Tuesday, November 24, 2009

ချစ်မိတ်ဆွေ


Friends18.com Orkut MySpace Hi5 Scrap Images



Friendship is the higest form of love

and the finest bond which can unite

two persons.

မိတ်ဆွေဖြစ်မှုဆိုတာ မေတ္တာတရား ရဲ့ 

အမြင့်မားဆုံးပုံစံ ဖြစ်ပါတယ်

လူနှစ်ဦးကို အစဉ်ထာဝရ ခိုင်မြဲညီညွတ်အောင်

အလှပဆုံး ချုပ်နှောင်မှုပါပဲ

Monday, November 23, 2009

လုပ်ချင်စိတ်မွေးပါ


Friends18.com Orkut MySpace Hi5 Scrap Images



ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်မရခဲ့ရင်၊

လုပ်ရတဲ့ အလုပ်ကိုလုပ်ချင်စိတ်မွေးပါ

တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်



အဲသည်တုန်းကငွေတန်ဖိုးရှိလှသည်။
အိုက်စကရင် ဆန်းဒေး(သီးစုံအိုက်စကရင်) တစ်ခွက်ပင်
ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ။

၁၀နှစ်ရွယ်ကောင်လေးတစ်ယောက် ဟိုတယ်ကော်ဖီခန်းထဲ
ဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်။
စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ ရှေ့ ရောက်လာကာ
ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲစောင့်ဆိုင်းနေသည်။
"အိုက်စကရင်ဆန်းဒေးတစ်ခွက်ဘယ်လောက်လဲ
ခင်ဗျ"
"ဆင့်ငါးဆယ်ပါ" စားပွဲထိုးက ဖြေသည်။
ကောင်လေးက သူ့ အိတ်ထဲမှ အကြွေစေ့တွေ နှိုက်ထုတ်ကာရေတွက်သည်။
ပြီးတော့ "အိုက်စကရင်ရိုးရိုးတစ်ခွက်ဆိုရင်ကောဗျာ"ဟုမေးသည်။
ထိုင်စရာနေရာ မရသေးသည့်ဧည်သည်တချို့ လည်းရှိနေတော့
စားပွဲထိုးအမျိုးသမီး သိပ်စိတ်မရှည်ချင်။
"သုံးဆယ့်ငါးဆင့်" သူကတိုတိုပြတ်ပြတ်ဖြေသည်။
ကောင်လေးက သူ့ ပိုက်ဆံပြားတွေရေတွက်ပြန်သည်၊
ထိုနောက်"အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲပေးပါခင်ဗျာ"ဟုဆိုသည်။
အမျိုးသမီးက အိုက်စကရင်ယူလာသည်။ဘီလ်စာရွက်ကိုပါ
တစ်ပါတည်းစာပွဲပေါ်တင်ပေးခဲ့ပြီးလှည့်ထွက်သွားသည်။
ကောင်လေး အိုက်စကရင်ကိုစားပြီးနောက်ကောင်တာမှာငွေသွားရှင်းသည်။
ထိုနောက်ထွက်ခွာသွားသည်။
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့်စားပွဲဆီပြန်လာပြီး ခုံကို
သုတ်သည့်အခါ မြင်လိုက်ရသောအရာကြောင့် သူ့ ရင်ထဲ
လှုက်ခနဲဖြစ်သွားသည်။ကောင်လေးစားသွားသည့်
အိုက်စကရင်ခွက်နံဘေးတွင်ငါးဆင့်စေ့ နှစ်စေ့နှင့် တစ်ဆင့်စေ့
ငါးစေ့ ညီညီညာညာလေးပုံ၍ထားသည်။
သူမအတွက် တစ်(ပ)(စ) ပေးထားခဲ့ခြင်းပင်

မူရင်း။ ။ The best of bits & pieces မှ
Two nickels and fivepennies

Tuesday, November 10, 2009

မြို့ နှစ်မြို့ 


Friends18.com Orkut MySpace Hi5 Scrap Images

မြို့ ကြီးတစ်မြို့ ၏အ၀င်ဝနား ခရီးသွား

တစ်ယောက်ဆိုက်ရောက်လာသည်။

မြို့ ထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့်

မိန်းမတစ်ယောက်ကို သူမေးသည်။

"ဒီမြို့ ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုးရှိကြသလဲဗျ"

အမျိုးသမီးက ပြန်မေးသည်၊"ရှင်ထွက်လာခဲ့တဲ့မြို့ က

လူတွေကော ဘယ်လိုသဘောထားမျိုးရှိကြသလဲ"

"ဆိုးပါ့ဗျာ၊အင်မတန်ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊

လုံးဝယုံကြည့်လို့ မရတဲ့ လူတွေ၊ ကောင်းကွက်ဆိုလို့ 

တစ်စက်ကလေးမှ မရှိတဲ့လူတွေ" သူက

မဲ့မဲ့ရွဲ့ရွဲြ့ပြန်ဖြေသည်။

"အင်း၊ဒီမြို့ ထဲက လူတွေကလဲ

အဲဒီပုံစံအတိုင်းပဲရှင်တွေ့ ရဦးမှာပါ"

အမျိုးသမီးက ဆိုလိုက်သည်။

များမကြာမီပင် နောက်ခရီးသည်တစ်ယောက်

မြို့ နားရောက်လာပြန်ကာ အမျိုးသမီးအား

မြို့ ထဲကလူတွေအကြောင်းမေးပြန်သည်။

သည်အခါ အမျိုးသမီးကလည်း

ပထမခရီးသည်တုန်းက အတိုင်း သူလာခဲ့သည့်မြို့ 

ကလူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။

" အင်မတန် စိတ်သဘောကောင်းကြပါတယ်ဗျာ၊

ရိုးသားတယ်၊အလုပ်ကြိုးစားတယ်၊

သူမတူအောင်လဲရက်ရောကြပါတယ်၊

ကျွန်တော်အဲဒီကထွက်လာရတာစိတ်မကောင်းဘူး"

ဒုတိယခရီးသည်က လှိုက်လှဲသော လေသံဖြင့်ဆိုလေသည်။

သည်အခါ ပညာရှိ အမျိုးသမီး ဖြေပေးလိုက်သည်။

ရှေ့ ကမြို့ ထဲမှာလဲ အဲဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့  ရမှာပါ" ဟူ၍။


မူရင်း။ ။ The Best of Bits and Pieces မှ A Tale of Two Cities




Friends18.com Orkut MySpace Hi5 Scrap Images
Comments

Sunday, November 8, 2009

သိင်္ဂါလောဝါဒသုတ်ထွက်ကျင့်ဝတ်များ

တစ်လောကလုံး၊ညွတ်ရုံးဦးချ၊နှိုင်းမမျှသာ၊
ဘုရားရွှေစက်၊ရောင်ပြိုးပြတ်ကို၊ဦးထက်တင်ထား၊
ရိုညွတ်တွား၍၊သားနှင့်မိဘ၊တပည့်စသည်၊
ပြုရအံ့ဝတ်၊ချွတ်မူပါယ်ရွာ၊လားမည့်တာကြောင့်၊
သုတ်ပါထယျ၊ကျမ်း၌ပြသည်၊လောကကျင့်ရာ၊
အကျဉ်းမှာပိမ့်။ နတ်ရွာဖို့ လုံးလုံးကျက်၍သုံး။


သားသမီးကျင့်ဝတ်ငါးပါး
ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့ တာ

မိဘကျင့်ဝတ်ငါးပါး
မကောင်းမြစ်တာ၊ကောင်းရာညွန်လတ်၊
အတတ်သင်စေ၊ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊၀တ်ငါးအင်၊
ဖခင်မယ်တို့ တာ။


တပည့်ကျင့်ဝတ်ငါးပါး
ညီညာထကြွ၊ဆုံးမနာယူ၊
လာမူကြိုဆီး၊ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊တပည့်ဝတ်၊
မချွတ်ငါးခုသာ။


ဆရာကျင့်ဝတ်ငါးပါး
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ ၊ဆရာတို့ ၊
ကျင့်ဖို့ ဝတ်ငါးဖြာ။

လင့်ကျင့်ဝတ်ငါးပါး
မထေမဲ့ကင်း၊အပ်နှင်းဥစ္စာ၊
မိစ္ဆာ
မမှား၊၀တ်စားဆင်ယင်၊
မြတ်နိုးကြင်၊ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်ငါးပါး
အိမ်တွင်းမှုလုပ်၊သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊လျော်အောင်ဖြန့် ချီ၊
ပျင်းရိမမူ၊၀တ်ငါးဆူ၊
အိမ်သူကျင့်အပ်စွာ။


မိတ်ဆွေကျင့်ဝတ်ငါးပါး
ပေးကမ်းချီးမြှင့်၊ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊၀တ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။

သခင်ကျင့်ဝတ်ငါးပါး
ဝစ္စာကျွေးမွေး၊ပြုရေးစီရင်၊
နာလျှင်ကုစေ၊ငှဝေရသာ၊
အခါကိုလွတ်၊အရှင်ဝတ်၊
မချွတ်ငါးခုသာ။


ကျွန်ကျင့်ဝတ်ငါးပါး
အိပ်သော်နောက်ကျ၊ထသော်ကားရှေး၊
ပေးမှယူအပ်၊စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊
ငါးချက်ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ်ငါးပါး
မေတ္တာစိတ်သက်၊ဆောင်ရွက်ချစ်ကြင်၊
ခင်မင်နှုတ်ချို၊လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊၀တ်ငါးထွေ၊
ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ်ငါးပါး
မကောင်းမြစ်တာကောင်းရာညွန်လစ်၊
အသစ်ဟောကြူး၊နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊မေတ္တာလည်းပြု၊
ရဟန်းမှု၊ခြောက်ခုလွန်သေချာ။


အကြီးအကဲကျင့်ဝတ်ခြောက်ပါး
ထကြွ၊နိုးကြား၊သနား၊သီးခံ၊ဝေဖန်၊
ကြည့်ရှု ဤခြောက်ခုကား
ကြီးသူကျင့်ရာ တရားတည်း။



ကျမ်းသိင်္ဂါလ၊သုတ်ဝယ်ပြ၊သုံးဝမြတ်ဆရာ။
ကျင့်ဝတ်မပြေ၊ပါယ်လေးထွေ၊လားလေရှည်မြင့်ကြာ၊
ဤသည်ဝတ်ကုန်၊ဆွေမျိုးစုံ၊ခြောက်ဘုံထက်နတ်ရွာ။
လှည်းဘီးပြင်က၊နားစောင့်ချသို့ ၊မိဘနှင့်သား၊
မယားနှင့်လင်၊အရှင်နှင့်ကျွန်၊ထေရ်မွန်ဒကာ၊
မိတ်သဟာနှင့် ဆရာတပည့်၊တည်တည့်မတ်မတ်၊
ကျင့်ဝတ်စုံလင်၊ဖြူသန့် စင်မှု၊
ရှင်လည်းမကွေ၊သေလည်းမကာ၊နတ်ရွာလူ့ ပြည်၊
လှည့်လည်အတူ၊ခံစားမှု၍၊နိဗ္ဗူရွှေပြည်၊
ဝင်အံ့သည်တည့်၊မတည်ကျင့်ဝတ်၊
ချွတ်သူတို့ မှာ၊မလွတ်သာသည်၊
လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

Friday, November 6, 2009

လောကဓံရှစ်ပါး

၁။ လာဘ- ပစ္စည်းဥစ္စာ ရခြင်း

၂။ အလာဘ- ပစ္စည်းဥစ္စာ မရခြင်း

၃။ ယသ- အခြွေအရံ ပေါများခြင်း

၎။ အယသ- အခြွေအရံ မရှိခြင်း

၅။ ပသံသာ- အချီးမွမ်း ခံရခြင်း

၆။ နိန္ဒာ - အကဲ့ရဲ့ ခံရခြင်း

၇။ သုခံ- ချမ်းသာခြင်း

၈။ ဒုက္ခံ- ဆင်းရဲခြင်း


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments