Tuesday, June 22, 2010

နအဖမှ ကိုဖိုးတရုတ်ကင်း (www.photayokeking.org) အင်တာနက်စာမျက်နှာအား တိုက်ခိုက်ဖျက်ဆီး။

အင်တာနက်ရဲ့ ရန်သူလို့  ကမ္ဘာတစ်ဝှမ်းလုံးကနေ သတ်မှတ်ခြင်းကို ခံနေရတဲ့ နအဖဟာ ဒီမိုကရေစီအင်အားစုများရဲ့  အင်တာနက်စာမျက်နှာများကို လိုက်လံတိုက်ခိုက် ဖျက်ဆီးလျက်ရှိပါတယ်။

ယခုအခါမှာတော့ နာမည်ကျော် လူကြိုက်များလှပြီး နအဖနဲ့ တပ်မတော်ရဲ့ အကြောင်းတွေကို ဖေါ်ပြလေ့ရှိနေတဲ့ ကိုဖိုးတရုတ်ကင်းရဲ့  အင်တာနက်စာမျက်နှာကို တိုက်ခိုက်ခဲ့ပါတယ်။

အောက်ဖေါ်ပြပါပုံကတော့ တိုက်ခိုက်ခံရပြီးနောက် ဖွင့်ကြည့်၍ မရေတော့သော “စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ် ဖြစ်ပါတယ်။








အောက်ဖေါ်ပြပါပုံကတော့ တိုက်ခိုက်မခံရခင်အထိ ဖွင့်ကြည့်ရနေသော “စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ် ဖြစ်ပါတယ်။


























နအဖဟာ အင်တာနက်ကို ပိုမိုတင်းကျပ်မှုတွေ၊ နှောင့်ယှက်တိုက်ခိုက်မှုတွေ ယခင်ကထက် ပိုမိုလုပ်လာတာကို တွေ့ရပါတယ်။

နအဖရဲ့ လုပ်ရပ်တွေကို တစ်ချိန်လုံး တင်ပြပေးနေတဲ့ ကိုဖိုးတရုတ်ကင်းရဲ့ “စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်ဟာ ဒီကနေ့ညက စပြီးဖွင့်လို့မရတော့တာကို တွေ့ရပါတယ်။

“စည်းရုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်ဟာ နအဖ အင်တာနက်ထောက်လှမ်းရေးတွေရဲ့ နှောင့်ယှက် တိုက်ခိုက်မှုကို မကြာခဏခံနေရတာလည်း ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုမှာ DDoS နည်းနဲ့ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပြီးတော့ နအဖ (၄) လပါတ်နဲ့ အချိန်အခါကိုက် သခင်အားရအောင် လုပ်ပြတဲ့ နအဖ အင်တာနက်ထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်လို့ ပြောဆိုနေကြပါတယ်။

http://www.niknayman-niknayman.co.cc
မှကူးယူဖော်ပြပါသည်။

No comments: