Wednesday, December 9, 2009

တိမ်တွေငိုတဲ့ နေ့ 










အသဲကွဲအရသာ

ချိုမြမြ ရှတတလဲမဟုတ်

တစ်ခါတစ်ခါ

ရင်ဘတ်ထဲလှိုက်ခနဲဖိုမော

ဘာဇောဘာဆန္ဒမှန်းမသိ

ပကတိကြည်လင်စိတ်မရှိ

သူသိသိမသိသိ....လွမ်းတယ်


အသဲကွဲအရသာ

ဖိန်းတိန်းတိန်း စူးရှရှလဲမဟုတ်

အကြိမ်ကြိမ် အမောဖောက်

ညကတောခြောက်ခဲ့သလို

တော်လဲသံတွေနဲ့ 

ဘယ်အရာကိုမှမမြင်

ဝိုးတိုးဝါးတားနဲ့ ညဥ့်နက်မိ

သူသိသိမသိသိ....လွမ်းတယ်


အသဲကွဲအရသာ

ဘယ်အရာမှမချိုမြိန်ခဲ့ပါ

အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း

အကျဉ်းတန်နေခဲ့ပေါ့(8.12.2009)

အပြီးတိုင်ပဲစဉ်းစားခဲ့ပါတယ်....

ဘာပဲဖြစ်ဖြစ်........လွမ်းတယ်................


နန်းသင်းမို့ မို့ ကျော်ကို ရည်ရွယ်သည်...