Wednesday, December 9, 2009

တိမ်တွေငိုတဲ့ နေ့ 










အသဲကွဲအရသာ

ချိုမြမြ ရှတတလဲမဟုတ်

တစ်ခါတစ်ခါ

ရင်ဘတ်ထဲလှိုက်ခနဲဖိုမော

ဘာဇောဘာဆန္ဒမှန်းမသိ

ပကတိကြည်လင်စိတ်မရှိ

သူသိသိမသိသိ....လွမ်းတယ်


အသဲကွဲအရသာ

ဖိန်းတိန်းတိန်း စူးရှရှလဲမဟုတ်

အကြိမ်ကြိမ် အမောဖောက်

ညကတောခြောက်ခဲ့သလို

တော်လဲသံတွေနဲ့ 

ဘယ်အရာကိုမှမမြင်

ဝိုးတိုးဝါးတားနဲ့ ညဥ့်နက်မိ

သူသိသိမသိသိ....လွမ်းတယ်


အသဲကွဲအရသာ

ဘယ်အရာမှမချိုမြိန်ခဲ့ပါ

အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း

အကျဉ်းတန်နေခဲ့ပေါ့(8.12.2009)

အပြီးတိုင်ပဲစဉ်းစားခဲ့ပါတယ်....

ဘာပဲဖြစ်ဖြစ်........လွမ်းတယ်................


နန်းသင်းမို့ မို့ ကျော်ကို ရည်ရွယ်သည်...


Tuesday, November 24, 2009

ချစ်မိတ်ဆွေ


Friends18.com Orkut MySpace Hi5 Scrap Images



Friendship is the higest form of love

and the finest bond which can unite

two persons.

မိတ်ဆွေဖြစ်မှုဆိုတာ မေတ္တာတရား ရဲ့ 

အမြင့်မားဆုံးပုံစံ ဖြစ်ပါတယ်

လူနှစ်ဦးကို အစဉ်ထာဝရ ခိုင်မြဲညီညွတ်အောင်

အလှပဆုံး ချုပ်နှောင်မှုပါပဲ

Monday, November 23, 2009

လုပ်ချင်စိတ်မွေးပါ


Friends18.com Orkut MySpace Hi5 Scrap Images



ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်မရခဲ့ရင်၊

လုပ်ရတဲ့ အလုပ်ကိုလုပ်ချင်စိတ်မွေးပါ

တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်



အဲသည်တုန်းကငွေတန်ဖိုးရှိလှသည်။
အိုက်စကရင် ဆန်းဒေး(သီးစုံအိုက်စကရင်) တစ်ခွက်ပင်
ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ။

၁၀နှစ်ရွယ်ကောင်လေးတစ်ယောက် ဟိုတယ်ကော်ဖီခန်းထဲ
ဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်။
စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ ရှေ့ ရောက်လာကာ
ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲစောင့်ဆိုင်းနေသည်။
"အိုက်စကရင်ဆန်းဒေးတစ်ခွက်ဘယ်လောက်လဲ
ခင်ဗျ"
"ဆင့်ငါးဆယ်ပါ" စားပွဲထိုးက ဖြေသည်။
ကောင်လေးက သူ့ အိတ်ထဲမှ အကြွေစေ့တွေ နှိုက်ထုတ်ကာရေတွက်သည်။
ပြီးတော့ "အိုက်စကရင်ရိုးရိုးတစ်ခွက်ဆိုရင်ကောဗျာ"ဟုမေးသည်။
ထိုင်စရာနေရာ မရသေးသည့်ဧည်သည်တချို့ လည်းရှိနေတော့
စားပွဲထိုးအမျိုးသမီး သိပ်စိတ်မရှည်ချင်။
"သုံးဆယ့်ငါးဆင့်" သူကတိုတိုပြတ်ပြတ်ဖြေသည်။
ကောင်လေးက သူ့ ပိုက်ဆံပြားတွေရေတွက်ပြန်သည်၊
ထိုနောက်"အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲပေးပါခင်ဗျာ"ဟုဆိုသည်။
အမျိုးသမီးက အိုက်စကရင်ယူလာသည်။ဘီလ်စာရွက်ကိုပါ
တစ်ပါတည်းစာပွဲပေါ်တင်ပေးခဲ့ပြီးလှည့်ထွက်သွားသည်။
ကောင်လေး အိုက်စကရင်ကိုစားပြီးနောက်ကောင်တာမှာငွေသွားရှင်းသည်။
ထိုနောက်ထွက်ခွာသွားသည်။
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့်စားပွဲဆီပြန်လာပြီး ခုံကို
သုတ်သည့်အခါ မြင်လိုက်ရသောအရာကြောင့် သူ့ ရင်ထဲ
လှုက်ခနဲဖြစ်သွားသည်။ကောင်လေးစားသွားသည့်
အိုက်စကရင်ခွက်နံဘေးတွင်ငါးဆင့်စေ့ နှစ်စေ့နှင့် တစ်ဆင့်စေ့
ငါးစေ့ ညီညီညာညာလေးပုံ၍ထားသည်။
သူမအတွက် တစ်(ပ)(စ) ပေးထားခဲ့ခြင်းပင်

မူရင်း။ ။ The best of bits & pieces မှ
Two nickels and fivepennies

Tuesday, November 10, 2009

မြို့ နှစ်မြို့ 


Friends18.com Orkut MySpace Hi5 Scrap Images

မြို့ ကြီးတစ်မြို့ ၏အ၀င်ဝနား ခရီးသွား

တစ်ယောက်ဆိုက်ရောက်လာသည်။

မြို့ ထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့်

မိန်းမတစ်ယောက်ကို သူမေးသည်။

"ဒီမြို့ ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုးရှိကြသလဲဗျ"

အမျိုးသမီးက ပြန်မေးသည်၊"ရှင်ထွက်လာခဲ့တဲ့မြို့ က

လူတွေကော ဘယ်လိုသဘောထားမျိုးရှိကြသလဲ"

"ဆိုးပါ့ဗျာ၊အင်မတန်ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊

လုံးဝယုံကြည့်လို့ မရတဲ့ လူတွေ၊ ကောင်းကွက်ဆိုလို့ 

တစ်စက်ကလေးမှ မရှိတဲ့လူတွေ" သူက

မဲ့မဲ့ရွဲ့ရွဲြ့ပြန်ဖြေသည်။

"အင်း၊ဒီမြို့ ထဲက လူတွေကလဲ

အဲဒီပုံစံအတိုင်းပဲရှင်တွေ့ ရဦးမှာပါ"

အမျိုးသမီးက ဆိုလိုက်သည်။

များမကြာမီပင် နောက်ခရီးသည်တစ်ယောက်

မြို့ နားရောက်လာပြန်ကာ အမျိုးသမီးအား

မြို့ ထဲကလူတွေအကြောင်းမေးပြန်သည်။

သည်အခါ အမျိုးသမီးကလည်း

ပထမခရီးသည်တုန်းက အတိုင်း သူလာခဲ့သည့်မြို့ 

ကလူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။

" အင်မတန် စိတ်သဘောကောင်းကြပါတယ်ဗျာ၊

ရိုးသားတယ်၊အလုပ်ကြိုးစားတယ်၊

သူမတူအောင်လဲရက်ရောကြပါတယ်၊

ကျွန်တော်အဲဒီကထွက်လာရတာစိတ်မကောင်းဘူး"

ဒုတိယခရီးသည်က လှိုက်လှဲသော လေသံဖြင့်ဆိုလေသည်။

သည်အခါ ပညာရှိ အမျိုးသမီး ဖြေပေးလိုက်သည်။

ရှေ့ ကမြို့ ထဲမှာလဲ အဲဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့  ရမှာပါ" ဟူ၍။


မူရင်း။ ။ The Best of Bits and Pieces မှ A Tale of Two Cities




Friends18.com Orkut MySpace Hi5 Scrap Images
Comments

Sunday, November 8, 2009

သိင်္ဂါလောဝါဒသုတ်ထွက်ကျင့်ဝတ်များ

တစ်လောကလုံး၊ညွတ်ရုံးဦးချ၊နှိုင်းမမျှသာ၊
ဘုရားရွှေစက်၊ရောင်ပြိုးပြတ်ကို၊ဦးထက်တင်ထား၊
ရိုညွတ်တွား၍၊သားနှင့်မိဘ၊တပည့်စသည်၊
ပြုရအံ့ဝတ်၊ချွတ်မူပါယ်ရွာ၊လားမည့်တာကြောင့်၊
သုတ်ပါထယျ၊ကျမ်း၌ပြသည်၊လောကကျင့်ရာ၊
အကျဉ်းမှာပိမ့်။ နတ်ရွာဖို့ လုံးလုံးကျက်၍သုံး။


သားသမီးကျင့်ဝတ်ငါးပါး
ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့ တာ

မိဘကျင့်ဝတ်ငါးပါး
မကောင်းမြစ်တာ၊ကောင်းရာညွန်လတ်၊
အတတ်သင်စေ၊ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊၀တ်ငါးအင်၊
ဖခင်မယ်တို့ တာ။


တပည့်ကျင့်ဝတ်ငါးပါး
ညီညာထကြွ၊ဆုံးမနာယူ၊
လာမူကြိုဆီး၊ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊တပည့်ဝတ်၊
မချွတ်ငါးခုသာ။


ဆရာကျင့်ဝတ်ငါးပါး
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ ၊ဆရာတို့ ၊
ကျင့်ဖို့ ဝတ်ငါးဖြာ။

လင့်ကျင့်ဝတ်ငါးပါး
မထေမဲ့ကင်း၊အပ်နှင်းဥစ္စာ၊
မိစ္ဆာ
မမှား၊၀တ်စားဆင်ယင်၊
မြတ်နိုးကြင်၊ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်ငါးပါး
အိမ်တွင်းမှုလုပ်၊သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊လျော်အောင်ဖြန့် ချီ၊
ပျင်းရိမမူ၊၀တ်ငါးဆူ၊
အိမ်သူကျင့်အပ်စွာ။


မိတ်ဆွေကျင့်ဝတ်ငါးပါး
ပေးကမ်းချီးမြှင့်၊ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊၀တ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။

သခင်ကျင့်ဝတ်ငါးပါး
ဝစ္စာကျွေးမွေး၊ပြုရေးစီရင်၊
နာလျှင်ကုစေ၊ငှဝေရသာ၊
အခါကိုလွတ်၊အရှင်ဝတ်၊
မချွတ်ငါးခုသာ။


ကျွန်ကျင့်ဝတ်ငါးပါး
အိပ်သော်နောက်ကျ၊ထသော်ကားရှေး၊
ပေးမှယူအပ်၊စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊
ငါးချက်ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ်ငါးပါး
မေတ္တာစိတ်သက်၊ဆောင်ရွက်ချစ်ကြင်၊
ခင်မင်နှုတ်ချို၊လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊၀တ်ငါးထွေ၊
ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ်ငါးပါး
မကောင်းမြစ်တာကောင်းရာညွန်လစ်၊
အသစ်ဟောကြူး၊နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊မေတ္တာလည်းပြု၊
ရဟန်းမှု၊ခြောက်ခုလွန်သေချာ။


အကြီးအကဲကျင့်ဝတ်ခြောက်ပါး
ထကြွ၊နိုးကြား၊သနား၊သီးခံ၊ဝေဖန်၊
ကြည့်ရှု ဤခြောက်ခုကား
ကြီးသူကျင့်ရာ တရားတည်း။



ကျမ်းသိင်္ဂါလ၊သုတ်ဝယ်ပြ၊သုံးဝမြတ်ဆရာ။
ကျင့်ဝတ်မပြေ၊ပါယ်လေးထွေ၊လားလေရှည်မြင့်ကြာ၊
ဤသည်ဝတ်ကုန်၊ဆွေမျိုးစုံ၊ခြောက်ဘုံထက်နတ်ရွာ။
လှည်းဘီးပြင်က၊နားစောင့်ချသို့ ၊မိဘနှင့်သား၊
မယားနှင့်လင်၊အရှင်နှင့်ကျွန်၊ထေရ်မွန်ဒကာ၊
မိတ်သဟာနှင့် ဆရာတပည့်၊တည်တည့်မတ်မတ်၊
ကျင့်ဝတ်စုံလင်၊ဖြူသန့် စင်မှု၊
ရှင်လည်းမကွေ၊သေလည်းမကာ၊နတ်ရွာလူ့ ပြည်၊
လှည့်လည်အတူ၊ခံစားမှု၍၊နိဗ္ဗူရွှေပြည်၊
ဝင်အံ့သည်တည့်၊မတည်ကျင့်ဝတ်၊
ချွတ်သူတို့ မှာ၊မလွတ်သာသည်၊
လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

Friday, November 6, 2009

လောကဓံရှစ်ပါး

၁။ လာဘ- ပစ္စည်းဥစ္စာ ရခြင်း

၂။ အလာဘ- ပစ္စည်းဥစ္စာ မရခြင်း

၃။ ယသ- အခြွေအရံ ပေါများခြင်း

၎။ အယသ- အခြွေအရံ မရှိခြင်း

၅။ ပသံသာ- အချီးမွမ်း ခံရခြင်း

၆။ နိန္ဒာ - အကဲ့ရဲ့ ခံရခြင်း

၇။ သုခံ- ချမ်းသာခြင်း

၈။ ဒုက္ခံ- ဆင်းရဲခြင်း


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments

Wednesday, September 2, 2009

ဘယ်သူ့ အတွက်မှ မဟုတ်ဘူး


 

No men is a hero to his ownwife

No women is a wife to her hero

ဘယ်ယောင်္ကျားမှ သူ့ ဇနီး အတွက်

 သူရဲကောင်းမဖြစ်နိုင် .....။

ဘယ်မိန်းမမှလည်း သူရဲကောင်းအတွက်

ဇနီးမဖြစ်နိုင်........။

Friday, June 5, 2009

မန်နေဂျာကောင်းအတွက်အချက်အလက်

ကိုယ့် company နဲ့ ဆက်ဆံအားပေးနေသူတွေကို ရေရှည်ထိန်းထားနိုင်ဖို့  အောက်ပါစကားလေးခွန်းကို ပြောတတ် အောင်လေ့ကျင့်ထား ပါ။

၁။ ဒီပြသနာအတွက်တကယ်စိတ်မကောင်းပါဘူး။

ဝယ်ယူအားပေးသူတစ်ယောက်က ပြသနာပေါ်လို့ ဆက်သွယ်လာတိုင်းမှာ ဒီပြသနာကိုဖြေရှင်း ပေးဖို့ လိုအပ်သလို၊ ဒီလိုဆက်သွယ်အကြောင်းကြားတာဟာ မှန်ကန်ကြောင်း သူယုံကြည်စေဖို့  ဆက်လက်ဆောင်ရွက်ပြရမှာဖြစ်တယ်။ လူအများစုဟာ ဆင်ခြေပေးတာကို မကြိုက်ကြ ပါ ဘူး။ ဒါကြောင့်သူတို့ စိတ်သက်သာရာရ အောင် ဆောင်ရွက်ပေးပါ။
ဒီပြသနာအတွက် တကယ်စိတ်မကောင်းကြောင်းပြောပါ ။ ဒါ ဆိုရင် ကျေနပ် လောက်တဲ့ အကျိုးထူးတွေ ရလာမှာပါ ။


၂။ ကျွန်တော်တို့  ဆောင်ရွက်ပေးနိုင်တာများရှိပါသလား။

တစ်ခါတစ်ရံတော့ ဒီမေးခွန်းက မေးရခက်ပါတယ်။ အထူးသဖြင့် ပေါင်းသင်းရခက်တဲ့  ၀ယ်ယူအားပေးသူတွေနဲ့ 
တွေ့  ရရင် ပိုဆိုး တယ်။ ၉၉ ရာခိုင်နှုန်းက မရှိ ပါ ဘူး လို့ ပြောနိုင် ပေမယ့် ဒီလို အမေးခံရတာကို တော့ နှစ်သက်ကြပါ တယ် ။


၃ ။ " ၀မ်းမြောက် ၀မ်းသာပါပဲ "

ကိုယ်ပေးနိုင်တဲ့  အကူအညီမျိုးလာတောင်းတဲ့ အခါ သာမန် ဟုတ်ကဲ့  လို့ ပြော လိုက် တာထက် လိုလိုလားလား
တက်တက်ကြွကြွ ဖြေတာကိုပိုကြိုက်ကြတယ် ။ကိုယ့်အတွက်ဘာမှ အပန်းမကြီး ဘဲ တစ်ဘက်သားက ကိုယ့် ကို အကောင်းမြင်
စိတ်နဲ့ သတိ ပြုမိသွားမယ် ။


၎ ။ ကျေးဇူးတင်ပါတယ် ။

ဒီစကားက ၀န်ဆောင်မှုပေးရတဲ့  လုပ်ငန်းတွေမှာ အများဆုံး ပြော နေကျ စကားတစ်ခွန်းဖြစ် တာကြောင့်
မပြောဘဲမနေ မိပါစေနဲ့ ။ မပြောမိရင် ၀ယ်ယူအားပေးသူ ရဲ့ စိတ်ထဲမှာ မကျေမလည် ဖြစ်သွား လိမ့် မယ် ။ ၀ယ်ယူအားပေး မယ့် သူတွေ မရှိ ရင် သင့် company ရော သင့်အလုပ် ပါမတည် မြဲနိုင်ပါ ဘူး ။

Friday, May 8, 2009

သိသင့်သော အကြောင်းအရာ


If you consider me as your lover

Do it when you know me indistinctly.

If you know too much

It may happen you connot love me.



ချစ်သူအဖြစ် ဆုံးဖြတ်တော့မယ်ဆိုရင်

အကြောင်းမသိတသိ အချိန်မှာ ဆုံးဖြတ်ပါ။

အကြောင်းသိပ်သိသွားရင်

ချစ်ဖြစ်ချင်မှ ချစ်ဖြစ်နိုင်လိမ့်မယ်။

သတ်မှတ်ခြင်း



A love is complete

With a kiss
At least made once.


ပြည့်စုံတဲ့ အချစ်ဟာ
အနည်းဆုံး တစ်ကြိမ်နမ်းဘူးတဲ့အချစ်....။

စဉ်း စား ပါ.....


 

If somebody proposes

Love to you

First, you thank him.

Then. you will think to accept of not.


တစ်ယောက်ယောက်က

ကိုယ့်ကို ချစ်ရေးဆိုလာတဲ့ အခါ

ပထမဆုံး ..... ကျေးဇူးတင်လိုက်ရမယ်။

ပြီးမှ.....ပြန်ချစ်မချစ် စဉ်းစားမယ်။

Monday, February 9, 2009

ပေးနိုင်တဲ့ စိတ်ဟာ အင်အားကြီးတဲ့စိတ်

သူများကို အကူအညီ ပေးလိုက်ခြင်းအားဖြင့်

ကိုယ့်ကိုကိုယ် လေးစားမှုတိုးလာတယ်။

စိတ်ချမ်းသာမှုလည်းရတယ်။

ဒါဟာ တော်တော်အဆင့်မြင့်တဲ့ ကျေနပ်မှုဖြစ်တယ်။

သူများကိုဒုက္ခ ရောက်အောင်လုပ်ပြီး သူများ ဒုက္ခရောက်လို့ 

ကျေနပ်မှု၇တယ်ဆိုတာမျိုးက တော်တော် အဆင့်နိမ့်တဲ့ 

ကျေနပ်မှုဖြစ်တယ်။ ဒီလိုလူကို ပတ်ဝန်းကျင်ကလေးစားမှာမဟုတ်ဘူး။

လူ့ လောကကြီးကို ပိုပြိး ကောင်းလာစေချင်ရင် ဒီလိုအခြေခံလေးတွေကို

အလေးထားပြီးလုပ်ရမယ်။ ကိုယ့်စိတ်ထားကိုအဆင့်မြှင့်ပါ။

ကိုယ့်ကိုယ်ကို ပိုပြီး စိတ်ထားကောင်းတဲ့သူဖြစ်အောင်

လုပ်တာဟာ လောကကြီးရဲ့  အကျိုးကိုဆောင်တာပဲ။

ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့ သူ ဖြစ်အောင်လုပ်ပါ။

ကားမောင်းရင်း ဖြစ်တတ်တာကိုပဲ ဥပမာပေးပြီးတော့

စဉ်းစားကြအုံးစို့  ။ ကိုယ်က ကားမောင်းပြီးတော့သွားနေတယ်။

နောက်က ကားတစ်စီးကလည်း မောင်း လာ ပြီးတော့ ကျော်တက်

ချင်နေတယ်။ အဲဒီအခါမှာ ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းရင်

လည်းရတယ်။ (လမ်းကျဉ်းတဲ့  နေရာဆိုပါတော့)။

ဖယ်ပေးမယ်ဆိုရင်လည်း ရတယ်။ အဲဒီအခါမှာ

ကိုယ်ကစိတ်ထားကောင်းကောင်းလေးနဲ့  ကိုယ့်ကား ကို

လမ်းဘေး ဘက်ကိုချပေးလိုက်တယ်။

နောက်က ကားက ကျော်တက်သွားတယ်။

ကိုယ်က လမ်းပေးလိုက်လို့ သူသွားရတာ။

ကိုယ်က ခွင့် ပြုလိုက်လို့ သူ ရသွားတာနော်။

ဘယ်သူက power ကြီးသလဲ။

ခွင့်ပြုလိုက်တဲ့သူက power ကြီးတယ်။

စိတ်ဓါတ်အင်အားကြီးတယ်။

ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းထားလို့ သူကျော်တက်လို့ 

မရတာကို power လို့ ခံစားရတာနဲ့  ကိုယ်က လမ်းပေးလိုက်လို့ 

သူကျော်တက်သွားလို့ ရသွားတာကို Powerလို့ ခံစားရတာနှစ်မျိုးမှာ၊

ကိုယ်က ခွင့်ပြုပေးလိုက်လို့  သူ ရသွားတာကို powerလို့ ခံစားရတာက

အကျိုးပြုတဲ့ powerဖြစ်တယ်။ ကိုယ်က ခွင့်ပြုနိုင်ပါလျက်နဲ့ 

ခွင့်မပြု လို့  သူမရတာကို power လို့ ခံစား၇တာက အကျိုးမပြုတဲ့ 

power ဖြစ်တယ်။ နှစ်ဦး နှစ်ဖက် အကျိုးမရှိဘူး။ စိတ်မချမ်းသာဘူး

အဆင်မပြေဘူး။

လူတွေရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို အင်အားကြီးတဲ့ သူဆိုတဲ့ 

ခံစားမှုမျိုးကို လိုချင်ကြတယ်။ အဲဒါကို မှန်ကန်တဲ့နည်းနဲ့ ရအောင်

လုပ်သင့်တယ်။ ပေးတဲ့သူက အင်အားကြီးတဲ့သူ

ဆိုတာကို နား လည်သင့်တယ်။

ပေးနိုင်တဲ့ စိတ်ဟာ လွတ်လပ်တဲ့စိတ် ဖြစ်တယ်။မပေးနိုင်တဲ့ စိတ်ဟာ

မလွတ်လပ်တဲ့စိတ် ဖြစ်တယ်။မအေးချမ်းတဲ့ စိတ်ဖြစ်တယ်။

တွန့် တို တဲ့စိတ်ဖြစ်တယ်။

အင်အားကြီးတဲ့ သူဟာ ပေးနိုင်တဲ့ဖြစ်တယ်။အင်အားကြီးတဲ့သူဟာ

စွန့်လွှတ်နိုင်တဲ့သူဖြစ်တယ်။ အင်အားကြီးသူဟာ ဒီလို အသေးအမွှား

(လမ်းပိတ်မောင်းတဲ့) နည်းမျိုးနဲ့ အနိုင်မယူဘူး။

အင်အားကြီးတဲ့သူဟာ အနိုင်အရှုံးကိုမစဉ်းစားဘူး။

သင့်တော်သလား၊မသင့်တော်ဘူးလားဆိုတာပဲ စဉ်းစားတယ်။

အင်အားကြီးတဲ့သူဟာ အသိညဏ်နဲ့ ယှဉ်ပြီး စဉ်းစားတယ်။

ဆုံးဖြတ်တယ်။ ပုဂ္ဂိုလ်စွဲ မပါ၊ ဘက်လိုက်တာမပါဘဲ လက်ရှိ

အခြေအနေမှာ အသင့်တော်ဆုံး၊အကောင်းဆုံး၊ အကျိုးအရှိဆုံးကို

ရွေးပြီးလုပ်တယ်။ အသိညဏ်ကရွေးချယ်တယ်။ဆုံးဖြတ်တယ်။

အတ္တစွဲက ရွေးချယ်တာဆုံးဖြတ်တာမဟုတ်ဘူး။

ပုဂ္ဂိုလ်စွဲ၊အတ္တစွဲ ရဲ့ လွှမ်းမိုးမှုကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ 

ဘက်လိုက်တဲ့စိတ်နဲ့ ၊မသင့်တော်မှန်းသိရက်နဲ့  မသင့်တော်တာကို

လုပ်နေတဲ့ သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကိုမရနိုင်ဘူး။

နောက်ဆုံး လိုရင်းကိုပြောရရင် ကိုယ့်ကိုယ်ကို တစ်နေ့  တစ်ခြား

ပိုပြိးလေးစားလာအောင် နည်းမျိုးစုံ နဲ့ လုပ်သင့်တယ်။ ကိုယ့်ရဲ့ 

စိတ်နေသဘောထား၊ နေပုံ၊ထိုင်ပုံ ၊ပြောပုံ၊ဆိုပုံ၊ စည်းကမ်း၊သပ်ရပ်မှု

သန့် ရှင်းမှု၊ ကိုယ်နဲ့ ပတ်သက်တာမှန်သမျှ အားလုံးကို ပိုပြီး

ကောင်းအောင်လုပ်သင့်တယ်။

ကိုယ့်ကိုယ်ကို ပိုပြီးကောင်းအောင် လုပ်တဲ့ နည်းနဲ့ ကိုယ့်ကိုယ်ကို

လေးစားတဲ့သူ၊ ကိုယ့် အကျိုးကိုရော အများအကျိုးကိုပါ

ဆောင်ရွက်နိုင်တဲ့ သူ၊ လောကကြီးကို...........

အလှဆင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေ။


ဆရာတော် ဦးဇောတိကအား ဤဆောင်းပါးဖြင့်

ဂါရ၀ပြုပါသည်..........

Saturday, February 7, 2009

မိန်းမကောင်းမိန်းမမြတ်၏ အဆင်းလက္ခဏာ

မယား ကောင်း မယားမြတ်ဟု အခေါ်ခံရသောမိန်းမတို့၏

အဆင်း၊အင်္ဂါ ၊ လက္ခာတို့ သည်အောက်ပါအတိုင်းရှိလေသည်။

နူးညံ့သောအသားရေရှိသည်။

မည်းနက်၍ ရှည်လျားသောဆံပင်ရှိသည်။

ရွဲ၍ ကြည်လင်သော မျက်လုံး ရှိသည်။

မျက်တောင်ကော့သည်။

မျက်ခုံးနက်သည်။

နှာတံအဆင်းပြေပြစ်သည်။

နီမြန်းသော ပါးစပ်၊ နှုတ်ခမ်းရှိသည်။

ရင်စိုသည်။

ပါး၍၀န်းသော နားရွက်ရှိသည်။

လည်တိုင်သေးသည်။

လည်အရစ်သုံးတန်း ရှိသည်။

နူးညံ့သေးသွယ် ပြည့် တင်း နီးမြန်းသောလကဖ၀ါးခြေဖ၀ါးရှိသည်။

ချစ်ဖွယ်သောစကား ပြောဆိုတတ်သည်။

ဖြည်းညင်းနူးညံ့စွာ သွားလာတတ်သည်။

အရှက်အကြောက်ကြီးသည်။

စကားတိုးတိုးသက်သာပြောဆိုတတ်သည်။

လောကနီတိကျမ်း အလိုရမူ----

ရွှေသောအသားအရေရှိသည်။

သမင်မမျက်စိကဲ့ သို့  ညိုသောမျက်စိရှိသည်။

ခါးစည်းတင်ကျယ် ငယ်သောဝမ်းရှိသည်။

ဆင်နှာမောင်းကဲ့  သို့  အရင်းမှသည်

အဖျားတိုင်အောင်သွယ်သောပေါင်ရှိသည်။

ဖြေ၍နောက်သို့  လှန်သော် ရှည်သော

အဖျား ကော့သောဆံပင်ရှိသည်။

ကြီးငယ်မထင် ညီညွတ်သောသွား အစဉ်ရှိသည်။

နက်သောချက်ရှိသည်။

ကောင်းသော အလေ့ အကျင့်ရှိသည်။

ဤသို့  သောအဆင်းလက္ခဏာ ရှိသောမိန်းမ၊ မယားကို

ယုတ်သောအမျိုး ၌ ဖြစ်စေကာမူ လက်ထပ်ပေါင်းသင်း

ဆက်ဆံအပ်သည်။

Tuesday, February 3, 2009

အမှန်တရား



Technology
&
computers
cannot produce a " KISS "


နည်းပညာတွေ ကွန်ပျူတာတွေဟာ

“ အနမ်း ”


ကိုမထုပ်လုပ်နိုင်ပါ ။

Friday, January 30, 2009

မိန်းမတို့ အရွယ် အခေါ်အမည်


Friends18.com Orkut MySpace Hi5 Scrap Images


မိန်းမတို့ နှင့် ပတ်သက်၍ အသက်အရွယ်အလိုက် ခွဲခြား၍အောက်ပါ

အမည်အမျိုးမျိုး ဖြင့် ခေါ်ဝေါ်ကြသည်။


၁။(၈) နှစ်သမီး အသက်အရွယ် = ပျိုဖြစ် နုနယ်သော

အရွယ်၊ဖြူသောဖျော့သော အနီရောင် အသွေးရှိသောအရွယ်(ဂေါရိ)

၂။(၁၀)နှစ်သမီး အသက်အရွယ် သူငယ်မ (ကညာ)

၃။ (၁၂)နှစ်သမီးအသက်အရွယ်=သတို့သမီး(ကုမာရီ)

၎။(၁၅)နှစ်မှာအိမ်ထောင် မပြုမချင်းအရွယ်၊ အပျိုကြီး(ကုလ္လကုမာရီ)

၅။အိမ်ထောင်ပြုပြီးသော မိန်းမကို =မိန်းမ(ဣထ္ထိ)

မိန်းမအသက်အရွယ်နဲ့  ခေါ်ပုံ

၁။ ဒါရိကာအရွယ်..............................(၇)နှစ်

၂။ဂေါရိအရွယ်...................................(၈)နှစ်

၃။ကညာ............................................(၁၀)နှစ်

၎။ကုမာရီ............................................(၁၁)နှစ်

၅။သွေးစုန်း .........................................(၁၃)နှစ်

၆။မျက်မည်း ........................................(၁၅)နှစ်

ရ။မျက်ဝန်း ..........................................(၂၀)နှစ်

၈။ မျက်ညွတ် ........................................(၂၅)နှစ်

၉။မြောင်းကူး .........................................(၄၀)နှစ်


Friends18.com Orkut MySpace Hi5 Scrap Images


ဆရာတော်ဦးသြဘာသ ၏

(သုတေသန သရုပ်ပြအဘိဓါန်ကျမ်း)

မယား မြတ်


Friends18.com Orkut MySpace Hi5 Scrap Images


အမျိုး အနွယ်၊သန့်စင်ကြယ်လျက်
ဆင်းရွယ်ပျိုနု၊စံမတုအောင်
နာရုအဌိ ဆ၀ီမံသ
ဝယမည်သာ ငါးကလျာနှင့်
ကောင်းစွာစုံလင် လင်ကိုမြင်က
အလျင်ထ၍ ယုယကိုယ်နှုတ်
ကျင့်မဟုတ်သား ပုဗ္ဗဌာယိနိ
ဦးချီလက်ပြိုင် ရှက်ကာဆိုင်၍
လင်ထိုင်လင်အိပ် သားကိုသိပ်သို့ 
ခြေနှိပ်လက်စမ်း၊ စိတ်ချမ်းကြည်မြ
ရိုသေခလျက်၊ နောက်မှယှဉ်ကာ
အိပ်လေ့လာသည့်၊ ပစ္ဆနိပါတိနီ
ချိုအိနားဆိမ့်၊နှစ်သိမ့်ဖွယ်စု
ဘယ်အမှုကို၊ ဘယ်ပြုရံနည်း
ခြည်းခြည်းနှုတ်သံ၊ချေငံသာယာ
ဝါစာသိမ်မွေ့ ၊မေးလေ့ရှိထ
နာဖွယ်လှသား ၊ကိံကာရပဋိသာဝီနိ
မဖြိမသုန်၊မမှုန်မဆန်
ပြန်လှန်မမြွက်၊ နှစ်သက်ဖွယ်သာ
ကျင့်တတ်စွာသည့်၊ဣန္ဒာထံပါး
ခစားနေကြ၊ ဒေ၀စ္ဆသို့ 
မနာပစာရိနိ၊ တီတီတာတာ
ကြည်သာနှလုံး၊ရွှင်ပြုံးပြရယ်
ပျားသဖွယ်ဖြင့်၊ချစ်ဖွယ်ပြကတော့
သာချမ်းမြေ့အောင်၊ပြောလေ့ရှိထ
နှုတ်ချိုမြသား၊ပီယ၀ါဒီနိ
ထိုပြီအပ၊ဤလောကနှိုက်
လင်မှတစ်ပါး၊နတ်ယောင်္ကျားနှင့်
တွေ့ ငြားစေမူ၊ စောသမ္ဘူသို့ 
အယူမယွင်း၊စိတ်ညွတ်ခြင်းမျှ
ကင်းလတ်တုံဘိ၊ကျင့်မြတ်ရှိသား
အနဘိစာရီနိ၊ ကျမ်းညီမသွေး
သန္ဓေဥက္ကဌ်၊မိန်းမမြတ်တို့ 
ကျင့်ဝတ်ဖြိုးပုံ၊ ခြောအင်စုံလျက်.....

