Saturday, June 26, 2010
ရဲချုပ်ခင်ရီ၏တစ်သက်စာအလွဲများ
မင်္ဂလာဈေးမီးရှို့ တာဘယ်သူထင်လဲကွာ
ခင်ရီစဉ်းစား
သူ့ အမှား
ဦးထိန်ဝင်းများဖြစ်နေမလား….
ကွမ်းခြံကုန်းက ဒမြမှု
ခင်ရီသူပြုစု
အကြောင်းပြချက်သူဆင်ခြင်
စိုင်းသိန်းဝင်းကိုထင်
အက်စတူးအိုမဏ္ဍပ်ဗုံးခွဲတာ
ခင်ရီတလွဲတွေးပြန်ကာ
ဖြစ်နိုင်ချေရာနှုန်းလွဲ
ကျောင်းသားတွေကိုသူစွတ်စွဲ
လူသတ်မှုငါးလောင်းပြိုင်
ကိုခင်ရီနဲ့ မသက်ဆိုင်
ဖော်ထုပ်ဖို့ မကြိုးပမ်းရဲ
သူ့ အမေလင်တွေပါလို့ ပဲ
ကယောင်ခြောက်ခြားအတွေးမှား
ခင်ရီ့ တစ်သက်စာ အလွဲများ
 http://maungkhinezaw.blogspot.com
Thursday, June 24, 2010
နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ်ရှားမှု
အားလုံးသော မြန်မာ နိုင်ငံသူ နိုင်ငံသားပေါင်းတို့ခင်ဗျာ
လက်ရှိ စစ်အစိုး၏ တရားမျှတမှုမရှိသော အုပ်ချုပ်ရေး စနစ်များကြောင့် ကျွန်ူပ်တို့တိုင်းပြည် ၏ အခြေအနေသည် လွန်စွာ ဆိုးဝါးလျှက်ရှိပါသည်။
ထိုသို့ သော အုပ်ချုပ်ရေးစနစ်ကို ပိုမိုအထောက်အပံ့ပေးမည့်  တရားမျှတမှုမရှိသည့်ရွေးကောက်ပွဲကို ကျင်းပကာ
တနိုင်ငံလုံးအား ကျွန်အဖြစ်သွတ်သွင်းရန်ကြိုးစားနေသည်ကို တွေ့ရှိ၇ပါသည်။
ယနေ့ ကျွန်ူပ်တို့ ထိုရွေးကောက်ပွဲကို  လက်ခံလိုက်လျှင် နောင် တဘ၀လုံး ယူကြုံးမရ ဖြစ်ကာ နောင် တကြီးစွာ ရပေလိမ့်မည်။
ထိုကြောင့် အားလုံးသော မြန်မာနိုင်ငံသားများအနေဖြင့် ကျရာ အခန်းဂဏ္ဍကနေ ရွေးကောက်ပွဲ့ကို ဆန့်ကျင်သင့်ပေသည်။
ကျွန်ူပ်ယနေ့ရေးသားထားသော စာများကို ဟောပြောပွဲများ တွင် ပြောကြားချင်ပါသော်လည်း  လူအခွင့်အရေးဟူသမျှ
အားလုံးပျောက်ဆုံးနေသောနိုင်ငံတွင် ဘာမှ လုပ်ပိုင်ခွင့် မရှိသောကြောင့်စာအနေဖြင့်သာ ရေးသားတင်ပြလိုက်ရပါသည်။
Tuesday, June 22, 2010
နအဖမှ ကိုဖိုးတရုတ်ကင်း (www.photayokeking.org) အင်တာနက်စာမျက်နှာအား တိုက်ခိုက်ဖျက်ဆီး။
အင်တာနက်ရဲ့ ရန်သူလို့  ကမ္ဘာတစ်ဝှမ်းလုံးကနေ သတ်မှတ်ခြင်းကို ခံနေရတဲ့ နအဖဟာ ဒီမိုကရေစီအင်အားစုများရဲ့  အင်တာနက်စာမျက်နှာများကို လိုက်လံတိုက်ခိုက် ဖျက်ဆီးလျက်ရှိပါတယ်။
ယခုအခါမှာတော့ နာမည်ကျော် လူကြိုက်များလှပြီး နအဖနဲ့ တပ်မတော်ရဲ့ အကြောင်းတွေကို ဖေါ်ပြလေ့ရှိနေတဲ့ ကိုဖိုးတရုတ်ကင်းရဲ့  အင်တာနက်စာမျက်နှာကို တိုက်ခိုက်ခဲ့ပါတယ်။
အောက်ဖေါ်ပြပါပုံကတော့ တိုက်ခိုက်ခံရပြီးနောက် ဖွင့်ကြည့်၍ မရေတော့သော “စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ် ဖြစ်ပါတယ်။
အောက်ဖေါ်ပြပါပုံကတော့ တိုက်ခိုက်မခံရခင်အထိ ဖွင့်ကြည့်ရနေသော “စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ် ဖြစ်ပါတယ်။
နအဖဟာ အင်တာနက်ကို ပိုမိုတင်းကျပ်မှုတွေ၊ နှောင့်ယှက်တိုက်ခိုက်မှုတွေ ယခင်ကထက် ပိုမိုလုပ်လာတာကို တွေ့ရပါတယ်။
နအဖရဲ့ လုပ်ရပ်တွေကို တစ်ချိန်လုံး တင်ပြပေးနေတဲ့ ကိုဖိုးတရုတ်ကင်းရဲ့ “စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်ဟာ ဒီကနေ့ညက စပြီးဖွင့်လို့မရတော့တာကို တွေ့ရပါတယ်။
“စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်ဟာ နအဖ အင်တာနက်ထောက်လှမ်းရေးတွေရဲ့ နှောင့်ယှက် တိုက်ခိုက်မှုကို မကြာခဏခံနေရတာလည်း ဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုမှာ DDoS နည်းနဲ့ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပြီးတော့ နအဖ (၄) လပါတ်နဲ့ အချိန်အခါကိုက် သခင်အားရအောင် လုပ်ပြတဲ့ နအဖ အင်တာနက်ထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်လို့ ပြောဆိုနေကြပါတယ်။
http://www.niknayman-niknayman.co.cc
မှကူးယူဖော်ပြပါသည်။
Saturday, June 19, 2010
အံ့ဖွယ်မြန်မာ့မီဒီယာ
ကွန်ပြူတာစားပွဲရှေ့ မှာထိုင်လိုက်ကတည်းက ကဗျာလေး တစ်ပုဒ်ရေးမယ်ဆိုပြီးထိုင်လိုက်မိတာပါ။ သို့ ပေမဲ့ ၁၁.၆.၂၀၁၀ သောကြာနေ့ ည ၈ နာရီက ထုပ်လွှင့်သွားတဲ့ 
မြန်မာအသံရုပ်မြင်သံကြား (MRTV) သတင်းက အတွေးထဲကိုပြန်ဝင်လာတာနဲ့  ဤဆောင်းပါးလေးကိုရေးမိလိုက်တာပါ။
Thursday, June 17, 2010
မေးလိုက်ချင်ပါသည်
အကျွန်ုပ်သည်ဤ ဆောင်းပါးအားရေးရန်သင့်မသင့်ချိန်ဆခဲ့သည်မှာ
ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပါသည်။
အမှန်ပြောရလျှင်မူ…အနီုး အကျွန်ုပ်ကား နိုင်ငံရေးသမားတစ်ယောက်မဟုတ်သကဲ့သို့ 
နိုင်ငံရေးကိုစိတ်ဝင်စားသူ တစ်ယောက်လဲမဟုတ်ပါ
သေချာအောင်ပြောရလျှင်နိုင်ငံရေးကိုနကန်းတစ်လုံးမှ နားမလည်ကြောင်းကိုလဲဝန်ခံပါသည်။
ယ္ခုကျွန်ုပ်တို့ ရောက်ရှိနေသော ခရစ်နှစ်သက္ကရစ်၂၀၁၀ ခုနှစ်သည်အနဲငယ်မျှ
ထူးခြားနေသည်ဆိုကလွန်အံ့မည်မထင်ပါ။
Wednesday, June 9, 2010
တမ်းတစိတ်
ညှီစို့ စို့ အလွမ်းအသားတစ်တွေထဲ
 တမ်းတမှုလောက်လန်းကောင်တွေ
အောင်သေအောင်သားပွဲတော်တည်နေလေရဲ့
လေညှင်းတွေနဲ့ ထုံမွမ်းထားတဲ့ 
သန်းခေါင်ယံက
မလုံ့ တလုံဆင်မြန်းထားသေးတယ်.....