Thursday, June 17, 2010
မေးလိုက်ချင်ပါသည်
အကျွန်ုပ်သည်ဤ ဆောင်းပါးအားရေးရန်သင့်မသင့်ချိန်ဆခဲ့သည်မှာ
ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပါသည်။
အမှန်ပြောရလျှင်မူ…အနီုး အကျွန်ုပ်ကား နိုင်ငံရေးသမားတစ်ယောက်မဟုတ်သကဲ့သို့ 
နိုင်ငံရေးကိုစိတ်ဝင်စားသူ တစ်ယောက်လဲမဟုတ်ပါ
သေချာအောင်ပြောရလျှင်နိုင်ငံရေးကိုနကန်းတစ်လုံးမှ နားမလည်ကြောင်းကိုလဲဝန်ခံပါသည်။
ယ္ခုကျွန်ုပ်တို့ ရောက်ရှိနေသော ခရစ်နှစ်သက္ကရစ်၂၀၁၀ ခုနှစ်သည်အနဲငယ်မျှ
ထူးခြားနေသည်ဆိုကလွန်အံ့မည်မထင်ပါ။
ယင်း ၂၀၁၀ ခုနှစ်သည် ကမ္ဘာတလွှား၌ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲရှိသကဲ့သို့ 
မြန်မာနိုင်ငံတွင်လည်းနိုင်ငံတော်အုပ်ချုပ်မည့်အစိုးရရွေးကောက်ပွဲရှိလေသည်။
တမင်သက်သက် ရွေးကောက်ပွဲနဲ့ ကမ္ဘာဖလားဘောလုံးပွဲအားတိုက်ဆိုင်ထားသည်လား
ဆိုသည်ကိုတော့ ကျွန်ုပ်ဉာဏ်မမှီ၍ ဝေဖန်ဖို့ မစွမ်းပါ။
တိုက်ဆိုင်သည်ဟုပဲယူဆလိုက်ချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းေ၇ွးကောက်ပွဲရှိသော ၂၀၁၀ 
ခုနှစ်မှာပင် မြန်မာနိုင်ငံတော်ပြည်တွင်း၌ မိုးလွန်စွာမှခေါင်ပါသည်။ 
ကောက်ပဲသီနှံရှားပါးခြင်း၊သောက်သုံးရေအခက်အခဲဖြစ်ခြင်း၊
ရာသီဥတုအလွန်အမင်းပူလွန်းခြင်း၊ရေတွင်းရေကန်တို့ ခြောက်ခမ်းခြင်း စသော
ရှေ့ ပြေးနမိတ်ဆိုးကပ်ဆိုးများဖြင့်မြန်မာပြည်သူပြည်သားတို့ တွေ့ ကြုံရပါသည်။
အထက်ပါဖြစ်ရပ်ဆိုးကပ်ဆိုးများသည် ရှေးလူကြီးများ၏ ပြောစကား အရတိုင်းပြည်အုပ်ချုပ် 
သောခေါင်းဆောင်လူကြီးများ သီလ သမာဓိ သိက္ခာ ပျက်ရွင်းသောကြောင့် 
ရာသီဥတုဖောက်ပြန်ရသည်ဟုကြားနာမှတ်သားဖူးပါသည်။
၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ(NLD)သည် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည) အား ပြည်သူ့ ဆန္ဒမဲအသာဖြင့် 
အနိုင်ရရှိခဲ့သည်မှာမြန်မာနိုင်ငံသားများနှင့် ကမ္ဘာနိုင်ငံအသီးသီးက
အသိပင်ဖြစ်ပေသည်။ထိုစဉ်ကအမျိုးသားဒီမိုကရေစီ ပါတီ(NLD)အားအဘယ်ကြောင့်
တိုင်းပြည်အာဏာကိုမလွဲပြောင်းပေးခဲ့သည်ကို အကျွန်ုပ်ယနေ့ 
ထက်တိုင်စဉ်းစားမရဖြစ်ခဲ့ရပါသည်။
ယင်း ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲသည်အစစ်အမှန်မဟုတ်ပဲ အတုအယောင်
အလိမ်အညာ ရွေးကောက်ပွဲဖြင့်မြန်မာနိုင်ငံပြည်သူလူထုအားလိမ်ညာခဲ့သလော …
ထိုအတိုင်းသညမှန်ကန်နေခဲ့ပါလျှင် ----
- အမိမြေကိုချစ်ခင်မြတ်နိုးသော
- အမျိုးဘာသာသာသနာကိုထိမ်းသိမ်းသော
- အချုပ်အခြာအာဏာကိုလေးစားတန်ဖိုးထားသော
မြန်မာပြည်သူပြည်သားတို့ ၏ ကိုယ်စားမေးလိုက်ချင်ပါသည်
ယ္ခု ၂၀၁၀ ပြည်သူ့ ဆန္ဒအမှန်ရွေးကောက်ပွဲသည်--
(၁) စစ်မှန်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်ပါမည်လား
မဲခွဲဆုံးဖြတ်သောပါတီဖြစ်ပါမည်လား။(ဆန္ဒမဲအတုအလိမ်များဖြစ်အနိုင်ပါတီကိုဆိုလိုပါသည်)
(၃)အနိုင်ရပါတီအား မည်သည့်ခုနှစ်အတွင်းနိုင်ငံတော်အာဏာကိုလွဲပြောင်း ပေးမည်နည်း။
(၄)ရွေးကောက်ပွဲပြီးဆုံးပါက ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ
နိုင်ငံရေးအကျဉ်းသားများအားလွတ်ပေးမှာလား။
(၅)၁၉၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ 
နယ်စပ်ဒေသနှင့်ကျေးရွာများတွင်အတင်းအဓမ္မ လူ့ အခွင့်ရေးချိုးဖောက်မှုနှင့်
လူသတ်ရန်အမိန့် ပေးခဲ့ သောစစ်ခေါင်းဆောင်အချို့ နှင့် န အ ဖ စစ်ဗိုလ်ချုပ်များအား
မည်ကဲ့သို့ သောအပြစ်ပေးအရေးယူမှုများပြုလုပ်သွားမည်နည်း။
No comments: