Tuesday, January 26, 2010

ကိုယ်ဝန်ဆောင်များ နေထိုင်သွားလာမှု


Friends18.com Orkut MySpace Hi5 Scrap Images
ချမ်းမြေ့ပါစေ

အိပ်ရှင်မဖြစ်သူတို့ သည် မိမိတို့ အနေနှင့် ကိုယ်ဝန်ရှိလာပြီဆို၍ငြိမ်သက်စွာမနေပါနှင့်။
အိမ်တွင်းမှုလုပ်ငန်းများကို လုပ်မြဲတိုင်းလုပ်ပါ။ ထိုသို့ လုပ်ကိုင်ရာတွင်ပင်ပင်ပန်းပန်းမလုပ်ပါနှင့်။
ညောင်းညောင်းညာညာကြီးလည်းလုပ်စရာမလို၊နားနားနေနေနှင့်လုပ်ကိုင်ဆောင်ရွက်သွားဖို့ လိုသည်။

ဤကဲ့သို့ လှုပ်လှုပ်ရှားရှားလုပ်ကိုင်မှ ကိုယ်တွင်းမှာရှိသည့်သွေးလေတို့ သည် လည်ပတ်မှုမှန်ကန်၍ ကျန်းမာ
ရေးနှင့်ညီညွတ်မည်ဖြစ်သည်၊



အိမ်ရှင်မ တို့ သည် အိမ်မှုကိစ္စ လုပ်ကိုင်ရာတွင် ကိုယ်လက်အင်္ဂါများကို အဆောတလျှင် ရုတ်တရက်
အားစိုက်၍မပြုလုပ်သင့်ပေ။

လမ်းသွားလာရာတွင်လည်းပြင်းပြင်းထန်ထန် မသွားသင့်ပေ။ ခုန်ပေါက်ပြေားလွှား၍လည်းမသွားသင့်ပေ၊
ခြေလှမ်းမှန်မှန်နှင့်ညင်ညင်သာသာသွားလာပါ၊

အဆောတလျင် သွားလာလုပ်ကိုင်ပါက မတော်တဆ ချွတ်ချော်တိမ်းလွဲတတ်ခြင်း၊ထိမိ ခိုက်မိခြင်းများ
ရှိတတ်သည်။ထိုအခါမျိုးတွင် အမိဝမ်းတွင်းရှိသန္ဓေသားသည် အနေအထားပျက်စီးပြီး ကိုယ်ဝန်
ပျက်ကျစေနိုင်သည်ဖြစ်၏။

မြန်မာလူမျိုးတို့ သည် ဗုဒ္ဓဘာသာ တရားတော်အရ မိခင်ဖြစ်သူတို့ ကိုယ်ဝန်ဆောင်သည့်ကာလ အချိန်အခါ
တွင် ရတနာသုံးပါးကိုကြည့်ညိုလေးစား ခြင်း၊ ကောင်းသော ကုသိုလ်ကောင်းမှုအလှူဒါနများပြုလုပ်
ခြင်း၊ဗုဒ္ဓ၏ပရိတ်တော်များကိုရွတ်ဖတ်ခြင်းသရဏဂုံဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း စသည်တို ပြုလုပ်ပါက မွေးဖွားသည့်အခါတွင် အခက်အခဲ မရှိပဲ သား ကောင်းသမီးကောင်းရတနာများ ရရှိ
နိုင်သည်ဟု ဆိုသည်။

No comments: