Tuesday, November 10, 2009

မြို့ နှစ်မြို့ 


Friends18.com Orkut MySpace Hi5 Scrap Images

မြို့ ကြီးတစ်မြို့ ၏အ၀င်ဝနား ခရီးသွား

တစ်ယောက်ဆိုက်ရောက်လာသည်။

မြို့ ထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့်

မိန်းမတစ်ယောက်ကို သူမေးသည်။

"ဒီမြို့ ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုးရှိကြသလဲဗျ"

အမျိုးသမီးက ပြန်မေးသည်၊"ရှင်ထွက်လာခဲ့တဲ့မြို့ က

လူတွေကော ဘယ်လိုသဘောထားမျိုးရှိကြသလဲ"

"ဆိုးပါ့ဗျာ၊အင်မတန်ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊

လုံးဝယုံကြည့်လို့ မရတဲ့ လူတွေ၊ ကောင်းကွက်ဆိုလို့ 

တစ်စက်ကလေးမှ မရှိတဲ့လူတွေ" သူက

မဲ့မဲ့ရွဲ့ရွဲြ့ပြန်ဖြေသည်။

"အင်း၊ဒီမြို့ ထဲက လူတွေကလဲ

အဲဒီပုံစံအတိုင်းပဲရှင်တွေ့ ရဦးမှာပါ"

အမျိုးသမီးက ဆိုလိုက်သည်။

များမကြာမီပင် နောက်ခရီးသည်တစ်ယောက်

မြို့ နားရောက်လာပြန်ကာ အမျိုးသမီးအား

မြို့ ထဲကလူတွေအကြောင်းမေးပြန်သည်။

သည်အခါ အမျိုးသမီးကလည်း

ပထမခရီးသည်တုန်းက အတိုင်း သူလာခဲ့သည့်မြို့ 

ကလူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။

" အင်မတန် စိတ်သဘောကောင်းကြပါတယ်ဗျာ၊

ရိုးသားတယ်၊အလုပ်ကြိုးစားတယ်၊

သူမတူအောင်လဲရက်ရောကြပါတယ်၊

ကျွန်တော်အဲဒီကထွက်လာရတာစိတ်မကောင်းဘူး"

ဒုတိယခရီးသည်က လှိုက်လှဲသော လေသံဖြင့်ဆိုလေသည်။

သည်အခါ ပညာရှိ အမျိုးသမီး ဖြေပေးလိုက်သည်။

ရှေ့ ကမြို့ ထဲမှာလဲ အဲဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့  ရမှာပါ" ဟူ၍။


မူရင်း။ ။ The Best of Bits and Pieces မှ A Tale of Two Cities




Friends18.com Orkut MySpace Hi5 Scrap Images
Comments

No comments: