Tuesday, November 18, 2008

အသိပေးခြင်း

စိုးပြည့်ငြိမ်း
Friends18.com Orkut MySpace Hi5 Scrap Images


င်ခွင်ဖွင့်လို့ ကြိုချင်တယ်ကွယ်

မင်းလာရင်လှုပ်နိုးလှည့် ပါ

နွေးထွေးတဲ့ အကြင်နာများနဲ့ 

လက်ကမ်းပါ့ မယ်.......

အတိုင်းအတာမရှိတဲ့ 

နှိုင်းစရာများနဲ့  ဖွင့်ဟချင်တယ်

မင်းလာရင်အသံပေးလှည့် ပါ

လပ်ဆပ်တဲ့  ရင်ခုန်သံနဲ့ 

ထွေး ပွေ့ ပါ့ မယ် ...........


သမုဒယတွေနဲ့ ယုယချင်တယ်

မင်းလာရင်လှမ်းခေါ်လိုက်ပါ

နူးညံ့တဲ့ အနမ်းများနဲ့ 

ပေးဆပ်ပါ့မယ်.............

Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Miss You Comments

အသက် ရူ တတ်သော ပန်းတစ်ပွင့်


Friends18.com Orkut MySpace Hi5 Scrap Images


မျှော်လင့်ခြင်းခြေသံခတ်ပြင်းပြင်းနဲ့ 

မှော်ဆရာရဲ့ နှလုံးတံခါးကိုရိုက်ချိုး

ပျိုးခင်းရဲ့ လှောင်ရီသံအတွက်

မှောင်မဲနေတဲ့  သမုဒယလွင်ပြင်မှာ

အကြင်နာရုပ်သေးရုပ် ကြိုး ရှုပ်ခဲ့ပြီကွယ်.........

ဒါနဲ့ ပဲ.............

ပန်းတစ်ပွင့်ရဲ့ အသက်ရူသံဟာ

စည်းချက်မမှန်တဲ့ သံစဉ်အတု

ရင်ထဲကနံရံတစ်ခုခုမှာ

ထုစစ်ခဲ့မယ်ကွယ်.......

ရေဆာနေတဲ့ နာရီလက်တံနဲ့ အတူ

အမောဆို့ အောင်အပြေးပြိုင်ချင်ခဲ့ တဲ့ 

အနာဂတ်တစ်ချို့ ဟာအလေးအခိုးခံလိုက်ရပြီးနောက်

အကျဉ်းတန်တဲ့ မှန်တစ်ချပ်

အပြန်အလှန်သုံးသပ်ရင်း

ခေါက်ရိုးကျိုးနေ ခဲ့ ပေါ့ 

ဒီလို နဲ့  ....................

တိမ်မြုပ်တော့မဲ့  ညနေခင်းဆည်းဆာဟာ

လေပြေရိုင်းလေးရဲ့ ငြီးညူသံတွေနဲ့ အတူပျောက်ကွယ်လုပြီ

နောက်တစ်ခေါက်.......

ရင်ခုန်သံတွေနဲ့ စေစား စိမ်မခေါ်ရက်ခဲ့ တဲ့ 

လိပ်ပြာတစ်ကောင်ဟာ

အတိတ်ကဝေဒနာတွေရဲ့ 

့လှပမှု အတိမ်အနက်ကိုဆေးသွင်းချယ်မှုန်း

အလွယ်ဆုံးပန်းချီကားတစ်ချပ်

ညီညာစွာပဲ ပေးဆပ် အပြီးသပ်ခဲ့ ပြီကွယ်...................

(ချစ်ဆုံးသူသို့ တမ်းချင်း).......ဆိုင်သူသိပါစေ

Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Miss You Comments

Monday, November 17, 2008

ချစ်ခြင်းဖွဲ့ 

အလွမ်းတွေသာ ပန်းအခြောက်တွေ ဖြစ်ရင်

မျှော်လင့်ခြင်း မိုးတွေရွာခိုင်းမယ်......

သမုဒယတွေသာ ယုယမှု တွေ ဖြစ်ခဲ့ ရင်

တမ်းတခြင်း တိမ်စိုင် တွေ အုပ် မိုးခိုင်းမယ်......

ငါ့ရဲ့ ချစ်ခြင်းတွေ နင့်အတွက်အပြစ်ဖြစ်ခဲ့ရင်

အဆိပ်သင့်နှလုံးသား လည်စဉ်းပေးလိုက်မယ်.....

နင့်ကိုထာဝရ ရင်ခုန်နေ ပါရစေ....ချစ်သူ.....

link====> ထူးဆန်းသောအချစ်

Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Miss You Comments