Friday, January 30, 2009

မယား မြတ်


Friends18.com Orkut MySpace Hi5 Scrap Images


အမျိုး အနွယ်၊သန့်စင်ကြယ်လျက်
ဆင်းရွယ်ပျိုနု၊စံမတုအောင်
နာရုအဌိ ဆ၀ီမံသ
ဝယမည်သာ ငါးကလျာနှင့်
ကောင်းစွာစုံလင် လင်ကိုမြင်က
အလျင်ထ၍ ယုယကိုယ်နှုတ်
ကျင့်မဟုတ်သား ပုဗ္ဗဌာယိနိ
ဦးချီလက်ပြိုင် ရှက်ကာဆိုင်၍
လင်ထိုင်လင်အိပ် သားကိုသိပ်သို့ 
ခြေနှိပ်လက်စမ်း၊ စိတ်ချမ်းကြည်မြ
ရိုသေခလျက်၊ နောက်မှယှဉ်ကာ
အိပ်လေ့လာသည့်၊ ပစ္ဆနိပါတိနီ
ချိုအိနားဆိမ့်၊နှစ်သိမ့်ဖွယ်စု
ဘယ်အမှုကို၊ ဘယ်ပြုရံနည်း
ခြည်းခြည်းနှုတ်သံ၊ချေငံသာယာ
ဝါစာသိမ်မွေ့ ၊မေးလေ့ရှိထ
နာဖွယ်လှသား ၊ကိံကာရပဋိသာဝီနိ
မဖြိမသုန်၊မမှုန်မဆန်
ပြန်လှန်မမြွက်၊ နှစ်သက်ဖွယ်သာ
ကျင့်တတ်စွာသည့်၊ဣန္ဒာထံပါး
ခစားနေကြ၊ ဒေ၀စ္ဆသို့ 
မနာပစာရိနိ၊ တီတီတာတာ
ကြည်သာနှလုံး၊ရွှင်ပြုံးပြရယ်
ပျားသဖွယ်ဖြင့်၊ချစ်ဖွယ်ပြကတော့
သာချမ်းမြေ့အောင်၊ပြောလေ့ရှိထ
နှုတ်ချိုမြသား၊ပီယ၀ါဒီနိ
ထိုပြီအပ၊ဤလောကနှိုက်
လင်မှတစ်ပါး၊နတ်ယောင်္ကျားနှင့်
တွေ့ ငြားစေမူ၊ စောသမ္ဘူသို့ 
အယူမယွင်း၊စိတ်ညွတ်ခြင်းမျှ
ကင်းလတ်တုံဘိ၊ကျင့်မြတ်ရှိသား
အနဘိစာရီနိ၊ ကျမ်းညီမသွေး
သန္ဓေဥက္ကဌ်၊မိန်းမမြတ်တို့ 
ကျင့်ဝတ်ဖြိုးပုံ၊ ခြောအင်စုံလျက်.....

Friends18.com Orkut MySpace Hi5 Scrap Images

(မာဃဒေ၀-၁၄၆)

No comments: