Wednesday, January 14, 2009

အလှဆိုတာ နာရီလက်တံလို

လှပတဲ့ ချစ်သူ၊ ငါ့အတွက် မင်း ဘယ်တော့မှ မအိုနိုင်ဘူး။

မင့်မျက်လုံးတွေ စတွေ့ ကတည်းက

မင့်အလှက ဒီအတိုင်းသာပဲ၊ ဆောင်းသုံးလရဲ့  အအေးဓာတ်က

သစ်တောရဲ့ နွေသုံးလရဲ့ မာနကို လှုပ်ခါပစ်လိုက်တယ်။

ငါ့တွေ့ ကြုံရတဲ့  ရာသီစက်ဝန်းမှာ

လှပတဲ့  နွေဦးသုံးလဟာ ၀ါရွှေတဲ့ ဆောင်းဦးသို့  ပြောင်းလဲခဲ့။

ဧပြီ သုံးလ မွှေးရနံ့ တွေဟာ ပုလောင်တဲ့ ဇွန် သုံးလမှာ လွင့်ပါးခဲ့ရ။

မင့်ကို ငါ လန်းလန်းဆန်းဆန်း တွေ့ ခဲ့ရကတည်းက စိမ်းလန်းဆဲပါ။

အို.... အလှဆိုတာ နာရီလက်တံလို

ရွေ့ လျားပေမယ့် လှုပ်ရှားမှုကို မမြင်ရ။

မင့်ချစ်စရာ ပုံပန်းဟာ ရပ်တံ့နေ တယ်လို့  ငါထင်ပေမယ့်

ရွေ့ လျား မှုရှိ၊ ငါ့မျက်လုံးဟာလှည့်စားခံရတာ ဖြစ်နိုင်။

မင့် မအိုသေးတာကို စိုးရွံ တာ ကြောင့် နားဆင်ပါလေ

မင်း မမွေးမီကပင် အလှရဲ့ နွေဟာ သေဆုံးခဲ့ရရှာ။



To me, fair love, you never can be old,

For as you were when first your eye I eyed

Such seems your beauty still. Three winter's cold

Have from the forests shook three summer's pride;

Three beauteous springs to yellow autumn turn'd

Inprocess of the seasons have I seen,

Three April perfumes in three hot Junes burn'd,

Since first I saw you fresh, which yet are green.

Oh ! yet doth beauty,like a dial-hand,

Steal from his figure, and no pace perceived;

So your sweet hue, which me thinks still doth stand,

Hath motion, and mine eye may be decieved:

For fear of which, hear this, thou age unbred,---

Ere you were born, was beauty's summer dead.


W. SHAKESPEARE

No comments: