Tuesday, January 12, 2010

မိန်းကလေးများနှင့်ပဋိသန္ဓေကိစ္စ





အိမ်ထောင်ရှင်အဖြစ်သို့ ရောက်ရှိလာကြသော မိန်းခလေးတို့ သည်လူ့ လောကဓမ္မတာအရမိမိတို့ ၏အမွေကို
ဆက်ခံမည့်မျိုးဆက်သစ်သား ရတနာ သမီးရတနာများကိုမွေးထုတ်ပေးရမည်ဖြစ်သည်။

လူတို့ သည်ဖိုဓါတ် မဓါတ်ဟူသည့်ဓါတ်ချင်းမတူသည့်လိင်ဆန့်ကျင်ဘက်များ ဖြစ်လေသည်။လိင်မတူသောဖိုမနှစ်ဦးတို့ 
ထိတွေ့ ဆက်ဆံခြင်းမှ မဖြစ်သူ မိန်းမတို့ မှာ ပဋိသန္ဓေရှိတတ်ခြင်းများဖြစ်ပေါ်စေသည်။

အချို့ သော အိမ်ထောင်ရှင် ယောင်္ကျား မိန်းမတို့ မှာ ယောင်္ကျားဖြစ်သူ မြုံ၍လည်းကောင်း၊မိန်းမဖြစ်သူမြုံ၍လည်းကောင်း
သားသမီးမရရှိ ကြပေ။

ယောင်္ကျားမိန်းမတစ်ရာလျှင် ဆယ်ဦးမှာ အမြုံများဖြစ်တတ်သည်ကိုဆေးပညာရှင် သုတေသီတို့ ကတွေ့ ရှိသည်ဟု
ဆိုကြပေသည်။

လူ့ လောကတွင်အိမ်ထောင်ရှင်အဖြစ်သို့ ရောက်ရှိလာကြသော မိန်းကလေးတို့ သည် သားသမီးရတနာများ
မထွန်းကားလျှင်တင့်တယ်မှု မပြည့်စုံကြပေ။

သာယာချမ်းမြေ့ ပျော်ရွှင်ဖွယ်ကောင်းသောအိမ်ထောင်ရေးရရှိရန်မှာ ရွှေငွေရတနာ ပစ္စည်းဥစ္စာတို့ ထက်
သားသမီးရတနာများနှင့်ပြည့်စုံခြင်းကသာလွန်ပေသည်။

သားသမီးမရှိသော အိမ်ထောင်ရေးသည် ပျင်းရိခြောက်ကပ်ငြီးငွေ့  ဖွယ်ကောင်း၏ ဒုလ္လဘတရားငါးပါးတွင်
လူအဖြစ်ကိုရခဲခြင်းဆိုသည်ကို လူတို့ အနေနှင့်လေးလေး နက်နက်မစဉ်းစားကြပေ။

သားသမီးမရရှိသော အိမ်ထောင်ရှင်ယောင်္ကျားမိန်းမတို့ သည် သားသမီးရရှိရေး အတွက် ဆရာဝန်များနှင့်
တိုင်ပင်၍ဆရာဝန်တို့ ၏ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက် ဆက်ဆံကြသဖြင့်မြုံရာမှ
ပွင့်လာသည်လည်းရှိကြပေသည်။

မိန်းကလေးတို့သည် မိမိတို့၏မျိုးဆက်ကိုခံယူမည့်သားကောင်းသမီးကောင်းရတနာလေးများရရှိရန်အတွက်
ကိုယ်ဝန်ရှိလာသည့်အခါ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရပေမည်။

အိမ်ထောင်ရှင်ဖြစ်သည့် မိန်းခလေးတို့ သည် မိမိတို့ တွင် ပဋိသန္ဓေတည်ရှိကြောင်း သိအပ်သော လက္ခဏာများလည်း
သိရှိနားလည်ထားရမည်။

ပဋိသန္ဓေရှိကြောင်း လက္ခဏများ


၁။လစဉ်ပေါ်တတ်သည့် ရာသီပန်းတို့ သည်ပဋိသန္ဓေရှိသောပထမလတွင်ရပ်စဲခြင်း။

၂။ပဋိသန္ဓေတည်ရှိ၍ ပထမလနှင့်ဒုတိယလတို့တွင် နံနက်စောစောပျို့ အန်တတ်ခြင်း ကိုလက်လေးလံထိုင်းမှိုင်းခြင်း
နေထိုင်မကောင်းဖြစ်တတ်ခြင်းရှိ၏

၃။ပဋိသန္ဓေရှိလာသည့်အခါ သားမြတ်အစုံသည် ပင်ကိုအတိုင်းထက်တင်းမာ၍နာခြင်းများဖြစ်တတ်သည်။

၎။ပဋိသန္ဓေသုံးလခန့် ရှိသည့်အခါတွင် ချက်နှင့်ဆီးစပ်အကြားတွင် ကြက်ဥခန့် အလုံးလေးကို
လက်ဝါးနှင့်ဖြည်းညင်းစွာ ဖိနိုပ်စမ်းသပ်ကြည့်ပါက တွေ့ ရှိနိုင်သည်။

၅။ပဋိသန္ဓေလေးလရှိလာသောအခါ ၀မ်းဗိုက်သည်ဖောင်းကြွလာလိမ့်မည်၊ဆီးခဏခဏသွားချင်တတ်သည်။

၆။ကိုယ်ဝန်ခြောက်လအတွင်းသို့ ရောက်ရှိလာသောအခါ ၀မ်းဗိုက်အတွင်းမှ ကလေးသည်အသက်ဝင်၍
အနည်းငယ်တိုးစပြုလာတတ်သည်။

၇။ကိုယ်ဝန်ဆောင် ခုနှစ်လရောက်သည့်အခါတွင်ဝမ်းဗိုက်အတွင်းရှိကလေးသည် တုန်လှုပ်မှုရှိလာသည့်အတွက်
မိခင်သည် ကြောက်လန့် တတ်ခြင်း၊အစားအအိပ်ပျက်ခြင်းများရှိတတ်သည်၊စိုးရိမ်စရာမရှိပါ။

၈။ကိုယ်ဝန်ရှိ၍ ငါးလ ခြောက်လတွင်မိခင်လောင်းသည် ၀မ်းဗိုက်ယားယံမှုများရှိတတ်သည်။ဤသို့ ယားယံခြင်းမှာ
ဝမ်းတွင်းရှိကလေးသည်ဆံပင်မွေးညင်းပေါက်ခြင်းဖြစ်သည့်အတွက်ကြောက်စရာမရှိပေ။

အိမ်ထောင်ရှင်ဖြစ်သူ အမျိုးသမီးတို့ သည် မိမိတို့ တွင် ပဋိသန္ဓေရရှိလာသည်ဖြစ်၍သားကောင်းသမီးကောင်း
ရတနာများရရှိရန်မှ မိမိတို့ အနေနှင့်အနေအထိုင်အသွားအလာအစားအသောက်တို့ ကိုဆင်ခြင်ရမည်.ရှောင်ကြဉ်ရမည်။

1 comment:

Yu Shwe said...

သေတော့မယ်နင်တော့
နာချင်နေပီ