Monday, June 13, 2011

အားလုံး အိပ်မက်လှလှမက်ပါစေ......

ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက

ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး

ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော်

ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။

မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့်

ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။



ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း

ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်... မင်းက

ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု

မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့

စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ

အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ

အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့။

လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့်

ရိုရိုကျိုးကျိုးလျှောက်သွားသည်





ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ

မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကို

တင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသာြး

ဖစ်သွားသည်။ ထိုနောက်

အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံး

ထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့

နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။

မရှိခိုးနိုးမလှစုန်းရိုးသည့်ရန်ကုန်မြို့ မှ ဈေးဝယ်စင်တာတချို့ 

ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုးယူသည်ဟု အထင်လွဲ၍ စစ်ဆေးမှု ဖြစ်စဉ်များ ပိုမိုလာ လုံခြုံရေးအရ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း စွပ်စွဲခံရသူ၏ ကာယိနြေ္ဒ ယိုယွင်းနိုင်ခြင်းကိုလည်း အလေးထားစေလို

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုး
ယူဆောင်သွားသည်ဟု အထင်လွဲမှားကာ ခေါ်ယူစစ်ဆေးသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု
ပိုမိုလာကြောင်း သိရသည်။

''တစ်နေ့ ကျွန်တော်အိမ်ပြန်လာတော့ ကျွန်တော့်ဇနီး ငိုနေတာ တွေ့ရပါတယ်။
ဘာကြောင့်လဲလို့ မေးတော့ သူဒီနေ့ ဈေးဝယ်စင်တာ သွားခဲ့တယ်၊
ထမင်းဘူးဝယ်ဖို့ လိုက်ကြည့်ရင်း ရုတ်တရက် ဗိုက်နာလို့ အိမ်ကိုပြန်ခဲ့တယ်၊
စင်တာက ကျွန်တော်တို့ အိမ်ရှေ့နားမှာပါ။ ဒီလို ထွက်လာတဲ့အချိန်မှာ
နောက်ကနေ လုံခြုံရေး လိုက်လာပြီး အစ်မ ပစ္စည်းပါသွားလို့ ခဏလိုက်ခဲ့ပါ။
စစ်ဆေးချင်လို့ပါဆိုပြီး ပြောတော့ သူက ကျွန်မမယူပါဘူး၊ ဒီမှာ
ဘာမှမရှိဘူးလို့ပြောလည်း လက်မခံဘူး၊ အတင်းပဲ ပြောတယ်လို့ ဆိုပါတယ်။
ဒါနဲ့သူလည်း လိုက်သွားပြီး အိတ်ကိုဖွင့်ပြ၊ ပြောပြတော့
ပြန်လို့ရပါပြီဆိုပြီး ပြောတယ်၊ ဒီလို ဖြစ်နေချိန်မှာ ဘေးနားမှာ
လူတွေအများကြီးနဲ့ သူတော်တော် ရှက်ခဲ့ရတယ်လို့ ပြန်ပြောပါတယ်''ဟု
ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ဈေးဝယ်စင်တာ တစ်ခုတွင်
ဈေးဝယ်ယူခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

ဇာတ်လမ်းကတော့မသန်းပဲ .......

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့သည် ပြည်ပနိုင်ငံများ တွင် အိမ်အကူ အလုပ်လုပ်ကိုင်ရန် နယ်မြို့များရှိ အမျိုးသမီးများအား မက်လုံးများဖြင့် စည်းရုံးခေါ်ယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

ယင်းသို့ခေါ်ယူရာတွင် သက်ဆိုင်ရာဒေသခံနှင့် ပူးပေါင်းကာ ယင်းဒေသခံအား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၏ အလုပ်သမားရှာဖွေရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခေါ်ယူခြင်းပြီး ယင်းကိုယ်စားလှယ် အနေဖြင့် ခေါ်ယူပေးနိုင်သည့် လူဦးရေပေါ် ရာခိုင်နှုန်းဖြင့် အကျိုးခံစားခွင့် ရရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် အိမ်အကူအဖြစ်လုပ်ကိုင်ရန် အလုပ်သမားခေါ် ယူရာ၌အသက် ၂၃ နှစ်နှင့် ၃၂နှစ် ကြား ရှိ အမျိုးသမီးများအား အဓိကခေါ်ယူခြင်းဖြစ်သည်။ ခေါ်ယူရာတွင်ပြည်ပ၌ သွားရောက် အလုပ်လုပ်ကိုင်လိုသူသည် လတ်တလောတွင် ငွေကြေးစိုက်ထုတ်ရန် မလိုသည့်အပြင် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိပါက အေဂျင်စီမှ ကျပ်သောင်းဂဏန်းရှိ ငွေကြေးကိုကြိုတင်ငွေအဖြစ် ထုတ်ပေးသည်ဟု သိရသည်။ ထို့ပြင် နယ်မှ ရန်ကုန်သို့ သွားရန် ကုန်ကျစရိတ်၊ ရန်ကုန်ရောက်ရှိပြီး ပြည်ပမထွက်ခွာမီ ကြားကာလအတွင်း အထွေထွေကုန်ကျစရိတ်နှင့် အေဂျင်စီ၏ အကျိုးဆောင်ခတို့ကိုလည်း အေဂျင်စီမှ ယာယီစိုက်ထုတ် အကုန်အကျခံပေးမည် ဟုသော ကတိများဖြင့် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် အလုပ်သမား ခေါ်ယူရာ၌ အသက် ၂၃ နှစ်နှင့် ၃၂နှစ် ကြားရှိ အမျိုးသမီးများအား အဓိကခေါ်ယူခြင်းဖြစ်သည်

Saturday, June 11, 2011

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ စုစည်းတင်ဆက်မှု


ကျနော်တို့မြန်မာပြည်အရေးဟာ
မြန်မာပြည်သူပြည်သားတွေ၊
ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့
လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်
အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့
ကျနော်ယုံကြည်တယ်။
သြဂုတ်လ ၁၉၄၅

------------------------------

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကို
ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့
ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။
( ၂၀ . ၁၀ . ၁၉၄၆ )

--------------------------------------------------------

ရုပ်ရှင်မင်းသားအကယ်ဒမီကို ကျော်သူအားဤ post ဖြင့် ဂုဏ်ပြုပါသည်

အစိမ်းရောင်လူသား
by Kyaw Thu on Thursday, October 28, 2010 at 10:53pm
ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။

မြန်မာပြည်တွင်လုပ်သည်


မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး ...ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။
ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ (ဂဲဟုအသံထွက်သည်။ စင်ကာပူရောက်မြန်မာကလေးများ ဖတ်တတ်စေရန် ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ ၀ါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း ..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။