Saturday, June 26, 2010

ရဲချုပ်ခင်ရီ၏တစ်သက်စာအလွဲများ

မင်္ဂလာဈေးမီးရှို့ တာဘယ်သူထင်လဲကွာ
ခင်ရီစဉ်းစား
သူ့ အမှား
ဦးထိန်ဝင်းများဖြစ်နေမလား….

ကွမ်းခြံကုန်းက ဒမြမှု
ခင်ရီသူပြုစု
အကြောင်းပြချက်သူဆင်ခြင်
စိုင်းသိန်းဝင်းကိုထင်

အက်စတူးအိုမဏ္ဍပ်ဗုံးခွဲတာ
ခင်ရီတလွဲတွေးပြန်ကာ
ဖြစ်နိုင်ချေရာနှုန်းလွဲ
ကျောင်းသားတွေကိုသူစွတ်စွဲ

လူသတ်မှုငါးလောင်းပြိုင်
ကိုခင်ရီနဲ့ မသက်ဆိုင်
ဖော်ထုပ်ဖို့ မကြိုးပမ်းရဲ
သူ့ အမေလင်တွေပါလို့ ပဲ

ကယောင်ခြောက်ခြားအတွေးမှား
ခင်ရီ့ တစ်သက်စာ အလွဲများ

 http://maungkhinezaw.blogspot.com


1 comment:

မမ said...

ခွိခွိ

ဒီလူကြီးနှယ်လွဲ လွဲ နိုင်လွန်းတယ်။

မမ(အပေအတေ)