Friends18.com Orkut MySpace Hi5 Scrap Images

(မာဃဒေ၀-၁၄၆)

Monday, January 26, 2009

ရှင်ဘုရင်နှင့်တိုင်းပြည်အရည်အချင်း

မင်းကျင့်တရား ၁၀ ပါး

၁။ ဒါန- အလှူပေးခြင်း။

၂။
သီလ- သီလဆောက်တည်ခြင်း။

၃။
ပရိစာဂ- စွန့် ကြဲပေးကမ်းချီးမြှင့်ခြင်း။

၎။မုဒုက- ကိုယ်နှုတ်နှလုံး နူးညံ့သိမ်မွေ့ ခြင်း။

၅။ဥပေါသထ- အခါအားလျော်စွာ ရှစ်ပါးသီလစောင့်ခြင်း။

၆။အက္ကောဓ- အမျက်မထွက်ခြင်း၊ သိုသိပ်ခြင်း။

ရ။အ၀ိရောဓန- ရဟန်းရှင်လူ ပြည်သူတို့ အားမဆန့် ကျင်ခြင်း။

၈။အ၀ိဟိံသ- အခွန်အတုပ် အမျိုး မျိုးဖြင့် မညှဉ်းဆဲမနိုပ်စက်ခြင်း။

၉။ခန္တီ- သည်းခံခြင်း

၁၀။သမ္မာမဋပန္တ- ဖြောင့်မတ်မှန်ကန်စွာ ကျင့်ခြင်း



မင်းဧကရာဇ်သတ္တိ ၃ ပါး

၁။မန္တသတ္တိ- ပညာရှိတို့ နှင့် တိုင်ပင်နှီးနှောမှု

၂။ဥသဟသတ္တိ- ရိက္ခာ၊လက်နက်၊ စစ်သည် ရှာမှီးမှု

၃။ပဘာဝသတ္တိ- စိမ်းကျက်မရွေး အပြစ်ပေးဆုံးမမှု


ဗြဟ္မစိုရ် ၄ ပါး

၁။မေတ္တာ- ပြည်သူပြည်သားများကို မိမိကိုယ်နှင်းအမျှ

ချစ်ခင်ခြင်း။

၂။ကရုဏာ- ဆင်းရဲသား များအား သနားကရုဏာထားခြင်း

၃။မုဒိတာ- ချမ်းသာသူများအတွက် ၀မ်းမြောက်။

၎။ဥပေက္ခာ- ဆင်းရဲမှု ချမ်းသာမှုတို့ ကိုမမှုသောစိတ်ထားခြင်း။

နာယကဂုဏ် ၆ ပါး

၁။ခမာ- သည်းခံခြင်း။

၂။ဇာဂရိယ- နိုးကြားထကြွမှုရှိခြင်း။

၃။ဥဌာန- လုံ့ လ၀ိရိယကောင်းခြင်း။

၎။သံဝိဘာဂ- ချီးမြှောက်ထောက်ပံ့ခြင်း။

၅။ပယာ- သူတစ်ပါးအား သနားကြင်နာခြင်း။

၆။ဣက္ခနာ-ဆင်ခြင်ညဏ်နှင့်ပြည့်စုံခြင်း ။


အသိညဏ် ၅ ပါး


၁။အတ္တညူ- အကျိုးစီးပွားရှိ မရှိ ပိုင်းခြားသိမှု။

၂။ဓမ္မညူ- တရားတော်နှင့်ညီ မညီ သိနားလည်မှု။

။မတ္တညူ- ရှေ့ အလားအလာအတိုင်း အရှည်ကိုတွက်ဆတတ် မှု။

၎။ကာလညူ- အချိန်ကာလသင့် မသင့် ချင့်ချိန်နိုင်မှု။

၅။ပရိသညူ- ပရိသတ်ပြည်သူတို့ ၏ သဘောဆန္ဒ ကိုသတိထားကြည့်မှု။


တိုင်းပြည်အင်္ဂါ ၇ဖြာ

၁။ပြည့်ရှင်မင်း ရှိရမည်။

၂။ ၀န်ကြီး ၊ မှူးကြီး၊ မတ်ကြီးများ ရှိ ရ မည်၊

၃။မဟာမိတ်မင်းများ ရှိရမည်။

၎။စားနပ်ရိက္ခာ၊ ရွှေငွေ ဘဏ္ဍာ ရှိရမည်။

၅။တစ်ဖက်ရန်ကို တွန်းလှန်နိုင်မည့် ပြင်ဆင်မှု

အစီအရင်များ ရှိရမည်။

၆။ နိုင်ငံတော် ကျယ်ပြန့် ရမည်။

ရ။ စစ်သည်ဗိုလ် ပါ တပ်အင်္ဂါများပြည့်စုံရမည်။


တိုင်းပြည်ရတနာ ၉ ပါး

၁။ပြည့်ဦးကင်း- တိုင်းရေးပြည်၇ာ ရွက်ဆောင်သော မှူး မတ်များ

၂။ပြည့်တံခွန်- သီလ၊သမာဓိ၊ ပညာပြည့် စုံသောရဟန်းသံဃာများ။

၃။ပြည့်မျက်စိ-ဆေးဆရာ၊ ယန္တားဆရာ၊ ကျောင်းဆရာ၊

စာပေပညာရှင်များ၊

၎။ပြည့်မျက်နှာ- လှပသော သမီးကညာများ။

၅။ပြည့်ဝမ်းဗိုက်- စားရေး ရိက္ခာသိုလှောင်သောစပါးကျီများ၊ လယ်ယာများ

၆။ပြည့်ခြေ-ဆင်၊မြင်း၊ကျွဲ၊နွား ယာဉ်မျိုးစုံ၊

ရ။ပြည့်စွယ်- သူ၇သတ္တိရှိသော ဗိုလ်မှူး တပ်မှူးများ၊

၈။ပြည့်နား- သစ္စာရှိ သူလျှိုစုံထောက်များ။

၉။ပြည့်လက်-ခဲယမ်း မီးကျောက် အမြောက်လက်နက်များ၊

Sunday, January 18, 2009

you and I


I lose control because of you babe

I lose control when you look at me like this

THere's something in your eyes that is saying tonight

I'm not a child anymore, life has opened the door

To a new exciting life
I lose control when I'm close to you babe

I lose control don't look at me like this

There's something in your eyes, is this love at first sight

like a flower that grows, life just wants

you to know . All the secrets of life.

It's all written down in your lifelines

It's written down inside your heart

you and I just have dream

To find our love a place where we can hide away

you and I we were just made

To love each other now, forever and a day...Yeah

I lose control because of you babe

I lose control don't look at me like this

There's something in your eyes

that is saying tonight

I'm so curious for more just like

never before in my innocent life

It's all written down in your lifelines...Yeah

It's written down inside your heart

You and I just have a dream

To find our love a place,where we can hide away

you and I we were just made

To love each other now, forever and a day...Yeah

Time stands still when the days of innocence

Are falling for the night.

I love you girl I always will

I swear I'm there for you, Till the day I die

You and I just have a dream

To find our love a place,

Where we can hide away

You and I we were just made

To love each other now, forever and a day

You and I just have a dream

To find our love a place

where we can hide away

You and I we were just made

To love each other now,

Forever and a day........Yeah...

{ you and I}........ fade out ....





Wednesday, January 14, 2009

အလှဆိုတာ နာရီလက်တံလို

လှပတဲ့ ချစ်သူ၊ ငါ့အတွက် မင်း ဘယ်တော့မှ မအိုနိုင်ဘူး။

မင့်မျက်လုံးတွေ စတွေ့ ကတည်းက

မင့်အလှက ဒီအတိုင်းသာပဲ၊ ဆောင်းသုံးလရဲ့  အအေးဓာတ်က

သစ်တောရဲ့ နွေသုံးလရဲ့ မာနကို လှုပ်ခါပစ်လိုက်တယ်။

ငါ့တွေ့ ကြုံရတဲ့  ရာသီစက်ဝန်းမှာ

လှပတဲ့  နွေဦးသုံးလဟာ ၀ါရွှေတဲ့ ဆောင်းဦးသို့  ပြောင်းလဲခဲ့။

ဧပြီ သုံးလ မွှေးရနံ့ တွေဟာ ပုလောင်တဲ့ ဇွန် သုံးလမှာ လွင့်ပါးခဲ့ရ။

မင့်ကို ငါ လန်းလန်းဆန်းဆန်း တွေ့ ခဲ့ရကတည်းက စိမ်းလန်းဆဲပါ။

အို.... အလှဆိုတာ နာရီလက်တံလို

ရွေ့ လျားပေမယ့် လှုပ်ရှားမှုကို မမြင်ရ။

မင့်ချစ်စရာ ပုံပန်းဟာ ရပ်တံ့နေ တယ်လို့  ငါထင်ပေမယ့်

ရွေ့ လျား မှုရှိ၊ ငါ့မျက်လုံးဟာလှည့်စားခံရတာ ဖြစ်နိုင်။

မင့် မအိုသေးတာကို စိုးရွံ တာ ကြောင့် နားဆင်ပါလေ

မင်း မမွေးမီကပင် အလှရဲ့ နွေဟာ သေဆုံးခဲ့ရရှာ။



To me, fair love, you never can be old,

For as you were when first your eye I eyed

Such seems your beauty still. Three winter's cold

Have from the forests shook three summer's pride;

Three beauteous springs to yellow autumn turn'd

Inprocess of the seasons have I seen,

Three April perfumes in three hot Junes burn'd,

Since first I saw you fresh, which yet are green.

Oh ! yet doth beauty,like a dial-hand,

Steal from his figure, and no pace perceived;

So your sweet hue, which me thinks still doth stand,

Hath motion, and mine eye may be decieved:

For fear of which, hear this, thou age unbred,---

Ere you were born, was beauty's summer dead.


W. SHAKESPEARE

Friday, January 9, 2009

စိုးရိမ်စိတ်


Friends18.com Orkut MySpace Hi5 Scrap Images


“မိန်းခလေး တွေ သိတဲ့ အကြောင်း အရာနဲ့ ပတ်သက်ပြီး

အေမေတြ မစုိးရိမ္ဘူး၊

အဲဒီအကြောင်းကို သူတို့ ဘယ်ကသိသလဲဆိုတာနဲ့ 

ပတ်သက်ပြီးပဲ အမေတွေ စိုးရိမ်ကြတယ်”

စကား အမှန်


Friends18.com Orkut MySpace Hi5 Scrap Images


“သူမ အင်မတန် လှတယ်လို့  မိန်းခလေး တစ်ယောက် ကို

ပြောကြည့် ၊ နောက် ခင်ဗျားပြောမယ့် လိမ်ညာစကားတွေ

အားလုံးကို အမှန်လို့ ပဲ သူမထင်ဖို့ များတယ်”