Tuesday, January 26, 2010

ကိုယ်ဝန်ဆောင်တို့ ရောင်ကြဉ်ရန် အချက်များ


Friends18.com Orkut MySpace Hi5 Scrap Images
သားကောင်းသ္မီးကောင်းရတနာပိုင်ဆိုင်ပါစေ


၁။ ခဏခဏငိုကြွေးခြင်း၊မျက်ရည်ထွက်ခြင်းများ မပြုရ။

ထိုသို့ ပြုလုပ်ခြင်းကြောင့်မွေးဖွားလာသောကလေးသည်မျက်စိစောင်ခြင်း၊
မျက်စိကျယ်ခြင်း၊ကျဉ်းခြင်းစသည့်မျက်စိနှင့်ပတ်သက်သော ရောဂါများပါလာတတ်သည်။

၂။ မျက်စိကို ဆေးကွင်းခြင်း၊ပူသောစပ်သော မျက်စဉ်းတို့ ကိုခတ်ခြင်းမပြုရ။ ပြုလုပ်ပါက
မွေးဖွားလာသော ကလေးသည် မျက်စိကန်းခြင်း၊မျက်စိပေါက်မပါခြင်း၊မျက်စိရောဂါများပါလာတတ်သည်။


၃။မိမိ၏ ခြေသည်းလက်သည်းများ လှီးဖြတ်သောအခါ ခြေထိပ်လက်ထိပ်တို့ မှ သွေးသံစို့ ထွက်အောင်
အနာတရဖြစ်အောင်လှီးဖြတ်ခြင်းမပြုရ၊ ထိုသို့ ပြုလုပ်ပါက မွေးဖွားလာသော ကလေးသည်လက်ချောင်း
ခြေချောင်းလေးများ လှပမှုမရှိခြင်း၊ လက်ပွားခြေပွားအတက်များပါလာတတ်ခြင်းများရှိ၏။

၎။ညအခါ အချိန်မတော်ရေချိုးခြင်း၊ ရေကိုစိမ်၍ လည်းချိုးခြင်းများကိုရှောင်ကြဉ်ရမည်။ ဤသို့ 
ေ၇ချိုးခြင်းပြုလုပ်ပါကမွေးဖွားလာသော ကလေး သည် ကြက်ညှာရောဂါ ပါလာတတ်သည်။
နှာပိတ်ခြင်း၊နှာစေးခြင်းများလည်းဖြစ်တတ်ပြီးရေချိုးသောအခါ၌ ရေကိုကြောက်၍ ငိုကြွေးတတ်သည်။

၅။ မိမိကိုယ်ကို ပူလောင်သော အမွှေးနံ့ သာ အနံ့ ပြင်းသော နံ့ သာ နှင့်ဆေးလိမ်းခြယ်ခြင်းလူးနယ်
ခြင်းများမပြုရ။ ပြုလုပ်ပါက မွေးဖွားလာသော ကလေးသည် နူနာ တစ်မျိုးမျိုးပါလာတတ်ပါသည်။

၆။ နေ့ လယ်နေ့ ခင်း အချိန်များတွင် အမြဲအိပ်ခြင်း အလေ့ အထမပြုရ။ ဤသို့ ပြုလုပ်ခြင်းကြောင့်
မွေးဖွားလာသောကလေးသည် နေ့ ကိုသာအိပ်၍ ညဘက်တွင်မအိပ်ခြင်း၊ အပျင်းစွဲရောဂါ
များပါလာတတ်သည်။

၇။ မိမိကိုယ်၌ ပန်းများဝေဆာအောင်ပန်ခြင်းမပြုရ။ မွေးဖွားလာသောကလေးသည် ပန်းလိုနုပြီး
အသားအရေတို့ နာကျင်နွမ်းနယ်ခြင်း၊အကြော အရိုးမသန် ခြင်းများဖြစ်တတ်သည်။

၈။စူးရှကျယ်လောင်သောအသံများ၊မကောင်းဆိုးဝါး အသံများကိုနားမထောင်ရ။ ထိုသို့ သောအသံ
များကိုနားထောင်ခြင်းကြောင့် မွေးဖွားလာသော ကလေးသည် နား ပြည်ယိုခြင်း၊နားမကြားခြင်း၊
နားရွက်မလှခြင်းများဖြစ်တတ်သည်။

၉။မိမိကိုယ်ကို လွတ်လပ်သူတစ်ယောက်ကို ခုန်ပေါက် ပြေးလွှားဆော့ကစားခြင်းမျိုးမပြုရ။
ကြမ်းတမ်းသော မြင်းလှည်း၊နွားလှည်းတို့ ကို မစီးရ ယခုခောတ်(ဆိုင်ကယ်၊ထော်လာဂျီ စသည့်......)
တို့ ကိုမစီးရ မွေးဖွားလာသောကလေး သည် စိတ်မခိုင်ခြင်း၊လန့် ခြင်း၊ထိတ်ခြင်း၊တက်ခြင်း
ခဏခဏဖြစ်တတ်သည်။

၁၀။ မိမိကိုယ်ကိုစိတ်အပင်ပန်းခံခြင်း၊လူအပင်ပန်းခံခြင်းနှင့်မြင့်မားသော နေရာများတက်ခြင်း၊
သွားခြင်းမပြုလုပ်ရ၊ပြုလုပ်ပါက မွေးဖွားလာသော ကလေး သည်အချိန်ရောက်၍စကားမပြောတတ်ခြင်း၊
ရူးသွပ်နာပါခြင်းများရှိပြီး အတက်နာ၊ အန်သောရောဂါ၊ကိုယ်ရောင်နာများဖြင့်ပျက်စီးတတ်သည်။

၁၁။စကားပြောဆိုရာတွင် အဓိပ္ပါယ်မရှိသောစကား၊သိမ်ဖျင်းယုတ်ညံ့သောစကား၊ကြမ်းတမ်းသော
စကားများကိုမပြောဆိုရ၊ ထိုသို့ ပြောဆိုခြင်းကြောင့် မွေးဖွားလာသောကလေးသည် တောင်စဉ်
ရေမရ တန်ဖိုးမရှိသော စကားများပြောတတ်ခြင်း၊ရိုင်းစိုင်းယုတ်ညံ့သောစကားများကို
သန္ဓေဗီဇအရ ပြောဆိုတတ်သည်။

၁၂။ ကိုယ်ဝန်ရှိသောအိမ်ရှင်မသည် ခွန်အားစိုက်၍ မြေတူးခြင်း၊မြေသယ်ခြင်း၊အိမ်အလုပ်များ ကုန်းကုန်း
ကွကွနှင့် ပင်ပင်ပန်းပန်း မပြုလုပ်ရ၊ ပြုလုပ်ပါက မွေးဖွားလာသောကလေးသည် စကားထစ်ခြင်း၊ဆွံအခြင်း
များဖြစ်တတ်သည်။

၁၃။ညအခါ လေညင်းခံခြင်း၊ လေပြင်းအတိုက်ခံရခြင်း၊ လေတိုက်ထဲတွင် အိပ်နေခြင်းများမပြုလုပ်ရ။
ဤသို့ ပြုလုပ်ပါက မွေးဖွားလာသော ကလေးသည် ညအခါ တွင် မအိပ်ခြင်း၊လူးလိမ့်ငိုကြွေးခြင်း၊
ကျဗဟုံး အနက်အပြာအနာများပါခြင်း၊ အရွယ်ရောက်သည့်အခါ စိတ်မခိုင်ဘဲရူး ကြောင်ကြောင်
ဖြစ်တတ်သည်။

၁၄။ မိမိကိုယ်ကို ရယ်ရွှင်ဖွယ်ရာနှင့် ကြုံတွေ့ ပါက အား ရပါးရတ၀ါးဝါး၊တဟားဟားနှင့် အိနြေ္ဒမဲ့ စွာ
ရယ်မောခြင်းမျိုးမပြုရ၊ ပြုလုပ်ပါက မွေးဖွားလာသောကလေးတွင် နှုတ်ခမ်းရွှဲ့ ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊
လျှာတွင်အဖြူအနီအနက် လျှာ ကွက်နာပါတတ်ခြင်းများ ပါတတ်သည်။

ကလေးမွေးဖွားပြီးသောအခါ လေ လုံသော အခန်းတွင် နေပါစေ၊ထိုအခန်းတွင်းသို့ မည်သူမျှ မ၀င်ပါစေနှင့်
စိတ်အနှောက်အယှက်ဖြစ်စေတတ်သော အပြုမူမျိုးမလုပ်ပါနှင့် အိပ်ရာ ထက်တွင်အေးဆေးစွာ
အနားယူပါစေ။

ကျန်းမာရေးဌာနမှ သားဖွားဆရာမများနှင့်မွေးဖွားပါက သားဖွားဆရာမတို့ ပေးသောဆေးဝါးနှင့်
ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်စားသောက်ပါက မိခင်နှုင့်ကလေးပါကျန်းမာကြံ့ခိုင်မှုရှိပေမည်။

အချို့ အိမ်ရှင်မတို့ သည် အရပ်လက်သည်များနှင့်မွေးဖွားကြသည်ဖြစ်၏။ အရပ်လက်သည်များသည်
ရှေးလူကြိးများ၏အယူအဆအတိုင်း သားဖွားပေးကြသည်။

အရပ်လက်သည်များသည် ကလေးမွေးဖွားပြီးသော အိမ်ရှင်မများ အား အရက်ကောင်းကောင်းတစ်ခွက်
ကိုသောက်စေခြင်း(သို့ ) မီးမကင်ဆေးနှင့်ဆန်လွန်နနွင်းကိုဆတူရောပြီးရင်းပြားသွေးအရည်ကိုပါ
ထည့်၍ ရေနွေးနှင့်တိုက်ပေးကြသည်၊ရေချိုးသည့်အခါတွင်လည်း ရေနွေးကိုခပ်နွေးနွေးထားပြီး
ချိုးစေရမည်။

ရေချိုးပြီးသည့်အခါတွင် တောင်နန်ကြီးကိုလိမ်းခြင်း(သို့ ) နနွင်းကိုတစ်ကိုယ်လုံးလိမ်းခြင်းပြုရာ၏

ကလေး၏ချက်ကြိုးကိုလည်း အဆောတလျှင် ဖြတ်တောက်ခြင်းမပြုရ။ ချက်ကြိုးတွင် ရှိနေသော သွေး
များသည် လှုပ်ရှားနေစဉ် ကလေးငယ်မှာ အားပိုမိုရှိစေနိုင်သည်။ သွေးများ ရပ်တန့် သွားသော်
ချက်ကြိုးကိုစည်းနှောင်ထားပါ။ ချက်ကြိုးကြွေကျပါလိမ့်မည်။ထိုသို့ ကြွေကျသည့်အခါ ချက်တွင်
အနာကလေးများကျန်ရစ်ခဲ့မည်ကိုမစိုးရိမ်ပါနှင့်။ ခြောက်သွေ့ သွားပါလိမ့်မည်။

No comments: