဘ၀တစ်ခုကိုအစပြု ရရှိရန်အတွက် ပဋိသန္ဓေနေရခြင်းကိုမဖြစ်မနေတွေ့ ကြုံရသည်။

ကျွန်ုပ်တို့ လူသား အားလုံးသည်မိခင်ဝမ်းကြာတိုက်(သားအိမ်၌)ကာလရေကြည် သန္ဓေသားဘ၀မှ အဆင့်ဆင့်
ဖွံ့ ဖြိုးလာပြီး မွေးဖွားခြင်း၊အိုမင်းရင့်ရော်ခြင်းအနာရောဂါရရှိခြင်းနှင့်သေဆုံးခြင်းဖြင့် အဆုံးသတ်ကြရသည်။

ပဋိသန္ဓေ ရယူကြရာတွင် လူများသာမကပဲ အခြားအခြားသော သတ္တ၀ါအမျိုးမျိုးတို့ လည်းရှိကြရာ ရှေးဟောင်း
ကျမ်းများ၌ ပဋိသန္ဓေလေးမျိုးရှိကြောင်းပြဆိုထားကြပါသည်။

(၁)အမိ၏သားအိမ်ကိုအစွဲပြုရသော ပဋိသန္ဓေ(လူ၊မြင်း၊ကျွဲ၊နွား စသည်။)

(၂)ဥကိုအစွဲပြုရသော သန္ဓေ(ကြက်၊ဘဲ၊ငှက်၊လိပ်စသည်။)

(၃)အညှိကိုအစွဲပြုရသော သန္ဓေ(ပိုးမွှားများစသည်)

(၄)အလိုအလျောက် ရသောသန္ဓေ(ရှေးနိပါတ်၊ဇာတ်၊ပါးစပ်ရာဇ၀င်လာ ပဒုမ္မာကြာပွင့်မှသန္ဓေရသူ၊
လမုပင်မှ သန္ဓေရသူစသည်)

ပဋိသန္ဓေလေးမျိုးအနက် အမိ၏သားအိမ်ကိုအစွဲပြု၍ရသောသန္ဓေတို့ မှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌
အလွယ်တကူမြင်နိုင်တွေ့ နိုင်သော သန္ဓေမျိုးဖြစ်ကြပါသည်။ ယခုခောတ်အခါ၌ သိပ္ပံပညာနယ်ပယ်တွင်
တီထွင်ဆန်းသစ် ဖြစ်ပေါ်သော မေထုန်မဲ့ သန္ဓေ၊ပုံတူမျိုးပွားသန္ဓေတို့ မှာအခြား ပဋိသန္ဓေ အမျိုးအစား၌
ထည့်သွင်းနိုင်ပါသည်။

ယခုဤဆောင်းပါး၌ အမိ၏သားအိမ်ကို အစွဲပြု၌ ရသောသန္ဓေများအနက် အထူးအားဖြင့် လူသန္ဓေ
ရယူခြင်းကိုသာဖော်ပြလိုရင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ လူသားများသည် အထက်၌ ပြဆိုခဲ့သည့်အတိုင်းအမိ၏သားအိမ်ကိုအစွဲပြု၍ ပဋိသန္ဓေရယူခံခြင်း
ဖြစ်ရာ အငြင်းပွားဖွယ်ရာ မရှိပါချေ။

အမိ၏သားအိမ်၌ပင် သန္ဓေသားဖွံ့ ဖြိုးမှု အဆင့်ဆင့် ဖြစ်ပေါ်ပြီး နေ့ စဉ်နှင့်အမျှ မွေးဖွားနေကြရာ
ယနေ့ ကမ္ဘာပေါ်၌ လူသားသန်းပေါင်း ခြောက်ထောင်ကျော်ခဲ့ပြီးဖြစ်ကြောင်းမှတ်တမ်းတင်ထားကြသည်။

ကမ္ဘာနေရာဒေသ နိုင်ငံအနှံ့ အပြား၌လည်းလူဦးရေမှာ တစ်နေ့ ထက်တစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ဘိုးဘိုးအောင်
ဝလုံးများကဲ့ သို့ ဆပွားတိုးမြင့်လာရာ အချို့ နိုင်ငံများ၌ လူဦးရေ ပေါက်ကွဲမှုကြီး မဖြစ်ပေါ်အောင် ထိန်းသိမ်းရေး
ကို အား ကောင်းမောင်းသန် မရပ်မနား ဆောင်ရွက်နေကြရပေသည်။

ကမ္ဘာ့လူဦးရေ ဆပွားမှုကိုကြည့်လျက် တစ်နေ့ တစ်နေ့ မွေးဖွားနှုန်းမြင့်မားကြောင်းသိသာနိုင်သည်။
မွေးဖွားနှုန်းဆိုသည်မှာလည်းပဋိသန္ဓေ ရယူနှုန်း၏အသီးအပွင့် ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ် တွင်
ပဋိသန္ဓေရယူခြင်းမှာလွယ်လင့်တကူ ကိစ္စသဖွယ် ထင်စရာရှိလေသည်။

ပဋိသန္ဓေ ရယူခြင်းကား ကမ္ဘာ့စာရင်းချုပ်၌ မြောက်မြားအားကြီးလျက်ရှိသော်လည်း တကယ်တွင်
မိသားစု။လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်မူလွယ်ကူသောကိစ္စ မဟုတ်ပါပေ။

လောကသဘာဝအရ ရေများရာမိုးရွာတတ်ပြီး ရေလိုသောအခါ မိုးခေါင်နေတတ်ပြန်သေးသည်။

ဆိုလိုသည်မှာ အချို့ မိသားစု၌ သားသမီး ရတနာများ ဟောတစ်ယောက်ဟောတစ်ယောက် မလိုချင်
တော့အောင်ရနိုင်ပါလျက် အချို့  မိသားစုများမှာမူသားသမီးရတနာ ငံ့လင့်မျှော်တလျက်အချိန်ကုန်နေတတ်ပါသည်။

မိသားတစ်စု ၌သားသမီးမရတတ်ခြင်းသည် သာမန်ကိစ္စ ဟူ၍ ပေါ့ပေါ့တွေး၍မရပါ။ သားသမီးရတနာသည်
ထိုမိသားစု၏ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာပုံမုန်ဖွံ့ ဖြိုး ကျန်းမာနေဖို့ အတွက်အညှာဖြစ်နေတတ်သည်။ အခရာဖြစ်နေတတ်သည်။

ဗုဒ္ဓ၀င်ဇာတ်တော်လာ သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာဒေ၀ီတို့ ၏သားသမီးရတနာရခြင်း၊မရခြင်းက ၄င်းတို့ ၏
လူမှုေ၇းပြဿနာမှသည်နိုင်ငံရေး၊စစ်ရေးအထိကြီးမားကျယ်ပြန့် စွာ ယှက်နွယ်နေပုံကို ကြည့်ခြင်းဖြင့် ခန့် မှန်းနိုင်ပါသည်။

ထို့ ကြောင့် သားသမီး ရသည်ဖြစ်စေ၊မရနိုင်သည်ဖြစ်စေ မည်သည့်လူသားမဆို ပဋိသန္ဓေ ရယူခြင်းကိုခြေခြေမြစ်မြစ်
သိထားသင့်ကြပါသည်။

မြန်မာ့တိုင်းရင်းဆေးပည်ရှင်များက ရှေးဟောင်းကျမ်း အထောက်အထားများကို ကိုးကား၍ ပဋိသန္ဓေတစ်ခုဖြစ်ပေါ်
နိုင်ရန် အောက်ပါ အင်္ဂါသုံးရပ်ပြီးပြည့်စုံရမည်ဟုမိန့် ဆိုကြပါသည်။

(၁) မိခင်လောင်း၏ဥတုသွေးလာပြီးစ၌ သားအိမ်ကျန်းမာပြည့်စုံခြင်း၊

(၂)ထိုအခိုက် မိဘလောင်းနှစ်ဦးတို့ မေထုန်မှု ကြုံကြိုက်ခြင်း၊

(၃) သန္ဓေတည်မည့် သူသည်ဘ၀ဟောင်းချုပ်ငြိမ်းပြီးပဋိသန္ဓေသစ်တည်နိုင်ရန်
ရှေးရှု ရောက်လာ ခြင်းတို့ ဖြစ်ပါသည်။

္မဤအကြောင်းသုံးပါးညီညွှတ်မှသာလျှင် ပဋိသန္ဓေတစ်ခု အထမြောက်ရယူနိုင်သည်ဟုဆိုပါသည်။
ဤအကြောင်းသုံးပါးတွင်သန္ဓေနေမည့်သူက ဘ၀ဟောင်းကိုစွန့် ၍ပဋိသန္ဓေသစ်တည်ဖို့ ရာ ရှေးရှုရောက်လာခြင်းမှာ
အဓိကအချက်ဖြစ်သည်။

ယင်း အင်္ဂါသုံးချက်ကို ဥဒုမ္ဗရတောရဆရာတော်က-
မိမာတာ ကြာခန်းက
ပန်းရတု ရာသီ
ပွင့်စဲစခါဆီ
တူယှဉ်မှီ ပျော်ပါး
ကိန်းထိုက်တဲ့ ထိုသသူ
ထင်ရှေးရှု စုတိခိုက်ငြား

ဟူ၍ရေးဖွဲ့ ခဲ့လေသည်။
ထိုအင်္ဂါရပ်များ ပြည့်စုံမှသာ ပဋိသန္ဓေတစ်ခု ရယူနိုင်သဖြင့် အင်္ဂါတစ်ရပ်ချို့ တဲ့ 
နေသူများ၌ ပဋိသန္ဓေ မရယူနိုငါပါချေ။

ထိုကဲ့သို့  ပဋိသန္ဓေ တစ်ခု ရရှိရန်ခက်ခဲပုံကို လူ့ ပြည်ကအပ်တစ်စင်းနှင့်ဗြဟ္မာပြည်က အပ်တစ်စင်း
ထိပ်ချင်းဆိုင် တည့်တည့်ကျဖို့ လောက်ခက်ခဲသည်ဟု ရှေးလူကြီးသူမ များကပြောဆိုခဲ့ ကြသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ ဗုဒ္ဓခောတ်အခါက အဖြစ်အပျက်တစ်ခုကိုတင်ပြလိုပါသေးသည်။
အကျဉ်းမျှ ဖော်ပြရလျှင် ဗုဒ္ဓခောတ်အခါက မြို့ တစ်မြို့ ရှိ ပစ္စည်းဥစ္စာအတန်အသင့်ပြည့်စုံသော
လင်မယားတွင် အိမ်ထောင်သက်ကြာခဲ့ သော်လည်းသားသမီး မထွန်းကား လာသောကြောင့်
သောကရောက်နေကြလေသည်။

သားသမီးရအောင် ကျင့်ကြံနေထိုင်ကြသော်လည်း မည်သို့ မျှထူးမလာသဖြင့်မကြံတတ်အောင်ရှိရလေ၏

တစ်နေ့ သောအခါ အရာရာကိုပြည့်စုံအောင် ဖန်ဆင်းပေးနိုင်သော ဂေါတမ ဟူသောရဟန်းရှိကြောင်း
သတင်းရလေသည်။

သူတို့ သားသမီးရရေး အတွက် တန်ခိုးရှင် ရဟန်းကို ချဉ်းကပ်ရသော်ကောင်းအံ့ဟူ၍ ကြံစည်ကြပြီး
ဗုဒ္ဓဘုရားရှင်ကိုဆွမ်းကျွေးပြုစုရန် ပင့်ဖိတ်လေသည်။ ၄င်းတို့ မှာ ဘုရားရှင်ဟုမသိဘဲ တန်ခိုင်းရှင်
အဖြစ်သာချဉ်းကပ်ခြင်းဖြစ်သည်။

ဘုရားရှင် ကြွလာသောနေ့ ၌အိမ်တံခါးဝမှသည် ဆွမ်းသုံးဆောင်ရန်နေရာထိ ကမ္ဗလာနီခင်းထားလေ၏။
သူတို့ အကြံ၌ ဘုရားရှင်က ကမ္ဗလာနီကို ခြေအစုံချနင်းမိသည်နှင့် မိမိတို့ ၌သားသန္ဓေရပါစေသားဟု
အဓိဋ္ဌာန်ကာ ကျိတ်ကြံထားသည်။

တစ်ကယ်တွင် ဘုရားရှင်ကြွလာသောအခါ အိမ်တံခါးဝ၌ ရပ်လျက် "ချစ်သားတို့ ကမ္ဗလာနီစကို
ဖယ်ရှားလော့" ဟူ၍မိန့် ဆို၏။

ထိုလင်မယားမှာ အံ့သြထိတ်လန့် လျက်က " ရှင်ရဟန်း နင်းလျှောက်ကြွတော်မူပါ" ဟုတောင်းပန်သောလည်း
ဘုရားရှင်ကသင်တို့ အကြံကိုသိကြောင်း၊သင်တို့  အလိုရှိသော သားသန္ဓေ ရရှိရေးမှာ မဖြစ်နိုင်ကြောင်း၊
သင်တို့ စုံတွဲသည် ရှေးရှေးသော ဘ၀ အဆက်ဆက်တို့ ၌ပဋိသန္ဓေ ဖြစ်သည့်ဥအမျိုးမျိုး၊သားကောင်အမျိုးမျိုးကို
ချဉ်ခြင်းတပ်စွာ စားသောက်လာခဲ့ ကြောင်း၊ ထိုအကြောင်းတို့ ကြောင့်ယခုဘ၀၌ သန္ဓေသားရရန်မဖြစ်နိုင်ကြောင်း
စသည်ဇာတိဿရညဏ်ပညာဖြင့် ဖော်ထုပ် ဟောကြားမိန့် မြွက်တော်မူရာ ၄င်းတို့ တုန်လှုပ်ချောက်ချားကာ
သည်းထန်စွာ ငိုကြွေးကြပြီး တရားသံဝေဂရလျက် ဗုဒ္ဓအဆုံးအမ၌တည်ခဲ့ ကြလေသည်။

ယင်းသို့  ပဋိသန္ဓေတစ်ခု ရယူရန် မလွယ်ကူသည့်နည်းတူ သန္ဓေရပြီးပါကလည်းမမွေးဖွားမီကာလအတွင်းတွင်
အကြောင်းအမျိုးမျိုးဖြင့်ပျက်စီးသွားနိုင်သေး၏ ။

အချို့ မိခင်ဖြစ်သူပင် မသိလိုက်မီ ပျက်စီးသေဆုံးနိုင်သည် ။ ထို့ ကြောင့်သန္ဓေလွယ်ရသော မိခင်တို့ မှာ နေ ထိုင်
စားသောက်လှုပ်ရှားမှု များကို တသီးတသန့် လိုက်နာပြီး ပဋိသန္ဓေကို ပိုးမွေးသလိုမွေးကြရသည် ။

ထိုမျှမကသေး မွေးဖွားရာတွင်ရှောရှော ရှူရှူဖြစ်ဖို့ လိုပြန်သည် ။ ကိုယ်လက်အင်္ဂါအမြင်အကြား ကောင်းမွန်ပြည့်စုံ
လျက် ကျန်းမာ သန်စွမ်းသော သားသမီးရတနာမျိုးဖြစ်ဖို့ လိုပါသည်။ ထို့ ကြောင့်ပင် မနုဿတ္တဘာဝေါ ဒုလ္လဘော
ရခဲသောလူအဖြစ်ဟု ဆိုကြခြင်းဖြစ်သည် ။

ကမ္ဘာ့ လူဦးရေပွားများထူထဲနေသော်လည်း လူ့ အလိုနတ်မလိုက်နိုင်ဆိုသကဲ့ သို့ ပဋိသန္ဓေရယူရန်ခက်ခဲ နေသူများ
လည်း ဒုနဲ့ ဒေး ရှိနေကြပြန်ရာ ပဋိသန္ဓေရယူခြင်း ပြဿနာများမှာလည်း လူထုကြားထဲတွင် အလျဉ်မပြတ်
ရှိနေကြဦးမည်သာမဟုတ်ပါလော။ ..။..............



Friends18.com Orkut MySpace Hi5 Scrap Images
ကိုခိုင်ဇော်

Tuesday, January 12, 2010

မိန်းကလေးများနှင့်ပဋိသန္ဓေကိစ္စ





အိမ်ထောင်ရှင်အဖြစ်သို့ ရောက်ရှိလာကြသော မိန်းခလေးတို့ သည်လူ့ လောကဓမ္မတာအရမိမိတို့ ၏အမွေကို
ဆက်ခံမည့်မျိုးဆက်သစ်သား ရတနာ သမီးရတနာများကိုမွေးထုတ်ပေးရမည်ဖြစ်သည်။

လူတို့ သည်ဖိုဓါတ် မဓါတ်ဟူသည့်ဓါတ်ချင်းမတူသည့်လိင်ဆန့်ကျင်ဘက်များ ဖြစ်လေသည်။လိင်မတူသောဖိုမနှစ်ဦးတို့ 
ထိတွေ့ ဆက်ဆံခြင်းမှ မဖြစ်သူ မိန်းမတို့ မှာ ပဋိသန္ဓေရှိတတ်ခြင်းများဖြစ်ပေါ်စေသည်။

အချို့ သော အိမ်ထောင်ရှင် ယောင်္ကျား မိန်းမတို့ မှာ ယောင်္ကျားဖြစ်သူ မြုံ၍လည်းကောင်း၊မိန်းမဖြစ်သူမြုံ၍လည်းကောင်း
သားသမီးမရရှိ ကြပေ။

ယောင်္ကျားမိန်းမတစ်ရာလျှင် ဆယ်ဦးမှာ အမြုံများဖြစ်တတ်သည်ကိုဆေးပညာရှင် သုတေသီတို့ ကတွေ့ ရှိသည်ဟု
ဆိုကြပေသည်။

လူ့ လောကတွင်အိမ်ထောင်ရှင်အဖြစ်သို့ ရောက်ရှိလာကြသော မိန်းကလေးတို့ သည် သားသမီးရတနာများ
မထွန်းကားလျှင်တင့်တယ်မှု မပြည့်စုံကြပေ။

သာယာချမ်းမြေ့ ပျော်ရွှင်ဖွယ်ကောင်းသောအိမ်ထောင်ရေးရရှိရန်မှာ ရွှေငွေရတနာ ပစ္စည်းဥစ္စာတို့ ထက်
သားသမီးရတနာများနှင့်ပြည့်စုံခြင်းကသာလွန်ပေသည်။

သားသမီးမရှိသော အိမ်ထောင်ရေးသည် ပျင်းရိခြောက်ကပ်ငြီးငွေ့  ဖွယ်ကောင်း၏ ဒုလ္လဘတရားငါးပါးတွင်
လူအဖြစ်ကိုရခဲခြင်းဆိုသည်ကို လူတို့ အနေနှင့်လေးလေး နက်နက်မစဉ်းစားကြပေ။

သားသမီးမရရှိသော အိမ်ထောင်ရှင်ယောင်္ကျားမိန်းမတို့ သည် သားသမီးရရှိရေး အတွက် ဆရာဝန်များနှင့်
တိုင်ပင်၍ဆရာဝန်တို့ ၏ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက် ဆက်ဆံကြသဖြင့်မြုံရာမှ
ပွင့်လာသည်လည်းရှိကြပေသည်။

မိန်းကလေးတို့သည် မိမိတို့၏မျိုးဆက်ကိုခံယူမည့်သားကောင်းသမီးကောင်းရတနာလေးများရရှိရန်အတွက်
ကိုယ်ဝန်ရှိလာသည့်အခါ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရပေမည်။

အိမ်ထောင်ရှင်ဖြစ်သည့် မိန်းခလေးတို့ သည် မိမိတို့ တွင် ပဋိသန္ဓေတည်ရှိကြောင်း သိအပ်သော လက္ခဏာများလည်း
သိရှိနားလည်ထားရမည်။

ပဋိသန္ဓေရှိကြောင်း လက္ခဏများ


၁။လစဉ်ပေါ်တတ်သည့် ရာသီပန်းတို့ သည်ပဋိသန္ဓေရှိသောပထမလတွင်ရပ်စဲခြင်း။

၂။ပဋိသန္ဓေတည်ရှိ၍ ပထမလနှင့်ဒုတိယလတို့တွင် နံနက်စောစောပျို့ အန်တတ်ခြင်း ကိုလက်လေးလံထိုင်းမှိုင်းခြင်း
နေထိုင်မကောင်းဖြစ်တတ်ခြင်းရှိ၏

၃။ပဋိသန္ဓေရှိလာသည့်အခါ သားမြတ်အစုံသည် ပင်ကိုအတိုင်းထက်တင်းမာ၍နာခြင်းများဖြစ်တတ်သည်။

၎။ပဋိသန္ဓေသုံးလခန့် ရှိသည့်အခါတွင် ချက်နှင့်ဆီးစပ်အကြားတွင် ကြက်ဥခန့် အလုံးလေးကို
လက်ဝါးနှင့်ဖြည်းညင်းစွာ ဖိနိုပ်စမ်းသပ်ကြည့်ပါက တွေ့ ရှိနိုင်သည်။

၅။ပဋိသန္ဓေလေးလရှိလာသောအခါ ၀မ်းဗိုက်သည်ဖောင်းကြွလာလိမ့်မည်၊ဆီးခဏခဏသွားချင်တတ်သည်။

၆။ကိုယ်ဝန်ခြောက်လအတွင်းသို့ ရောက်ရှိလာသောအခါ ၀မ်းဗိုက်အတွင်းမှ ကလေးသည်အသက်ဝင်၍
အနည်းငယ်တိုးစပြုလာတတ်သည်။

၇။ကိုယ်ဝန်ဆောင် ခုနှစ်လရောက်သည့်အခါတွင်ဝမ်းဗိုက်အတွင်းရှိကလေးသည် တုန်လှုပ်မှုရှိလာသည့်အတွက်
မိခင်သည် ကြောက်လန့် တတ်ခြင်း၊အစားအအိပ်ပျက်ခြင်းများရှိတတ်သည်၊စိုးရိမ်စရာမရှိပါ။

၈။ကိုယ်ဝန်ရှိ၍ ငါးလ ခြောက်လတွင်မိခင်လောင်းသည် ၀မ်းဗိုက်ယားယံမှုများရှိတတ်သည်။ဤသို့ ယားယံခြင်းမှာ
ဝမ်းတွင်းရှိကလေးသည်ဆံပင်မွေးညင်းပေါက်ခြင်းဖြစ်သည့်အတွက်ကြောက်စရာမရှိပေ။

အိမ်ထောင်ရှင်ဖြစ်သူ အမျိုးသမီးတို့ သည် မိမိတို့ တွင် ပဋိသန္ဓေရရှိလာသည်ဖြစ်၍သားကောင်းသမီးကောင်း
ရတနာများရရှိရန်မှ မိမိတို့ အနေနှင့်အနေအထိုင်အသွားအလာအစားအသောက်တို့ ကိုဆင်ခြင်ရမည်.ရှောင်ကြဉ်ရမည်။