နင့်နာမည်မှာချိုပါရဲ့ သားနဲ့ 
နင့်နှုတ်ခမ်းတွေဘာလို့ ခါးသက်နေရတာလဲကွယ်
နင်နဲ့ ဝေးရာအခြားတဖက်ကိုသွားချင်ပေမဲ့ 
နင့်ကိုမထားရက်ခဲ့ တာလဲ ပါမယ်ထင်တယ်
နင်လာမယ်လို့ ထင်ထားခဲ့ တဲ့ ငါ့ရင်ခွင်
နင်ချနင်းချင်လဲနင်းလိုက်ပါတော့
နင့်အတွက်ငါစစ်ခင်းမယ်ကွယ်
နင်အချစ်အကျဉ်းစခန်းဆောက်ထားလှည့်ပါကွဲ့ 
နင့်ရဲ့ ဥပက္ခာတွေအမောဖောက်တဲ့ နေ့ 
နင့်ရင်ခွင်မှာခဏလောက်မှေးစက်ပါရစေ..
.....ပြီးတော့ ....ပြီးတော့လေ....
နင်နဲ့ အတူကြယ်တွေရေတွက်ချင်တယ်ကွယ်..
မိုးသူ....(တောင်ကြီး)