Saturday, May 29, 2010

နင်...နင်....နင်

 နင့်နာမည်မှာချိုပါရဲ့ သားနဲ့ 

နင့်နှုတ်ခမ်းတွေဘာလို့ ခါးသက်နေရတာလဲကွယ်

နင်နဲ့ ဝေးရာအခြားတဖက်ကိုသွားချင်ပေမဲ့ 

နင့်ကိုမထားရက်ခဲ့ တာလဲ ပါမယ်ထင်တယ်

နင်လာမယ်လို့ ထင်ထားခဲ့ တဲ့ ငါ့ရင်ခွင်

နင်ချနင်းချင်လဲနင်းလိုက်ပါတော့

နင့်အတွက်ငါစစ်ခင်းမယ်ကွယ်

နင်အချစ်အကျဉ်းစခန်းဆောက်ထားလှည့်ပါကွဲ့ 

နင့်ရဲ့ ဥပက္ခာတွေအမောဖောက်တဲ့ နေ့ 

နင့်ရင်ခွင်မှာခဏလောက်မှေးစက်ပါရစေ..

.....ပြီးတော့ ....ပြီးတော့လေ....

နင်နဲ့ အတူကြယ်တွေရေတွက်ချင်တယ်ကွယ်..

မိုးသူ....(တောင်ကြီး)

Friday, May 28, 2010

နတ်နေကိုင်း

နေစရာမရှိပေမဲ့
ဖြေစရာတခုခုတော့ပေးပါကွယ်
ပြေရာပြေကြောင်းလဲ
မတောင်းဆိုချင်တော့ပါဘူး
နှုတ်မဆက်လဲသဘောပါ
ရုတ်တရက်နင်ပြောမှာ
မကြားချင်တဲ့အမုန်း
ငါ့နှလုံးခုန်သံရပ်အောင်