Wednesday, January 13, 2010

ပဋိသန္ဓေရယူုခြင်း




သတ္တ၀ါတို့ သည် ဘ၀တစ်ခုကိုအစပြု ရရှိရန်အတွက် ပဋိသန္ဓေနေရခြင်းကိုမဖြစ်မနေတွေ့ ကြုံရသည်။

ကျွန်ုပ်တို့ လူသား အားလုံးသည်မိခင်ဝမ်းကြာတိုက်(သားအိမ်၌)ကာလရေကြည် သန္ဓေသားဘ၀မှ အဆင့်ဆင့်
ဖွံ့ ဖြိုးလာပြီး မွေးဖွားခြင်း၊အိုမင်းရင့်ရော်ခြင်းအနာရောဂါရရှိခြင်းနှင့်သေဆုံးခြင်းဖြင့် အဆုံးသတ်ကြရသည်။

ပဋိသန္ဓေ ရယူကြရာတွင် လူများသာမကပဲ အခြားအခြားသော သတ္တ၀ါအမျိုးမျိုးတို့ လည်းရှိကြရာ ရှေးဟောင်း
ကျမ်းများ၌ ပဋိသန္ဓေလေးမျိုးရှိကြောင်းပြဆိုထားကြပါသည်။

(၁)အမိ၏သားအိမ်ကိုအစွဲပြုရသော ပဋိသန္ဓေ(လူ၊မြင်း၊ကျွဲ၊နွား စသည်။)

(၂)ဥကိုအစွဲပြုရသော သန္ဓေ(ကြက်၊ဘဲ၊ငှက်၊လိပ်စသည်။)

(၃)အညှိကိုအစွဲပြုရသော သန္ဓေ(ပိုးမွှားများစသည်)

(၄)အလိုအလျောက် ရသောသန္ဓေ(ရှေးနိပါတ်၊ဇာတ်၊ပါးစပ်ရာဇ၀င်လာ ပဒုမ္မာကြာပွင့်မှသန္ဓေရသူ၊
လမုပင်မှ သန္ဓေရသူစသည်)

ပဋိသန္ဓေလေးမျိုးအနက် အမိ၏သားအိမ်ကိုအစွဲပြု၍ရသောသန္ဓေတို့ မှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌
အလွယ်တကူမြင်နိုင်တွေ့ နိုင်သော သန္ဓေမျိုးဖြစ်ကြပါသည်။ ယခုခောတ်အခါ၌ သိပ္ပံပညာနယ်ပယ်တွင်
တီထွင်ဆန်းသစ် ဖြစ်ပေါ်သော မေထုန်မဲ့ သန္ဓေ၊ပုံတူမျိုးပွားသန္ဓေတို့ မှာအခြား ပဋိသန္ဓေ အမျိုးအစား၌
ထည့်သွင်းနိုင်ပါသည်။

ယခုဤဆောင်းပါး၌ အမိ၏သားအိမ်ကို အစွဲပြု၌ ရသောသန္ဓေများအနက် အထူးအားဖြင့် လူသန္ဓေ
ရယူခြင်းကိုသာဖော်ပြလိုရင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ လူသားများသည် အထက်၌ ပြဆိုခဲ့သည့်အတိုင်းအမိ၏သားအိမ်ကိုအစွဲပြု၍ ပဋိသန္ဓေရယူခံခြင်း
ဖြစ်ရာ အငြင်းပွားဖွယ်ရာ မရှိပါချေ။

အမိ၏သားအိမ်၌ပင် သန္ဓေသားဖွံ့ ဖြိုးမှု အဆင့်ဆင့် ဖြစ်ပေါ်ပြီး နေ့ စဉ်နှင့်အမျှ မွေးဖွားနေကြရာ
ယနေ့ ကမ္ဘာပေါ်၌ လူသားသန်းပေါင်း ခြောက်ထောင်ကျော်ခဲ့ပြီးဖြစ်ကြောင်းမှတ်တမ်းတင်ထားကြသည်။

ကမ္ဘာနေရာဒေသ နိုင်ငံအနှံ့ အပြား၌လည်းလူဦးရေမှာ တစ်နေ့ ထက်တစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ဘိုးဘိုးအောင်
ဝလုံးများကဲ့ သို့ ဆပွားတိုးမြင့်လာရာ အချို့ နိုင်ငံများ၌ လူဦးရေ ပေါက်ကွဲမှုကြီး မဖြစ်ပေါ်အောင် ထိန်းသိမ်းရေး
ကို အား ကောင်းမောင်းသန် မရပ်မနား ဆောင်ရွက်နေကြရပေသည်။

ကမ္ဘာ့လူဦးရေ ဆပွားမှုကိုကြည့်လျက် တစ်နေ့ တစ်နေ့ မွေးဖွားနှုန်းမြင့်မားကြောင်းသိသာနိုင်သည်။
မွေးဖွားနှုန်းဆိုသည်မှာလည်းပဋိသန္ဓေ ရယူနှုန်း၏အသီးအပွင့် ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ် တွင်
ပဋိသန္ဓေရယူခြင်းမှာလွယ်လင့်တကူ ကိစ္စသဖွယ် ထင်စရာရှိလေသည်။

ပဋိသန္ဓေ ရယူခြင်းကား ကမ္ဘာ့စာရင်းချုပ်၌ မြောက်မြားအားကြီးလျက်ရှိသော်လည်း တကယ်တွင်
မိသားစု။လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်မူလွယ်ကူသောကိစ္စ မဟုတ်ပါပေ။

လောကသဘာဝအရ ရေများရာမိုးရွာတတ်ပြီး ရေလိုသောအခါ မိုးခေါင်နေတတ်ပြန်သေးသည်။

ဆိုလိုသည်မှာ အချို့ မိသားစု၌ သားသမီး ရတနာများ ဟောတစ်ယောက်ဟောတစ်ယောက် မလိုချင်
တော့အောင်ရနိုင်ပါလျက် အချို့  မိသားစုများမှာမူသားသမီးရတနာ ငံ့လင့်မျှော်တလျက်အချိန်ကုန်နေတတ်ပါသည်။

မိသားတစ်စု ၌သားသမီးမရတတ်ခြင်းသည် သာမန်ကိစ္စ ဟူ၍ ပေါ့ပေါ့တွေး၍မရပါ။ သားသမီးရတနာသည်
ထိုမိသားစု၏ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာပုံမုန်ဖွံ့ ဖြိုး ကျန်းမာနေဖို့ အတွက်အညှာဖြစ်နေတတ်သည်။ အခရာဖြစ်နေတတ်သည်။

ဗုဒ္ဓ၀င်ဇာတ်တော်လာ သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာဒေ၀ီတို့ ၏သားသမီးရတနာရခြင်း၊မရခြင်းက ၄င်းတို့ ၏
လူမှုေ၇းပြဿနာမှသည်နိုင်ငံရေး၊စစ်ရေးအထိကြီးမားကျယ်ပြန့် စွာ ယှက်နွယ်နေပုံကို ကြည့်ခြင်းဖြင့် ခန့် မှန်းနိုင်ပါသည်။

ထို့ ကြောင့် သားသမီး ရသည်ဖြစ်စေ၊မရနိုင်သည်ဖြစ်စေ မည်သည့်လူသားမဆို ပဋိသန္ဓေ ရယူခြင်းကိုခြေခြေမြစ်မြစ်
သိထားသင့်ကြပါသည်။

မြန်မာ့တိုင်းရင်းဆေးပည်ရှင်များက ရှေးဟောင်းကျမ်း အထောက်အထားများကို ကိုးကား၍ ပဋိသန္ဓေတစ်ခုဖြစ်ပေါ်
နိုင်ရန် အောက်ပါ အင်္ဂါသုံးရပ်ပြီးပြည့်စုံရမည်ဟုမိန့် ဆိုကြပါသည်။

(၁) မိခင်လောင်း၏ဥတုသွေးလာပြီးစ၌ သားအိမ်ကျန်းမာပြည့်စုံခြင်း၊

(၂)ထိုအခိုက် မိဘလောင်းနှစ်ဦးတို့ မေထုန်မှု ကြုံကြိုက်ခြင်း၊

(၃) သန္ဓေတည်မည့် သူသည်ဘ၀ဟောင်းချုပ်ငြိမ်းပြီးပဋိသန္ဓေသစ်တည်နိုင်ရန်
ရှေးရှု ရောက်လာ ခြင်းတို့ ဖြစ်ပါသည်။

္မဤအကြောင်းသုံးပါးညီညွှတ်မှသာလျှင် ပဋိသန္ဓေတစ်ခု အထမြောက်ရယူနိုင်သည်ဟုဆိုပါသည်။
ဤအကြောင်းသုံးပါးတွင်သန္ဓေနေမည့်သူက ဘ၀ဟောင်းကိုစွန့် ၍ပဋိသန္ဓေသစ်တည်ဖို့ ရာ ရှေးရှုရောက်လာခြင်းမှာ
အဓိကအချက်ဖြစ်သည်။

ယင်း အင်္ဂါသုံးချက်ကို ဥဒုမ္ဗရတောရဆရာတော်က-
မိမာတာ ကြာခန်းက
ပန်းရတု ရာသီ
ပွင့်စဲစခါဆီ
တူယှဉ်မှီ ပျော်ပါး
ကိန်းထိုက်တဲ့ ထိုသသူ
ထင်ရှေးရှု စုတိခိုက်ငြား

ဟူ၍ရေးဖွဲ့ ခဲ့လေသည်။
ထိုအင်္ဂါရပ်များ ပြည့်စုံမှသာ ပဋိသန္ဓေတစ်ခု ရယူနိုင်သဖြင့် အင်္ဂါတစ်ရပ်ချို့ တဲ့ 
နေသူများ၌ ပဋိသန္ဓေ မရယူနိုငါပါချေ။

ထိုကဲ့သို့  ပဋိသန္ဓေ တစ်ခု ရရှိရန်ခက်ခဲပုံကို လူ့ ပြည်ကအပ်တစ်စင်းနှင့်ဗြဟ္မာပြည်က အပ်တစ်စင်း
ထိပ်ချင်းဆိုင် တည့်တည့်ကျဖို့ လောက်ခက်ခဲသည်ဟု ရှေးလူကြီးသူမ များကပြောဆိုခဲ့ ကြသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ ဗုဒ္ဓခောတ်အခါက အဖြစ်အပျက်တစ်ခုကိုတင်ပြလိုပါသေးသည်။
အကျဉ်းမျှ ဖော်ပြရလျှင် ဗုဒ္ဓခောတ်အခါက မြို့ တစ်မြို့ ရှိ ပစ္စည်းဥစ္စာအတန်အသင့်ပြည့်စုံသော
လင်မယားတွင် အိမ်ထောင်သက်ကြာခဲ့ သော်လည်းသားသမီး မထွန်းကား လာသောကြောင့်
သောကရောက်နေကြလေသည်။

သားသမီးရအောင် ကျင့်ကြံနေထိုင်ကြသော်လည်း မည်သို့ မျှထူးမလာသဖြင့်မကြံတတ်အောင်ရှိရလေ၏

တစ်နေ့ သောအခါ အရာရာကိုပြည့်စုံအောင် ဖန်ဆင်းပေးနိုင်သော ဂေါတမ ဟူသောရဟန်းရှိကြောင်း
သတင်းရလေသည်။

သူတို့ သားသမီးရရေး အတွက် တန်ခိုးရှင် ရဟန်းကို ချဉ်းကပ်ရသော်ကောင်းအံ့ဟူ၍ ကြံစည်ကြပြီး
ဗုဒ္ဓဘုရားရှင်ကိုဆွမ်းကျွေးပြုစုရန် ပင့်ဖိတ်လေသည်။ ၄င်းတို့ မှာ ဘုရားရှင်ဟုမသိဘဲ တန်ခိုင်းရှင်
အဖြစ်သာချဉ်းကပ်ခြင်းဖြစ်သည်။

ဘုရားရှင် ကြွလာသောနေ့ ၌အိမ်တံခါးဝမှသည် ဆွမ်းသုံးဆောင်ရန်နေရာထိ ကမ္ဗလာနီခင်းထားလေ၏။
သူတို့ အကြံ၌ ဘုရားရှင်က ကမ္ဗလာနီကို ခြေအစုံချနင်းမိသည်နှင့် မိမိတို့ ၌သားသန္ဓေရပါစေသားဟု
အဓိဋ္ဌာန်ကာ ကျိတ်ကြံထားသည်။

တစ်ကယ်တွင် ဘုရားရှင်ကြွလာသောအခါ အိမ်တံခါးဝ၌ ရပ်လျက် "ချစ်သားတို့ ကမ္ဗလာနီစကို
ဖယ်ရှားလော့" ဟူ၍မိန့် ဆို၏။

ထိုလင်မယားမှာ အံ့သြထိတ်လန့် လျက်က " ရှင်ရဟန်း နင်းလျှောက်ကြွတော်မူပါ" ဟုတောင်းပန်သောလည်း
ဘုရားရှင်ကသင်တို့ အကြံကိုသိကြောင်း၊သင်တို့  အလိုရှိသော သားသန္ဓေ ရရှိရေးမှာ မဖြစ်နိုင်ကြောင်း၊
သင်တို့ စုံတွဲသည် ရှေးရှေးသော ဘ၀ အဆက်ဆက်တို့ ၌ပဋိသန္ဓေ ဖြစ်သည့်ဥအမျိုးမျိုး၊သားကောင်အမျိုးမျိုးကို
ချဉ်ခြင်းတပ်စွာ စားသောက်လာခဲ့ ကြောင်း၊ ထိုအကြောင်းတို့ ကြောင့်ယခုဘ၀၌ သန္ဓေသားရရန်မဖြစ်နိုင်ကြောင်း
စသည်ဇာတိဿရညဏ်ပညာဖြင့် ဖော်ထုပ် ဟောကြားမိန့် မြွက်တော်မူရာ ၄င်းတို့ တုန်လှုပ်ချောက်ချားကာ
သည်းထန်စွာ ငိုကြွေးကြပြီး တရားသံဝေဂရလျက် ဗုဒ္ဓအဆုံးအမ၌တည်ခဲ့ ကြလေသည်။

ယင်းသို့  ပဋိသန္ဓေတစ်ခု ရယူရန် မလွယ်ကူသည့်နည်းတူ သန္ဓေရပြီးပါကလည်းမမွေးဖွားမီကာလအတွင်းတွင်
အကြောင်းအမျိုးမျိုးဖြင့်ပျက်စီးသွားနိုင်သေး၏ ။

အချို့ မိခင်ဖြစ်သူပင် မသိလိုက်မီ ပျက်စီးသေဆုံးနိုင်သည် ။ ထို့ ကြောင့်သန္ဓေလွယ်ရသော မိခင်တို့ မှာ နေ ထိုင်
စားသောက်လှုပ်ရှားမှု များကို တသီးတသန့် လိုက်နာပြီး ပဋိသန္ဓေကို ပိုးမွေးသလိုမွေးကြရသည် ။

ထိုမျှမကသေး မွေးဖွားရာတွင်ရှောရှော ရှူရှူဖြစ်ဖို့ လိုပြန်သည် ။ ကိုယ်လက်အင်္ဂါအမြင်အကြား ကောင်းမွန်ပြည့်စုံ
လျက် ကျန်းမာ သန်စွမ်းသော သားသမီးရတနာမျိုးဖြစ်ဖို့ လိုပါသည်။ ထို့ ကြောင့်ပင် မနုဿတ္တဘာဝေါ ဒုလ္လဘော
ရခဲသောလူအဖြစ်ဟု ဆိုကြခြင်းဖြစ်သည် ။

ကမ္ဘာ့ လူဦးရေပွားများထူထဲနေသော်လည်း လူ့ အလိုနတ်မလိုက်နိုင်ဆိုသကဲ့ သို့ ပဋိသန္ဓေရယူရန်ခက်ခဲ နေသူများ
လည်း ဒုနဲ့ ဒေး ရှိနေကြပြန်ရာ ပဋိသန္ဓေရယူခြင်း ပြဿနာများမှာလည်း လူထုကြားထဲတွင် အလျဉ်မပြတ်
ရှိနေကြဦးမည်သာမဟုတ်ပါလော။ ..။..............



Friends18.com Orkut MySpace Hi5 Scrap Images
ကိုခိုင်ဇော်

No comments: