Thursday, October 30, 2008

မကင်းကွာကောင်းပါ

A good harpist may lose skill after separation

of five days from harp.

A good archer may lose skill after separation

of seven days from bow.

A good wife may lose in behaviour after separation

of one month fromm her husband.

Pupils may lose in qualification after separation

of about half a month from teacher.


Friends18.com Orkut MySpace Hi5 Scrap Images


တတ်လှစွာသော စောင်းသမားသည်


စောင်းနှင့် ငါးရက် ကင်းကွာမူ စောင်းတီးကွက် ပျက်တတ်၏

တတ်လှစာသော လေးသမားသည် လေးနှင့် ခုနှစ်ရက်

ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏

အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ

အမူအကျင့် ဖောက်ပြားတတ်၏

တပည့်တို့ သည်ကား ဆရာနှင့်လခွဲမျှကင်းကွာမူ

ပညာရည်ပျက်တတ်၏

Monday, October 27, 2008

မိမိအတွက် အကောင်းဆုံး

Myspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter Graphics Myspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter Graphics Myspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter GraphicsMyspace Glitter Graphics, MySpace Graphics, Glitter GraphicsFriends18.com Orkut MySpace Hi5 Scrap Images


မိမိအကျိုးကို ဆောင်ရွက်သူသည်ဆွေမျိုးမည်၏ ။

မိမိအား ကျွေးမွေး စောင့်ရှောက်သူသည် အမိအဖမည်၏။

မိမိနှင့် ချစ်ကျွမ်းဝင် သူသည် အဆွေခင်ပွန်း မည်၏။

လင်ယောင်္ကျား၏ စိတ်နှလုံးကို ငြိမ်းအေးစေသူသည် မယား မည်၏။

He who brings benefit is a relative.

He who looks after one are the parents.

He who is affectionate is a friend.

She who pacifies the husband is the wife.


လောကနီတိ

Sunday, October 26, 2008

မိန်းမမြတ်


Friends18.com Orkut MySpace Hi5 Scrap Images


အကြင်မိန်းမသည်........

စားမှုဝတ်မှု တို့  ကို မိခင်ကဲ့ သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊

မမြင်အပ်ရာ၊ ရှက်ဖွူယ်ရာ တို့ ကို နှမကဲ့ သို့ လွန်စွာရှက်တတ်လျှင်၊

လင်ကိုလုပ်ကျွေးပြုစုရာတွင်လဲ ကျွန်မကဲ့ သို့ ရိုသေစွာပြုတတ်လျှင်၊

ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်၊

အိပ်သောအခါ တွင်လဲ မွေ့ လျော်စေတတ်လျှင်၊

ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြု ပြင်တတ်လျှင်၊

အမျက်ထွက်သော အခါတွင်လဲ သည်းခံတတ်လျှင်၊

မိန်းမမြတ်ဟု ဆိုအပ်ပေ၏ ။...


Awoman who offers montherly treament in

meals and dresses,

Bashful like a sister,

Respectful like a slave in serving the husband,

Offers counsel when in danger,

Gives comfort in bed,

Has propriety in dress and charm,

And forbearing in anger is said tobe virtuous.

လောကနီတိ

မိန်းမယုတ်

ငြင်းခုံတတ် သည့်အလေ့ရှိသော၊

ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော၊


မြင်မြင်သမျှကို လိုချင်တပ်မက်လေ့ရှိသော၊


များစွာချက်ပြုတ်ပြီး စားတတ်သော၊


လင်ယောင်္ကျားမစားမီ အဦးအဖျားစားတတ်သော၊


သူတစ်ပါးအိမ်သို့ သွား တတ်နေတတ်သည့် အလေ့ရှိသော


မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း


လင်ယောင်္ကျားသည် စွန့် ပစ်ရာ၏........။


Friends18.com Orkut MySpace Hi5 Scrap Images



A woman who tends to be quarrelsome,

Slights others


Craves for all she sees


Cooks and eats too much


Has meals ahead of her husband,


And visits others and stays there


long should be abandoned, even


though she could give birth to


a hundred sons.


လောကနီတိ

Saturday, October 25, 2008

မလုံလောက်ပါ


Friends18.com Orkut MySpace Hi5 Scrap Images


သင့်မှာ မိတ်ဆွေငါးဆယ်ရှိသလား။

အဲဒါ မလုံလောက်ပါဘူး။

သင့်မှာ ရန်သူတစ်ယောက်ရှိသလား။

အဲဒီတစ်ယောက်ဟာ သိပ်များတယ်။


Have you fifty friends ?

it is not enough.

Have you one enemy?

It is too much

ဖန်ဆင်းသူ


Friends18.com Orkut MySpace Hi5 Scrap Images


ကီးကျယ်တဲ့ လုပ်ရပ်တွေအားလုံးလိုလိုဟာ

လူငယ်တွေလုပ်ခဲ့ တာဖြစ်တယ်.......

Almost everything that is

grate has been done by youth.

သင့်အတွက်


Friends18.com Orkut MySpace Hi5 Scrap Images

သင်၏ နှလုံးသားကို အမုန်းပွားမှုမှ ကင်းလွတ် ပါစေ။

သင်၏ စိတ်ကို သောကမှ ကင်းဝေးပါစေ။

ရိုးရိုးနေပါ၊ အနည်းငယ်သာ မျှော်လင့်ပါ။

များများ ပေးဝေလှူဒါန်းပါ။

သင်၏ ဘ၀ကို အကြင်နာများ ဖြင့် ရစ်ပတ်နိုင်ပါစေ။

နေရောင်ခြည်ကို ဖြန့် ဝေပါ။

ကိုယ့်အကြောင်းကို ဦးစားမပေးဘဲ မေ့ထားနိုင်ပါစေ။

အခြားသူတို့ ၏ အကြောင်းကိုတွေးပါ။

လုပ်ရမယ့်အလုပ်ကို လုပ်ပါ။

တစ်ပတ် မျှ ကြိုးစား ကြည့် ပါ။

သင်အံ့သြရပါလိမ့်မယ်။

Keep your heart free from hate, your mind from worry.

Live simply, expect little, give much, fill your life with love,

scatter sunshine.

Forget yourself . Think of others, do as you would be done by.

Try it for a week-you'll be surprised.

Friday, October 24, 2008

လိုချင်တာအကုန်ယူ


Friends18.com Orkut MySpace Hi5 Scrap Images


မောင့်ထံမှ ဘာကိုမှ မတောင်းဆိုပါနဲ့ တော့

မောင်ပေးနိုင်သမျှအားလုံး ပေးပြီးပြီပဲ အချစ်ရယ်။



Ask nothing more of me, sweet;

All i can give you i give.

အရူး


အ၇က်၊မိန်းမ နဲ့  တေးသီချင်းကို


မချစ်တတ်တဲ့သူဟာ

ဘ၀တစ်ခုလုံး

အရူးတစ်ယောက်ပါပဲ။



"Who loves not woman, wine and song,

Remains a fool his whole life long."



Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Comments and Images

မြန်မြန်ပြန်ပါ ငါ့သား ...


Friends18.com Orkut MySpace Hi5 Scrap Images


လူငယ်တစ်ယောက် ခရစ်ယာန်ဘုန်းကြီးထံ ရောက်လာပြီးပြောသည်။

“ ဖာသာ၊ ကျွန်တော်အပြစ်လုပ်မိပါတယ်ခင်ဗျာ ”

“အဲဒါဆို ကိုယ့် အမှားကို ၀န်ခံလိုက်ပါ ငါ့သား ”

“ တလောက သူငယ်ချင်းရဲ့ အိမ်ကို ကျွန်တော်အလည်သွားပါတယ်။

အိမ်မှာသူငယ်ချင်းမရှိပါဘူး၊ သူ့ ဇနီး
ပဲ ရှိ နေပါတယ်။

သူမ ကျွန်တော့ ကို ကော်ဖီ ဖျော်တိုက်ပါတယ်။ အဲဒီအချိန်မှာ မိုးရွာလာပါတယ်။


ကျွန်တော့မှာ ထီးမပါလာဘူး။ နောက်ကျနေပြီဖြစ်လို့ ဒီမှာပဲအိပ်လိုက်ပါလို့  သူမပြောပါတယ်။

ကျွန်တော့်
သူငယ်ချင်းရဲ့ ဇနီးနဲ့ ပြစ်မှားမိပါတယ်ခင်ဗျာ ”

“အေး !....ဒါဟာ တကယ့်အပြစ်ပေပဲ။ ဒါပေမယ့် ငါ့သားကို ဖာသာ ခွင့်လွှတ်ပါတယ်”

“ကျွန်တော့ အပြစ်က ဒါတင်မကပါဘူးခင်ဗျာ။”

“တလောက ကျွန်တော့ ယောက်ခမ အိမ်ကို ရောက်သွားပါတယ်။

ယောက်ခမ နှစ်ယောက်စလုံး မရှိကြဘူး။ သူတို့ သမီး ကျွန်တော့ ခယ်မပဲ ရှိ နေတယ်။

ကျွန်တော် ကော်ဖီသောက်နေတုန်း မိုးရွာလာပါတယ်။ ကျွန်တော့်မှာထီးပါမလာဘူး။

အချိန်နောက်ကျနေပြီဖြစ်လို့  ဒီမှာပဲ အိပ် လိုက်ပါလို့  ခယ်မက ပြောပါတယ်။

ကျွန်တော် ပြစ်မှား မိပြန်ပါတယ်ခင်ဗျာ ”

“ အေး !.... ဒါဟာ ကြီးမားတဲ့  အပြစ်ပေပဲ။ ဒါပေမယ့် ငါ့သားကို ဖာသာခွင့်လွှတ်ပါတယ်”

“ကျွန်တော့မှာ နောက်အပြစ်တစ်ခု ရှိ နေပါသေးတယ် ဖာသာ။

မနေ့ က ယောက်ဖ ရဲ့ အိမ်ကို ကျွန်တော်ရောက်သွားပါတယ်။ ယောက်ဖရော သူ့ မိန်းမ ပါ အိမ်မှာမရှိဘူး။

ယောက်ဖမိန်းမရဲ့ မောင် မိန်းမလျှာပဲရှိနေပါတယ်။

သူချကျွေးတဲ့ မုန့် ကိုစားနေတုန်း မိုးသဲကြီးမဲ ကြီး ရွာလာပါတယ်။

အချိန်နောက်ကျ နေ ပြီဖြစ်လို့  ဒီမှာ ပဲအိပ်လိုက်ပါတော့လို့ သူပြောပါတယ်။

ကျွန်တော် ပြစ်မှားမိပြန် ပါတယ်”

“အခု ငါ့သားမှာ ထီးပါလာသလား”

“မပါလာဘူးခင်ဗျ”

“ဟေ့ ! !.... အဲဒါဆို မြန်မြန်ကြွ ငါ့လူ ။ မကြာခင် မိုးရွာတော့မယ်ကွ“




Thursday, October 23, 2008

မိတ်ဆွေစစ်

He that is friend indeed,

He will help thee in thy need; If thou sorrow,

He will weep;

If thou wake, he cannot sleep; Thus of every grief in heart,

He will thee doth bear a part. These certain signs to know

Faithful friend from flattering for.


တကယ့် မိတ်ဆွေစစ်ဆိုတာ သင်လိုအပ်တဲ့ အချိန်မျိုးမှာ ကူညီတတ်ပါတယ်။

သင် ၀မ်းနည်းကြေကွဲရင် သူ ငို ကြွေးပါလိမ့်မယ်။

သင်နိုးနေ ၇င် လဲ သူအိမ်ပျော်နိုင်မှာ မဟုတ်ပါ။

သင့်ရဲ့  ကြေကွဲမှု မှန်သမျှမှာ သူပါဝင်မှာ အမှန်ပါပဲ၊

အဲဒီအချက် တွေဟာယုံ ကြည်စိတ်ချ ရ တဲ့ မိတ်ဆွေကောင်း နဲ့ 

မြှောက်ပင့် ပြော တတ် တဲ့  ၇န်သူကွါခြားမှုရဲ့ သင်္ကေတများဆိုတာ သိထားဖို့ ပါပဲ။

သဘောတရား

လူငယ်ကဗျာဆရာလေးတွေ မှတ်မိအောင် ကျူပ်ပြောလိုတာကတော့

စကားပြေ သဘောတရားနဲ့  ကဗျာသဘောတရားပါပဲ။

စကားပြေဆိုတာ အကောင်းဆုံး၊ အစီအစဉ်အကျဆုံး စကားလုံးများ ဖြစ်ပါတယ်။

ကဗျာကတော့ အကောင်းဆုံး အဖွဲ့  အနွဲ့  ထဲက အကောင်းဆုံး စကားလုံး တွေပါပဲ


ကောလားရစ်

I wish our clever young poets would remember my homely definations

of prose and poetry; that is, prosewords in their best order;

poetry the best words in the best order.

Coleridge

ခွဲခွာချိန်

တို့ နှစ်ယောက် ခွဲရတော့မယ်ဆိုတော့ စကားမဆိုနိုင်။

တိတ်ဆိတ်နေကြတယ်။

မျက်ရည်တွေကျဆင်းနေတယ်

နှစ်ပေါင်းများ စွာ ကြေကွဲဝမ်းနည်းရလေအောင်

တို့ နှလုံးသားတွေ နာကျင်နေတယ်။

မင်းရဲ့ ပါးပြင်လေးဟာ ဖြူ ယော်နေတယ်။

အေးစက်စက် မင်း ရဲ့ အနမ်းက ပိုအေးစက်လှတယ်။

When we two parted

In silence and tears,

Half broken hearted

To sever for years,

Pale grew they cheek and cold,

Colder thy kiss.


Friends18.com Orkut MySpace Hi5 Scrap Images



နိုင်းယှဉ်ခြင်း


အိမ်ဂေဟာသည် မိန်းခလေးများ၏ အကျဉ်းထောင်ဖြစ်သည်.......


သို့ သော်....


အိမ်ထောင်ရှင် အမျိုးသမီးကြီး များအတွက်မူ


အလုပ်ရုံ ဖြစ်ပါသည်။


Home is the girl's prison and

the woman's work house.




Friends18.com Orkut MySpace Hi5 Scrap Images






သံယောဇဉ်ကြိုး




ချစ်ခြင်းငယ်ပြိုင်

ဘယ်သူနိုင်ပါ့မလဲကွယ်

တွယ်ရာမဲ့ ရင်ခွင် မှာ တော့

ဘယ်သူ ပဲ စိမ်းစိမ်း

ဘယ်လို ပဲ ယိမ်းယိမ်း

တိမ်း နွဲ့ ကာ နှောင်ရစ်လိုက်မယ်

သံယောဇဉ်ကြိုး.......