Saturday, June 19, 2010

အံ့ဖွယ်မြန်မာ့မီဒီယာ

ကွန်ပြူတာစားပွဲရှေ့ မှာထိုင်လိုက်ကတည်းက ကဗျာလေး တစ်ပုဒ်ရေးမယ်ဆိုပြီးထိုင်လိုက်မိတာပါ။ သို့ ပေမဲ့ ၁၁.၆.၂၀၁၀ သောကြာနေ့ ည ၈ နာရီက ထုပ်လွှင့်သွားတဲ့ 

မြန်မာအသံရုပ်မြင်သံကြား (MRTV) သတင်းက အတွေးထဲကိုပြန်ဝင်လာတာနဲ့  ဤဆောင်းပါးလေးကိုရေးမိလိုက်တာပါ။

ယင်းမြန်မာ့အသံ(MRTV) က ထုပ်လွင့်သွားတဲ့  သတင်းဟာ အကျိုးပြုမီဒီယာ အသွင်မဆောင်ပဲ ကိုယ့်နိုင်ငံသားတွေအပေါ် အပုတ်ချသလို နိုင်ငံအပေါ်လဲသိက္ခာချ ရာရောက်မှန်းမသိ သက်ရောက်နေတယ်ဟု ထင်မြင်မိပါတယ် …. အဘယ်ကြောင့်ဆိုသော် ၎င်းထုပ်လွှင့်သွားသောသတင်းမှာ အင်မတန်မှ ငါးစိမ်းသည်ဆန် ယုတ်မာ အောက်တန်းကျလွန်းလှပါသည်။ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ဗိုလ်မှူးထိန်ဝင်းအား နိုင်ငံတော် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ($4000)ကျော်အလွဲသုံးစားပြုသည်ဟု စွတ်စွဲလိုက်တာဟာဖြင့် ဟာသ တစ်ပုဒ်နားဆင်လိုက်ရဘိသကဲ့သို့ ဖြစ်နေပါတယ်။ အနှီး ကန်ဒေါ်လာ($4000)ကျော်ဆိုသည်မှာ မြန်မာကျပ်ငွေဖြင့်တွက်ဆကြည့်လျှင် ကျပ်ငွေသိန်းလေးဆယ်ကျော်မျှ သာရှိပါသည်။ မြန်မာနိုင်ငံတော်ကြီး တစ်ခုလုံးကိုယ်စားပြု သံအမတ်တစ်ယောက်ဟာ မြန်မာကျပ်ငွေ သိန်းလေးဆယ်ကျော်ငွေပမာဏလေး မျှနှင့် ၎င်း၏သံအမတ်ဆိုသည့် ဂုဏ်သိက္ခာ ကိုကျဆင်းစေမည့် လုပ်ရပ်မျိုးလုပ်ပါ့မည်လားဆိုသည်ကို စဉ်းစားချင့်ချိန်တွေးဆ၍ စွတ်စွဲပြောဆိုထုပ်လွှင့်သင့်သည်ဟုတ်ထင်ပါသည်။ နောက်ရက်များတွင်DVB ရုပ်သံသတင်းဌာန က အကျိုးအကြောင်း အထောက်အထားခိုင်မာစွာဖြင့်ထုပ်လွှင့်ဖြေရှင်းပေးသွားသည်ကိုလဲ စာရေးသူနဲ့ တကွ DVB ကြည့်သူုများ မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရပါသည်။ ပြောရမည်ဆိုလျှင် မည်သည့်၇ုပ်သံ မှတ်တမ်းများက ခလောက်ဆံအကောက်ကြံနေသည်ဆိုတာကိုတော့ ညဏ်မမှီ၍ မပြောတတ်ပါ နောက်ထပ်သတင်းတစ်ပုဒ်မှာလည်းအထက်ပါ အတိုင်းပင်ဖြစ်ပါတော့သည်။ မြန်မာနိုင်ငံမှ ရုရှားနိုင်ငံ သို့ နယူးကလီးယား လက်နက်တတ်ဆင်မှုပညာတော်သင်စေလွှတ်လိုက်သော ဗိုလ်မှူး စိုင်းသိန်းဝင်းအားလဲ စွတ်စွဲထားသည် မှာ ဗိုလ်မှူုးစိုင်းသိန်းဝင်းသည် ဗိုလ်မှူးမဟုတ် ဗိုလ်ကြီး အဆင့်မျှသာရှိသည်ဟုစွတ်စွဲခဲ့ပါသည်။ ယင်းသတင်းကိုလည်း DVB ရုပ်သံမှ အထောက်အထားစာရွက် စာတမ်းတို့ ဖြင့် ပြန်လည်ရှင်းပြသွားသည်ကို ရုပ်သံမှတ်တမ်းနဲ့  တကွ ကြည့်ရှုလိုက်ရပါသည်။ မြန်မာ့အသံ( MRTV)မှထုပ်လွှင့်သောသတင်းများမှာအလွန်တရာမှ အောက်တန်းကျသောစွတ်စွဲထုပ်လွှင့်မှုများဟု ယူဆမိပါသည်။ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ အနီး၌ ရာသီဥတုဆိုးဝါးသဖြင့် ရဟတ်ယာဉ်ပျက်ကျသော သတင်းကိုကျတော့ သတင်းထိမ်ချိန်၍ ထုပ်လွှင့်ခြင်းမပြုပဲ ကြက်စူပင်စိုက်ခြင်း၊ လမ်းတံတားဖွင့်လှစ်ခြင်း မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပခြင်းနှင့် ဗိုလ်ချုပ်တွေ ပြည်သူ့ ဘဏ္ဍာ ဖြုံးတီးပြီး မြန်မာနိုင်ငံ တနံ တလျားလည်ပတ်နေသည်များကိုကျတော့ သတင်းအဖြစ်ထုပ်လွှင့်နေသည်ကို အလွန်အမင်းအံ့သြမိပါသည် မြန်မာပြည်သူပြည်သားတို့သည် မြန်မာအသံရုပ်မြင်သံကြားနှင့်တိုင်းပြည်အုပ်ချုပ်သောအစိုးရအား ကြာလေလေ အယုံအကြည်ကင်းမဲ့လာလေလေဖြစ်ရပါတော့သည်။

No comments: